Sunday, November 17, 2019

လမ်းဘေးပလက်ဖောင်းကို ကျပ်သန်း ၈ဝ ကျော် အကုန်အကျခံ၍ လသာမြို့နယ်တွင် ပြည်သူများ အပန်းဖြေနိုင်ရန် ပြုပြင်ဆောင်ရွက်နေ

Image may contain: plant and outdoor
အများပြည်သူအပန်းဖြေနေရာ ဖြစ်ပေါ်လာစေရေးအတွက် လူသွားစင်္ကြံ (ပလက်ဖောင်း)အား လသာမြို့နယ်တွင် ကျပ်သန်း ၈ဝ ကျော် အကုန်အကျခံ၍ တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောပါသည်။

အများပြည်သူအပန်းဖြေနေရာဖြစ်ပေါ်လာစေရေးအတွက် လသာမြို့နယ် အနော်ရထာလမ်း ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြားအထိ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလမ်းဖြစ် မြောက်ရေးအတွက် ပလက်ဖောင်းအားအနည်းငယ်တိုးချဲ့ခဲ့ပြီး အားကစားလုပ်နိုင်သည့်နေရာများအပြင် ထိုင်ခုံများမီးအလှဆင်မှုများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိကတော့ ပလက်ဖောင်းအောက်ရှိ ရေမြောင်းသည် ၅ ပေအနက်ရှိကာ နှစ်စဉ် နှစ်တိုင်းရေမြောင်းပိတ်ခြင်းကြောင့် ဆယ် ယူခြင်းများ မကြာခဏပြုလုပ်နေခဲ့ရပြီး အမှိုက်များပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်စစ်၊ သဲစစ်စနစ် များထည့်သွင်းဆောင်ရွက်ခြင်းအပြင် အကောင်းဆုံးလမ်းဖြစ်စေရေးနှင့် မသန်စွမ်းများအသုံးပြုနိုင် ရေးအတွက်ပါလုပ်ဆောင်သွားမည်ဖြစ်ပြီး အသေးစိတ်ဒီဇိုင်ရေးဆွဲပြီး စည်ပင်ကိုတင်ပြီးတော့ ၃ လကျော်အတွင်း အပြီးဆောင်ရွက်မယ်''ဟု ဦးဇော်ဝင်းနိုင်က ပြောပါသည်။

( Unicode)






0 comments:

Post a Comment