ဗစ်တိုးရီးယားအမှုတွင် DVR hard disk ကို အမြန်ဆုံးစစ်ခွင့် ပေးပါလို့ ဦးသက္ကမိုးညိုမှ ယခုလို တောင်းဆိုထားကြောင်း တွေ့ရှိရပါသည်။
" သမီးလေး အမှုမှာ လက်ရင်းအကျဆုံး မူရင်း သက်သေခံ ဖြစ်တဲ့ Hard Disk ပါတဲ့ DVR စက်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားခြင်း မရှိပဲ WH ကျောင်းဘက်ကို ပြန်ပေးခဲ့တယ်။ ဒီလို ပြန်ပေးခဲ့တဲ့ အတွက် WH ကျောင်းက ရန်နောင်ဌေးဟာ သူသက်သေခံရမယ့် ရက်မှာ ဘာမှ မဆိုင်တဲ့ ကွန်ပျူတာ System ပုံးကြီး မပြီး သယ်လာခဲ့တယ်။ ဒီတော့ သူ့ကို နောက်တပတ် ရုံးချိန်းအထိ ထပ်ချိန်းရတယ်။
ဒါတင်မကဘူး။ နောက်တပတ် ရုံးချိန်းမှာ DVR စက် သယ်လာဖို့ ညွှန်ကြားလိုက်တော့ သယ်လာတယ်။ အချိန်မလောက်လို့ နောက်ထပ် တပတ်ရုံးချိန်း (သီတင်းပတ် နှစ်ပတ် အကြာမှာ) ဆက်စစ်တယ်။ ကွန်ပျူတာ ပညာရှင်ကနေ စစ်ဆေးတော့ အထဲမှာ ဘာဖိုင်မှာ မရှိတော့ဘူး
ဘာဖိုင်မှ မရှိတော့ဘူးဆိုတာ Hard Disk မှာ သိမ်းဆည်းထားတဲ့ data ဖိုင် မရှိတာတင် ပြောတာ မဟုတ်ပါဘူး။ Hard Disk မှာ System file တွေ ဖြစ်တဲ့ log file တွေပါ မရှိတော့တာပါ။ log file ဆိုတာက ဒီ hard disk မှာ လုပ်သမျှ (ဒေတာ သွင်းတာ၊ ထုတ်တာ၊ ဖျက်တာ၊ ပြင်တာ စတာတွေကို) မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေ ဖြစ်ပါတယ်။ ဒါတွေပါ ပျက်တယ် ဆိုတာက တမင် ဖျက်မှသာ ဖြစ်ပါတယ်။
ဟုတ်ပြီ။ ဒီအကြောင်းကို ဥပဒေ အရာရှိက မေးတဲ့အခါမှာ ရန်နောင်ဌေး ဖြေတာကို နားထောင်ပါ။ ဒီအဖြေဟာ တရားရုံးမှာ မှတ်တမ်းဝင် အဖြေ ဖြစ်ပါတယ်။
ခင်ဗျား ဒီ Hard Disk ထဲမှာ ဘာဖိုင်မှ မပါတာ မသိဘူးလား ဆိုတော့
ဒီ DVR စက်ဟာ သူ့ထိန်းချုပ်မှု အောက်ကနေ နှစ်ပတ်တိတိ ကင်းကွာ နေတာ ဖြစ်လို့ သူဘာမှ တာဝန်မယူနိုင်ပါ...တဲ့
ဆိုလိုတာက တရားရုံးမှာ သိမ်းထားတာ ၂ပတ်ကြာလို့ သူတာဝန်မယူနိုင်ဘူး ပြောတာပါ။ ဘာသာပြန်ပြစရာ မလိုအောင် တရားရုံးကို စွပ်စွဲတာပါ။ ဖိုင်တွေပျက်တာ တရားရုံးကြောင့်လို့ ပြောလိုက်သလိုပါပဲ။ ဒါဟာ တရားရုံးကို သေးသိမ်အောင်၊ အများအထင်လွဲအောင် လုပ်လိုက်တာကို တရားသူကြီးမင်း မကြားလိုက်တာပဲ နေမှာပါ။
ဒီတော့ ဒီ DVR စက်ထဲက Hard Disk ဟာ မူရင်း CCTV တွေ ရိုက်ထားတာကို မှတ်တမ်းတင်တဲ့ Hard Disk ဟုတ်မဟုတ်တောင်မှ သံသယ ရှိပါတယ်။ ပြန်လည်ဖေါ်ထုတ်ဖို့ လိုပါတယ်။ Recover လုပ်လိုက်ရင် တနေရာရာက Hard Disk တလုံးကို အစားထိုးထားမထား ပေါ်လာမှာပါ။
ဒီ Hard Disk ထဲက မူရင်းဖိုင်တွေ တွေ့မှသာ အပိုင်းလိုက် ဖြတ်ပြီး ကူးထားတဲ့ ၁၁ ဖိုင်က အပြတ်အတောက်နေရာတွေကို တွေ့ရမှာပါ။ တကယ်က မူရင်းဖိုင်ကို ကူးရင် ၂၄ နာရီစာ တဆက်ထဲ ထွက်ရမှာကို အပိုင်းလိုက် ခွဲကူးထားတာပါ။ (ပညာရှင်က တရားရုံးမှာ ပြောပြီးပါပြီ)
ဒီတော့ ဒီ DVR စက်ကို ပြန်လည် ဆယ်ယူ recover လုပ်ပြီးမှ ဒီအမှုဟာ အမှန်တရား ရမယ်လို့ ယုံကြည်ပါတယ်။ မြန်မြန် စစ်ခွင့် ပေးပါ။ တရားလို ရှေ့နေရော၊ တရားခံ ရှေ့နေရော နှစ်ဦးလုံး သဘောတူညီမှုနဲ့ လျောက်ထားတာကို တရားသူကြီးမင်းက သင့်တော်တဲ့ အချိန်မှ စစ်ခွင့် ပေးမယ် မပြောစေချင်ပါ။ အခု ပေးစစ်ပါခင်ဗျား" လို့ ရေးသားဖော်ပြထားကြောင်း တွေ့ရှိရသည်။
<zawgyi>
ဗစ်တိုးရီးယားအမှုတွင် DVR hard disk ကို အမြန်ဆုံးစစ်ခွင့် ပေးပါလို့တောင်းဆိုလိုက်တဲ့ ဦးသက္ကမိုးညို
Friday , November 8, 2019

#JusticeForVictoria #သကၠမိုးညိဳ #Myanmar_Online_News

0 comments:
Post a Comment