၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အ ဦများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။
၂၀၁၆ ခုနှစ် ဩဂုတ် (၂၄) ရက်နေ့က အင်အား ရစ်ခ်ျစတာစကေး (၆.၈)အဆင့်ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအနက် (၃၈၉) ခု ထိခိုက်ပျက်စီးခဲ့သည်။
ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အဦ စေတီများအနက် ပထမဦးစားပေးပြုပြင်ထိန်းသိမ်းရန် (၃၆) ဆူ၊ ဒုတိယ ဦး စားပေး ပြုပြင်ထိန်းသိမ်းရန် (၅၃) ဆူ၊ တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၇၆)ဆူနှင့် အသေးစားပြုပြင်ရန်(၂၂၄)ဆူ ခွဲခြားသတ်မှတ်ခဲ့ပြီး ငလျင် ဖြစ်ပွားပြီးချိန် မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ (၃)နှစ်ကာလ အတွင်း ပထမဦးစားပေးအဖြစ် (၂၆) ဆူ၊ ဒုတိယ ဦးစားပေးအဖြစ်(၄၃)ဆူ ၊ တတိယဦးစားပေးအဖြစ် (၆၆)ဆူနှင့် အသေးစားပြုပြင် ခဲ့သည့်စေတီ (၂၂၄) ဆူ အပါအဝင် စုစုပေါင်း (၃၅၉) ဆူကို ရှေးမူပုံစံမပျက်ပြုပြင်ထိန်းသိမ်း ပြီးဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိလုပ်ငန်း ဆောင်ရွက်ဆဲ (၁၉) ဆူရှိပြီး ဆောင်ရွက်ရန် (၁၁) ဆူရှိကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
<zawgyi>
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းအဆောက်အဦများ ၂၀၂၀ ခုနှစ်တွင်အပြီး ပြုပြင် ထိန်းသိမ်းခြင်းများဆောင်ရွက်မည်
Friday, December 6 , 2019
၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အ ဦများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။
၂၀၁၆ ခုနှစ် ဩဂုတ် (၂၄) ရက်နေ့က အင်အား ရစ်ခ်ျစတာစကေး (၆.၈)အဆင့်ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအနက် (၃၈၉) ခု ထိခိုက်ပျက်စီးခဲ့သည်။
ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အဦ စေတီများအနက် ပထမဦးစားပေးပြုပြင်ထိန်းသိမ်းရန် (၃၆) ဆူ၊ ဒုတိယ ဦး စားပေး ပြုပြင်ထိန်းသိမ်းရန် (၅၃) ဆူ၊ တတိယဦးစားပေး ပြုပြင်ထိန်းသိမ်းရန် (၇၆)ဆူနှင့် အသေးစားပြုပြင်ရန်(၂၂၄)ဆူ ခွဲခြားသတ်မှတ်ခဲ့ပြီး ငလျင် ဖြစ်ပွားပြီးချိန် မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ (၃)နှစ်ကာလ အတွင်း ပထမဦးစားပေးအဖြစ် (၂၆) ဆူ၊ ဒုတိယ ဦးစားပေးအဖြစ်(၄၃)ဆူ ၊ တတိယဦးစားပေးအဖြစ် (၆၆)ဆူနှင့် အသေးစားပြုပြင် ခဲ့သည့်စေတီ (၂၂၄) ဆူ အပါအဝင် စုစုပေါင်း (၃၅၉) ဆူကို ရှေးမူပုံစံမပျက်ပြုပြင်ထိန်းသိမ်း ပြီးဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိလုပ်ငန်း ဆောင်ရွက်ဆဲ (၁၉) ဆူရှိပြီး ဆောင်ရွက်ရန် (၁၁) ဆူရှိကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

0 comments:
Post a Comment