(၇၂)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ) များ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ သန်လျင်တပ်နယ်မှအရာရှိ၊စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က စစ်ရေးပြတပ်ခွဲများအားစစ်ဆေးပြီးနောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ထို့အတူ (၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ် တရားတော် နာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား သန်လျင်တပ် နယ်၊ မဟာနာဝါနီကဇယမင်္ဂလာဗိမာန်တော်၌ကျင်းပပြုလုပ်ရာ သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်း ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး ဒေါ်သန်းသန်းအေး၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ရေတပ်စခန်းဌာနချုပ် မှူးများ၊ သန်လျင်တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများ တက်ရောက်ကြသည်။
ယင်းနောက် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာ တော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
<zawgyi>
(၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားနှင့် ပရိတ်တရားတော် နာယူခြင်း၊ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားများအား ကျင်းပပြုလုပ်
Wednesday ,December 25 , 2019
(၇၂)နှစ်မြောက်တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ) များ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ သန်လျင်တပ်နယ်မှအရာရှိ၊စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က စစ်ရေးပြတပ်ခွဲများအားစစ်ဆေးပြီးနောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ထို့အတူ (၇၂)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ် တရားတော် နာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား သန်လျင်တပ် နယ်၊ မဟာနာဝါနီကဇယမင်္ဂလာဗိမာန်တော်၌ကျင်းပပြုလုပ်ရာ သန်လျင်မြို့၊ မြို့ဦးစက်ပစ်ကွင်း ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တတေဇအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး ဒေါ်သန်းသန်းအေး၊ စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ရေတပ်စခန်းဌာနချုပ် မှူးများ၊ သန်လျင်တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများ တက်ရောက်ကြသည်။
ယင်းနောက် မြို့ဦးစက်ပစ်ကွင်းကျောင်း ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာ တော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
#Myanmar_Online_News #တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ #ဂုဏ်ပြုစစ်ရေးပြ #တရားနာယူ

0 comments:
Post a Comment