ဂျာမနီဝန်ကြီးချုပ် အန်ဂျာလာ မာကယ်ဟာ ပိုလန်နိုင်ငံ အော့ဇဝှစ်ခ်ျရှိ နာဇီမရဏအကျဉ်းစခန်းကို သောကြာနေ့မှာ သွားရောက်မှာ ပါတယ်။ မာကယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် ၁၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး မရဏအကျဉ်းစခန်းကို သွားရောက်သူဂျာမနီဝန်ကြီးချုပ်တွေထဲမှာ မာကယ်ဟာ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မာကယ်က ဂျူးဆန့်ကျင်ရေးနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ အမုန်းတရားတိုက်ဖျက်ရေးဟာ သူမအစိုးရရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်။ ဂျာမနီမှာနေထိုင်တဲ့ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြည့်စုံ အောင်လုပ်ပေးဖို့ ဆုံးဖြတ်ထား ပါတယ်လို့ အသက်၆၅ နှစ်အရွယ် ဝန်ကြီးချုပ်က အော့ဇဝှစ်ခ်ျကို မသွားမီ မနေ့က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားပါတယ်။ တဆက်တည်း ဂျာမနီအစိုးရမှ အော့ဇ်ဝှစ်ခ်ျဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၆၆ သန်း လှူဒါန်းခဲ့ပါတယ်။
မာကယ်ဟာ အကျဉ်းစခန်းရဲ့ ဝင်ပေါက်မှာ ဂျာမန်လိုရေးသားထားတဲ့ “အလုပ်က သင်ကို လွှတ်မြောက် စေမယ်”ဆိုတဲ့ စာတမ်းချိတ်ဆွဲထားတဲ့ ဂိတ်ပေါက်ကို ဖြတ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ ထောင်၊သောင်းချီတဲ့ အကျဉ်းသားတွေကို ပစ်သတ်ခဲ့တဲ့ မရဏတံတိုင်းရှေ့မှာ တစ်မိနစ်ငြိမ်သက် အလေးပြုမယ်လို့လည်း သိရပါတယ်။
အော့ဇဝှစ်ခ်ျမရဏအကျဉ်းစခန်းမှာ ဂျူးလူမျိုး တစ်သန်း နဲ့အတူ ဂျူးမဟုတ်တဲ့ ပိုလန်၊ စစ်ပွဲတွင်းက ဆိုဗီယက်အကျဉ်းသားများ၊ ရိုမားနဲ့ နာဇီဆန့်ကျင်သူပေါင်း ၁၀၀,၀၀၀ တို့အသတ်ခံခဲ့ရပါတယ်။
မာကယ်ဟာ ၂၀၀၈ ခုနှစ်တွင် အစ္စရေးလွတ်တော်မှာ မိန့်ခွန်းပြောတဲ့ ပထမဦးဆုံးဂျာမန်ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ အခုချိန်ထိ ဂျာမနီလူမျိုးတွေဟာ အရှက်ရနေဆဲပါလို့ပြောပါတယ်။

<<Zawgyi>>
ဂျာမနီဝန်ကြီးချုပ် မာကယ် နာဇီ အကျဉ်းစခန်းကို ပထမဦးဆုံးအကြိမ် သွားရောက်
Friday, December 6 , 2019
ဂျာမနီဝန်ကြီးချုပ် အန်ဂျာလာ မာကယ်ဟာ ပိုလန်နိုင်ငံ အော့ဇဝှစ်ခ်ျ ရှိ နာဇီမရဏအကျဉ်းစခန်းကို သောကြာနေ့မှာ သွားရောက်မှာ ပါတယ်။ မာကယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူစဉ် ၁၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး မရဏအကျဉ်းစခန်းကို သွားရောက်သူဂျာမနီဝန်ကြီးချုပ်တွေထဲမှာ မာကယ်ဟာ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မာကယ်က ဂျူးဆန့်ကျင်ရေးနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ အမုန်းတရားတိုက်ဖျက်ရေးဟာ သူမအစိုးရရဲ့ ဦးစားပေးလုပ်ငန်းဖြစ်တယ်။ ဂျာမနီမှာနေထိုင်တဲ့ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြည့်စုံ အောင်လုပ်ပေးဖို့ ဆုံးဖြတ်ထား ပါတယ်လို့ အသက်၆၅ နှစ်အရွယ် ဝန်ကြီးချုပ်က အော့ဇဝှစ်ခ်ျကို မသွားမီ မနေ့က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားပါတယ်။ တဆက်တည်း ဂျာမနီအစိုးရမှ အော့ဇ်ဝှစ်ခ်ျဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၆၆ သန်း လှူဒါန်းခဲ့ပါတယ်။
မာကယ်ဟာ အကျဉ်းစခန်းရဲ့ ဝင်ပေါက်မှာ ဂျာမန်လိုရေးသားထားတဲ့ “အလုပ်က သင်ကို လွှတ်မြောက် စေမယ်”ဆိုတဲ့ စာတမ်းချိတ်ဆွဲထားတဲ့ ဂိတ်ပေါက်ကို ဖြတ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ ထောင်၊သောင်းချီတဲ့ အကျဉ်းသားတွေကို ပစ်သတ်ခဲ့တဲ့ မရဏတံတိုင်းရှေ့မှာ တစ်မိနစ်ငြိမ်သက် အလေးပြုမယ်လို့လည်း သိရပါတယ်။
အော့ဇဝှစ်ခ်ျမရဏအကျဉ်းစခန်းမှာ ဂျူးလူမျိုး တစ်သန်း နဲ့အတူ ဂျူးမဟုတ်တဲ့ ပိုလန်၊ စစ်ပွဲတွင်းက ဆိုဗီယက်အကျဉ်းသားများ၊ ရိုမားနဲ့ နာဇီဆန့်ကျင်သူပေါင်း ၁၀၀,၀၀၀ တို့အသတ်ခံခဲ့ရပါတယ်။
မာကယ်ဟာ ၂၀၀၈ ခုနှစ်တွင် အစ္စရေးလွတ်တော်မှာ မိန့်ခွန်းပြောတဲ့ ပထမဦးဆုံးဂျာမန်ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ အခုချိန်ထိ ဂျာမနီလူမျိုးတွေဟာ အရှက်ရနေဆဲပါလို့ပြောပါတယ်။
Ref-#AFP #MDN #Myanmar_Online_News #ဂျာမနီဝန်ကြီးချုပ် #နာဇီအကျဉ်းစခန်း

0 comments:
Post a Comment