စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သတ်မှတ်ထားသည့် GAP စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ရှမ်းပြည်နယ်မှ စိုးက်ပျိုးတောင်သူ ၄၈ ဦး GAP အသိအမှတ်ပြုလက်မှတ် ရရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးရေးဌာန လက်ထောက်ခရိုင်ဦးစီးမှူး ဦးဇော်မြတ်ထွန်းကပြောသည်။
“ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေ စိုက်ပျိုးတဲ့အခါမှာ စားသောက်ကုန်တွေ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အရည်အသွေးပြည့်မီတဲ့ အသိအမှတ်ပြု စိုက်ပျိုးထုတ်လုပ်မှုတစ်ခုဖြစ်တဲ့ GAP စနစ်ကို ကျင့်သုံးစေဖို့ အသိပညာပေးမှုတွေဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။
စိုက်ပျိုးတောင်သူများ ရေရှည်စိုက်ပျိုး လုပ်ကိုင်နိုင်ရန်နှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာ GAP သည် အာဆီယံနှင့်ကမ္ဘာ့ GAP စနစ်များကို အခြေခံထားပြီး လက်ရှိတွင် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊ လယ်ယာသီးနှံနှင့် နှစ်ရှည်သီးနှံများကို GAP ၏ စံနှုန်းများဖြစ်သည့် စိုက်ပျိုးမြေနေရာ ၊ ရေအသုံးပြုမှု၊ မျိုးစေ့ပျိုးပင် အသုံးပြုမှု၊ မြေသြဇာနှင့်မြေဆီသုံးစွဲမှု ၊ စိုက်ပျိုးရေးသုံးဓါတုပစ္စည်းများသုံးစွဲမှု၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ရိတ်သိမ်းခြင်းနှင့်ထွက်ကုန်ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ သင်တန်းများပေးခြင်း စသည့်အချက်များဖြင့် GAP စံနှုန်းများသတ်မှတ်ထားသည်။
ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးတောင်သူများ GAP ရရှိခြင်းဖြင့် Merto Wholesale Myanmar ကဲ့သို့ လက်ကား ရောင်းဝယ်ရေး ကုမ္ပဏီများမှ တစ်ဆင့် ပိုမိုကျယ်ပြန့်သည့် စျေးကွက်သို့ ထိုးဖေါက်ဝင်ရောက်နိုင်ပြီး စိုက်ပျိုးတောင်သူများအတွက် ပိုမို အကျိုးအမြတ်ရရှိစေမည်ဖြစ်ကြောင်း Merto Wholesale Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr Jens Michel က သတင်းမီဒီယာများကို ဆက်လက်ပြောဆိုသည်။
“ Merto အနေနဲ့ကလည်း မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြုသူတွေအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေရရှိဖို့ ကူညီဆောင်ရွက်ပေးနေတာရှိပါတယ်။ အခု မြန်မာနိုင်ငံက စိုက်ပျိုးတောင်သူတွေ GAP ရရှိဖို့အတွက် မွန်းမံသင်တန်းတွေပေးတာ။ သူတို့ဆီက ထုတ်ကုန်ပစ္စည်းတွေကို တိုက်ရိုက်ဝယ်ယူတာတွေလည်း လုပ်ဆောင်နေပါတယ်” ဟု Mr Jens Michel ကပြောသည်။
(Unicode)
ရှမ်းပြည်နယ်မှ စိုက်ပျိုးတောင်သူ ၄၈ ဦး မြန်မာ GAP လက်မှတ်ရရှိ

သတင်း၊ ဓါတ်ပုံ - ကျော်သက်အောင် (စံတော်ချိန်)

0 comments:
Post a Comment