Tuesday, December 24, 2019

မုန်တိုင်းတိုက်ခတ်နိုင်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ခရစ်စမတ်ပွဲတော် ပျက်စီးနိုင်

ကတ်သရစ်ခရစ်ယာန်ဘာသာဝင် အများအပြားနေထိုင်ရာ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်း ဖန်ဖုန်း တိုက်ခတ်နိုင်တဲ့ အတွက် ဆန်မာကျွန်းမှာ နေထိုင်တဲ့သူတွေကို နေအိမ်တွေကနေ ယာယီစခန်းတွေကို ရွေ့ပြောင်းနေထိုင် နေကြရပါတယ်။

ခရစ်စမတ်မတိုင်မီ ဒီဇင်ဘာ၂၄ရက်နေ့တွင် ကမ်းရိုးတန်းမှာ နေထိုင်သူတွေဟာ ရွေ့ပြောင်း ရမှာဖြစ်ပြီး ဆိပ်ကမ်းတွေ နဲ့ ဖယ်ရီလှေတွေဟာ လည်း ရပ်နားရမှာဖြစ်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ဖုန်း ဖန်ဖုန်းဟာ ဒီကနေ့ ဒေသစံတော်ချိန် ၅ နာရီ ကို အစောဆုံးထားပြီး ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ကြေညာထားပါတယ်။
တိုင်ဖုန်း ဖန်ဖုန်းဟာ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖုန်း ဟိုင်းရိုင် အသေးစားမုန်တိုင်းအမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဟိုင်းရိုင်တိုင်ဖုန်းကြောင့် လူပေါင်း ၇၃၀၀ သေဆုံးခဲ့ပါတယ်။
ခရစ်ယာန်အများစုနေထိုင်တဲ့ နိုင်ငံမှာ ခရစ်စမတ်ပွဲတော်အတွက် မိမိနေအိမ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ ခရီးသည် ၂၁,၀၀၀ ဦးတို့ဟာ သဘောၤအသွားအလာရပ်နားလိုက်တဲ့အတွက် ကမ်းရိုးတန်းမှာ သောင်တင်နေကြောင်း ကမ်းရိုးတန်းစောင့်ရဲတွေက ပြောပါတယ်။
တိုင်ဖုန်း ဖန်ဖုန်းဟာ တစ်နာရီကို ၆၂ မိုင်နှုန်းကျော် နဲ့ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ခရစ်စမတ်ပွဲတော်ကို မိမိတို့နေအိမ်တွေမှာ ကျင်းပလိုသောကြောင့် တချို့မိသားစုတွေက နေအိမ်တွေကို စွန့်ခွာဖို့ ဝန်လေးနေတဲ့အတွက် တာဝန်ရှိသူတွေက အာဏာသုံးပြီး ဖယ်ရှားနေကြောင်း၊ တိုင်ဖုန်းမုန်တိုင်းအတွင်းမှာ အသေအပျောက်မရှိအောင် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူက ပြောပါတယ်။
Image may contain: 1 person, food
Image may contain: one or more people and food
Ref ; AFP
<zawgyi>
မုန်တိုင်းတိုက်ခတ်နိုင်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ခရစ်စမတ်ပွဲတော် ပျက်စီးနိုင်
Tuesday ,December 24 , 2019

ကတ်သရစ်ခရစ်ယာန်ဘာသာဝင် အများအပြားနေထိုင်ရာ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်း ဖန်ဖုန်း တိုက်ခတ်နိုင်တဲ့ အတွက် ဆန်မာကျွန်းမှာ နေထိုင်တဲ့သူတွေကို နေအိမ်တွေကနေ ယာယီစခန်းတွေကို ရွေ့ပြောင်းနေထိုင် နေကြရပါတယ်။
ခရစ်စမတ်မတိုင်မီ ဒီဇင်ဘာ၂၄ရက်နေ့တွင် ကမ်းရိုးတန်းမှာ နေထိုင်သူတွေဟာ ရွေ့ပြောင်း ရမှာဖြစ်ပြီး ဆိပ်ကမ်းတွေ နဲ့ ဖယ်ရီလှေတွေဟာ လည်း ရပ်နားရမှာဖြစ်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ဖုန်း ဖန်ဖုန်းဟာ ဒီကနေ့ ဒေသစံတော်ချိန် ၅ နာရီ ကို အစောဆုံးထားပြီး ဝင်ရောက်တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ကြေညာထားပါတယ်။
တိုင်ဖုန်း ဖန်ဖုန်းဟာ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖုန်း ဟိုင်းရိုင် အသေးစားမုန်တိုင်းအမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဟိုင်းရိုင်တိုင်ဖုန်းကြောင့် လူပေါင်း ၇၃၀၀ သေဆုံးခဲ့ပါတယ်။
ခရစ်ယာန်အများစုနေထိုင်တဲ့ နိုင်ငံမှာ ခရစ်စမတ်ပွဲတော်အတွက် မိမိနေအိမ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ ခရီးသည် ၂၁,၀၀၀ ဦးတို့ဟာ သဘောင်္အသွားအလာရပ်နားလိုက်တဲ့အတွက် ကမ်းရိုးတန်းမှာ သောင်တင်နေကြောင်း ကမ်းရိုးတန်းစောင့်ရဲတွေက ပြောပါတယ်။
တိုင်ဖုန်း ဖန်ဖုန်းဟာ တစ်နာရီကို ၆၂ မိုင်နှုန်းကျော် နဲ့ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ခရစ်စမတ်ပွဲတော်ကို မိမိတို့နေအိမ်တွေမှာ ကျင်းပလိုသောကြောင့် တချို့မိသားစုတွေက နေအိမ်တွေကို စွန့်ခွာဖို့ ဝန်လေးနေတဲ့အတွက် တာဝန်ရှိသူတွေက အာဏာသုံးပြီး ဖယ်ရှားနေကြောင်း၊ တိုင်ဖုန်းမုန်တိုင်းအတွင်းမှာ အသေအပျောက်မရှိအောင် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူက ပြောပါတယ်။
Ref ; AFP

0 comments:

Post a Comment