ဒီဇင်ဘာလ(၅)ရက်၊ နေ့လယ်(၂)နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံအတွင်း၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်း၏ ကွမ်းခြံ အတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်း၊ စခန်းမှူး ဒုတိယရဲမှူးညီညီအောင်နှင့် ရဲတပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ မရီရီသန့်(၃၆ နှစ်)နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်း(၂ နှစ်၊ ၈ လ)တို့ နှစ်ဦးသည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေပြီး သေဆုံးသူများနှင့် (၁၀)ပေခန့်အကွာရှိ မုန့်ဟင်းခါးချိုင့် ချထားသည့် ဖြန့်ခင်းထားသော ပုဆိုးပေါ်တွင် အရှည်(၁)ပေခွဲခန့်၊ ဗျက်(၃)လက်မခွဲခန့်၊ လက်ကိုင်ဘက်တွင် (၂)လက်မခန့် ရှိပြီး အသုံးမပြုရသေးသော အကြမ်းပြုလုပ်ထားသည့် သွေးစွန်း နေသော ထွန်သွား(၁)ချောင်းကိုလည်း တွေ့ရှိရသည်။
အဆိုပါ မရီရီသန့်နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်းတို့အား သေဆုံးအောင် ရိုက်နှက်သွားသည့် တရားခံအား စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဘုတလင်မြို့မရဲစခန်းမှ (ပ)၁၈၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
<<Zawgyi>>
ကွမ်းခြံအတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ
Friday, December 6 , 2019
ဒီဇင်ဘာလ(၅)ရက်၊ နေ့လယ်(၂)နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာအုပ်စု၊ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံအတွင်း၌ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ဦးကျော်သန်း၏ ကွမ်းခြံ အတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများဖြင့် သေဆုံးနေ ကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဝင်း၊ စခန်းမှူး ဒုတိယရဲမှူးညီညီအောင်နှင့် ရဲတပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးရာ မရီရီသန့်(၃၆ နှစ်)နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်း(၂ နှစ်၊ ၈ လ)တို့ နှစ်ဦးသည် မှောက်လျက်အနေအထားဖြင့် သေဆုံးနေပြီး သေဆုံးသူများနှင့် (၁၀)ပေခန့်အကွာရှိ မုန့်ဟင်းခါးချိုင့် ချထားသည့် ဖြန့်ခင်းထားသော ပုဆိုးပေါ်တွင် အရှည်(၁)ပေခွဲခန့်၊ ဗျက်(၃)လက်မခွဲခန့်၊ လက်ကိုင်ဘက်တွင် (၂)လက်မခန့် ရှိပြီး အသုံးမပြုရသေးသော အကြမ်းပြုလုပ်ထားသည့် သွေးစွန်း နေသော ထွန်သွား(၁)ချောင်းကိုလည်း တွေ့ရှိရသည်။
အဆိုပါ မရီရီသန့်နှင့် သမီးဖြစ်သူ မအေးသန္တာထွန်း(ခ)မစုသန္တာထွန်းတို့အား သေဆုံးအောင် ရိုက်နှက်သွားသည့် တရားခံအား စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဘုတလင်မြို့မရဲစခန်းမှ (ပ)၁၈၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmar_Online_News #ဘုတလင်မြို့နယ် #ကွမ်းခြံ

0 comments:
Post a Comment