Friday, April 10, 2020

ကိုရိုနာဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲတွင် ၃၇ ရက်အထိ နေထိုင်နိုင်

Image may contain: food
ကိုရိုနာဗိုင်းရပ်စ်သည် လူနာအချို့၏အသက်ရှူလမ်းကြောင်းဆိုင်ရာနေရာများတွင် ငါးပတ်ကျော်ကြာ (၃၇ရက်)နေထိုင်ခဲ့သည်ကို တွေ့ရှိကြောင်း Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါလေ့လာချက်ကို မတ် ၁၂ရက်နေ့တွင် CBSက သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူနာများ၏ ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သောဝေဒနာခံစားရသည့် အခြေအနေ၌ ပျှမ်းပျှ ၁၉ ရက်နှင့် စိုးရိမ်ရသည့်အခြေအနေ၌ ပျှမ်းမျှ ၂၄ ရက်ထိ အသက်ရှင်နိုင်ကြောင်း ယင်းလေ့လာချက်တွင် ဖော်ပြထားသည်။

အကြမ်းဖျင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည့် လူနာများ၏ ခန္ဓာကိုယ်ထဲတွင် ပျှမ်းမျှ ရက် ၂၀ ထိ အသက်ရှင်နေထိုင်ပြီး သေဆုံးသွားသည့် လူနာများ၏ အသက်ရှူလမ်းကြောင်းထဲတွင်မူ သေဆုံးချိန်အထိ ဗိုင်းရပ်စ်ပိုးကို စမ်းသပ်တွေ့ရှိနိုင်ကြောင်းလည်း ယင်းလေ့လာချက်တွင် ဖော်ပြထားသည်။

ရောဂါမှ ပြန်လည်သက်သာလာသည့် လူနာ၏ အသက်ရှူလမ်းကြောင်းထဲတွင် ယင်းဗိုင်းရပ်စ် အသက်ရှင်နေထိုင်သည့် အတိုတောင်းဆုံးကာလမှာ ရှစ်ရက်ဖြစ်ပြီး အချို့သောလူနာများတွင် ၃၇ ရက်ထိ အသက်ရှင်နေထိုင်နိုင်သည်။

ယခုလေ့လာတွေ့ရှိချက်အသစ်မှာ တရုတ်နိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် လူနာ ၁၉၁ ဦး၏ ဆေးကုသမှုမှတ်တမ်းများကို လေ့လာခဲ့သည့် ဆရာဝန် ၁၉ ဦးက ရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းတို့လေ့လာခဲ့သည့် လူနာများမှာ ဝူဟန်ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိသည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ လူနာများဖြစ်ကြပြီး ဝူဟန်မြို့ Jinyintan ဆေးရုံမှ လူနာ ၁၃၅ ဦးနှင့် Wuhan Pulmonary ဆေးရုံမှ လူနာ ၅၆ ဦးတို့ဖြစ်သည်။

၎င်းတို့သည့် ရောဂါပျောက်ကင်းသွားပြီး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော လူနာ ၁၃၇ ဦး၏ လူမှုဆိုင်ရာအချက်အလက်များ၊ ဆေးဝါးကုသမှုနှင့် ဓာတ်ခွဲခန်းအချက်အလက်များနှင့် ဆေးရုံတွင် ကွယ်လွန်သွားသော လူနာ ၅၄ ဦး၏ မှတ်တမ်းများကို လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။
Source-thevoicejournal #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment