COVID-19 ရောဂါကြောင့် စိန့်သောမတ် ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ သက်သာလာပြီဖြစ်တာကြောင့် အခုလ ၉ ရက်နေ့ ညနေပိုင်းကစပြီး အထူးကြပ်မတ်ဆောင်မှာ နေစရာမလိုတော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက တရားဝင်ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အား အထူးကြပ်မတ်ဆောင်မှာ မထားတော့ပေမယ့် ဆေးရုံက အနီးကပ်ဆက်ပြီး စောင့်ကြည့်ကုသပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိသည်။
ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရပြီး ရောဂါမသက်သာသောကြောင့် ဆေးရုံတက်ပြီးတဲ့နောက် အထူးကြပ်မတ်ဆောင်မှာ သုံးရက်လောက် နေလိုက်ရပြီး အခု ပြန်သက်သာလာတာဖြစ်သည်။
ဗြိတိန်မှာ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ တစ်ရက်အတွင်း ကူးစက်သူ ၄၃၀၀ ကျော်ရှိပြီး တစ်ရက်အတွင်း သေဆုံး သူ ၈၈၀ ကျော် ရှိခဲ့ပါတယ်။ ကူးစက်သူ တွေ့ရှိမှုနဲ့ ဆေးရုံတင်ရသူ အရေအတွက်က တည်ငြိမ်လာပြီဖြစ်ပါတယ်။ အဲဒီလို တည်ငြိမ်လာပြီဆိုရင် အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးဘက်ကို ပြန်ပြီး လုံးပန်းရတော့မှာပါ။ ကမ္ဘာ့ ပဉ္စမမြောက် စီးပွားရေး အင် အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရသည်။

Source: Reuters
>>Zawgyi<<
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြန်လည်သက်သာလာ အထူးကြပ်မတ်ဆောင်တွင်ကုသရန်မလိုတော့ကြောင်းသိရ
Friday, April 10, 2020
COVID-19 ရောဂါကြောင့် စိန့်သောမတ် ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ သက်သာလာပြီဖြစ်တာကြောင့် အခုလ ၉ ရက်နေ့ ညနေပိုင်းကစပြီး အထူးကြပ်မတ်ဆောင်မှာ နေစရာမလိုတော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက တရားဝင်ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အား အထူးကြပ်မတ်ဆောင်မှာ မထားတော့ပေမယ့် ဆေးရုံက အနီးကပ်ဆက်ပြီး စောင့်ကြည့်ကုသပေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိသည်။
ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရပြီး ရောဂါမသက်သာသောကြောင့် ဆေးရုံတက်ပြီးတဲ့နောက် အထူးကြပ်မတ်ဆောင်မှာ သုံးရက်လောက် နေလိုက်ရပြီး အခု ပြန်သက်သာလာတာဖြစ်သည်။
ဗြိတိန်မှာ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ တစ်ရက်အတွင်း ကူးစက်သူ ၄၃၀၀ ကျော်ရှိပြီး တစ်ရက်အတွင်း သေဆုံး သူ ၈၈၀ ကျော် ရှိခဲ့ပါတယ်။ ကူးစက်သူ တွေ့ရှိမှုနဲ့ ဆေးရုံတင်ရသူ အရေအတွက်က တည်ငြိမ်လာပြီဖြစ်ပါတယ်။ အဲဒီလို တည်ငြိမ်လာပြီဆိုရင် အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးဘက်ကို ပြန်ပြီး လုံးပန်းရတော့မှာပါ။ ကမ္ဘာ့ ပ ဉ္စမမြောက် စီးပွားရေး အင် အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း သိရသည်။
Source: Reuters

0 comments:
Post a Comment