ရန်ကုန်ကနေ ဧပြီလ ၉ ရက်နေ့ နေ့လည်ရထားနဲ့ နိုင်ငံခြားသား ၃ ဦး ပြည်မြို့ကို လိုက်ပါလာတာကြောင့် ဒေသခံတွေ တာဝန်ရှိသူတွေက ပြည်မြို့ထဲကိုအဝင်မခံပဲ မနေ့က ညရထားနဲ့ ရန်ကုန်ကိုပြန်တင်ပေးလိုက်ပါတယ်။
အဆိုပါ နိုင်ငံခြားသား ၃ ဦးမှာ ပြင်သစ်နိုင်ငံသား ၂ ဦးနဲ့ သြစတေးလျ နိုင်ငံသား တ ဦးတို့ဖြစ်ပြီး ရထားပေါ်မှာလည်း Mask မတတ်ပဲ တတွဲကနေတတွဲကို လျှောက်သွားနေတာကြောင့် မီးရထားဝန်ထမ်းတွေက ကြိုတင်သတင်းပေးခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ရထားမဆိုက်မှီ ပြည်မြို့က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ဘူတာမှာလာရောက်စောင့်ဆိုင်းနေပြီး ရန်ကုန်တိုင်းက တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ကာ မနေ့က ည ၁၁ နာရီ ရထားနဲ့ ရန်ကုန်ကို့ပြန်လည်တင်ပို့ ပေးခဲ့တာဖြစ်တယ်လို့ ပြည်ဘူတာ အထူးတန်း ရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
" သူတို့ပါလာတဲ့သတင်းကို သတင်းပို့လို့ ရန်ကုန်က ဒုရုံပိုင်ချုပ်ကို ဆက်သွယ်မေးလိုက်တော့ ပါလာတယ်ဆိုတာသိရလို့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုမင်းမင်းထွန်းက လှမ်းအကြောင်းကြားတော့ ရောက်လာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ရန်ကုန်ကို ဒီရထားနဲ့ ပြန်ပို့ဖို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ၇၂ အစုန်ရထားနဲ့ ရန်ကုန်ကို ပြန်လွှတ်လိုက်တာပါ။" လို့ အထူးတန်း ရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
"ကိုရိုနာဗိုင်းရက် ကိစ္စနဲ့ နယ်ဝေးကလာသူတောင် Quarantine လုပ်နေရတာ နောက် ဒီနိုင်ငံခြားသားတွေကို ဘယ်ဟိုတယ်က လက်ခံမလဲ၊ စားသောက်ဆိုင်တွေ ဟိုတယ်တွေလည်း အကုန်ပိတ်ထားကြတာ၊ သူတို့ကို ရန်ကုန်ဘူတာကြီးကဘာလို့ လတ်မှတ်ရောင်းလိုက်တာလဲ ဆိုတာကိုလဲသိချင်နေတာ။ ပြည်မြို့မှာထားဖို့ကတော့ လုံး၀ မဖြစ်နိုင်တာကြောင့် အခုဒီမှာရောက်ရှိနေကြတဲ့ အစိုးရကလူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ခံမှုနဲ့ သူတို့ကိုရန်ကုန်ကိုပြန်လွှတ်လိုက်တာပါ" လို့ ပြည်သူ့လွှတ်တော်ကိုယ်စားဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်။
ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ပြင်သစ်နိုင်ငံသား ၂ ဦးကတော့ မကွေးတိုင်းဘက်ကို ခရီးဆက်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မြန်မာနိုင်ငံကို မတ်လ ၂၄ ရက်နေ့က နီပေါနိုင်ငံကနေ ဝင်ရောက်လာကြတာဖြစ်ပြီး၊ သြစတေးလျနိုင်ငံသားကတော့ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်အနီးက ရွှေပြည်မြေ စိုက်ပျိုးရေးကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပါတယ်။
ရန်ကုန်ကနေ သူတို့စီးနင်းလိုက်ပါလာတဲ့ ရထားက ည ၈ နာရီခွဲမှာ ပြည်ဘူတာကို ဆိုက်ရောက်ခဲ့တာဖြစ်ပြီး၊ သူတို့ ၃ ဦးစလုံးကို သူတို့ စီးနင်းလိုက်ပါလာတဲ့ ည ၁၀ နာရီခွဲ ရထားနဲ့ပဲ ရန်ကုန်ကို ပြန်လည်တင်ပို့ပေးကာ ပြည်မီးရထားဘူတာက ဝန်ထမ်းတွေရဲ့အကူအညီနဲ့ လမ်းဘူတာတွေမှာ ဆင်းမသွားစေဖို့အတွက် အထူးလုံခြုံရေးတွေနဲ့ ပြန်တင်ပေးခဲ့တာဖြစ်ပါတယ်။

Ref ; မြေလတ်အသံ
<zawgyi>
ပြည်ဘူတာကို ရထားနဲ့ပါလာတဲ့ နိုင်ငံခြားသား ၃ ဦးကို ရထားနဲ့ ရန်ကုန်သို့ ပြန်ပို့
Friday, April 10, 2020
ရန်ကုန်ကနေ ဧပြီလ ၉ ရက်နေ့ နေ့လည်ရထားနဲ့ နိုင်ငံခြားသား ၃ ဦး ပြည်မြို့ကို လိုက်ပါလာတာကြောင့် ဒေသခံတွေ တာဝန်ရှိသူတွေက ပြည်မြို့ထဲကိုအဝင်မခံပဲ မနေ့က ညရထားနဲ့ ရန်ကုန်ကိုပြန်တင်ပေးလိုက်ပါတယ်။
အဆိုပါ နိုင်ငံခြားသား ၃ ဦးမှာ ပြင်သစ်နိုင်ငံသား ၂ ဦးနဲ့ သြစတေးလျ နိုင်ငံသား တ ဦးတို့ဖြစ်ပြီး ရထားပေါ်မှာလည်း Mask မတတ်ပဲ တတွဲကနေတတွဲကို လျှောက်သွားနေတာကြောင့် မီးရထားဝန်ထမ်းတွေက ကြိုတင်သတင်းပေးခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ရထားမဆိုက်မှီ ပြည်မြို့က အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ဘူတာမှာလာရောက်စောင့်ဆိုင်းနေပြီး ရန်ကုန်တိုင်းက တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ကာ မနေ့က ည ၁၁ နာရီ ရထားနဲ့ ရန်ကုန်ကို့ပြန်လည်တင်ပို့ ပေးခဲ့တာဖြစ်တယ်လို့ ပြည်ဘူတာ အထူးတန်း ရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
" သူတို့ပါလာတဲ့သတင်းကို သတင်းပို့လို့ ရန်ကုန်က ဒုရုံပိုင်ချုပ်ကို ဆက်သွယ်မေးလိုက်တော့ ပါလာတယ်ဆိုတာသိရလို့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုမင်းမင်းထွန်းက လှမ်းအကြောင်းကြားတော့ ရောက်လာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ရန်ကုန်ကို ဒီရထားနဲ့ ပြန်ပို့ဖို့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ၇၂ အစုန်ရထားနဲ့ ရန်ကုန်ကို ပြန်လွှတ်လိုက်တာပါ။" လို့ အထူးတန်း ရုံပိုင်ကြီး ဦးစိုးလှက ပြောပါတယ်။
"ကိုရိုနာဗိုင်းရက် ကိစ္စနဲ့ နယ်ဝေးကလာသူတောင် Quarantine လုပ်နေရတာ နောက် ဒီနိုင်ငံခြားသားတွေကို ဘယ်ဟိုတယ်က လက်ခံမလဲ၊ စားသောက်ဆိုင်တွေ ဟိုတယ်တွေလည်း အကုန်ပိတ်ထားကြတာ၊ သူတို့ကို ရန်ကုန်ဘူတာကြီးကဘာလို့ လတ်မှတ်ရောင်းလိုက်တာလဲ ဆိုတာကိုလဲသိချင်နေတာ။ ပြည်မြို့မှာထားဖို့ကတော့ လုံးဝ မဖြစ်နိုင်တာကြောင့် အခုဒီမှာရောက်ရှိနေကြတဲ့ အစိုးရကလူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ခံမှုနဲ့ သူတို့ကိုရန်ကုန်ကိုပြန်လွှတ်လိုက်တာပါ" လို့ ပြည်သူ့လွှတ်တော်ကိုယ်စား
ဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်။
ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ပြင်သစ်နိုင်ငံသား ၂ ဦးကတော့ မကွေးတိုင်းဘက်ကို ခရီးဆက်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မြန်မာနိုင်ငံကို မတ်လ ၂၄ ရက်နေ့က နီပေါနိုင်ငံကနေ ဝင်ရောက်လာကြတာဖြစ်ပြီး၊ သြစတေးလျနိုင်ငံသားကတော့ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်အနီးက ရွှေပြည်မြေ စိုက်ပျိုးရေးကုမ္ပဏီက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပါတယ်။
ရန်ကုန်ကနေ သူတို့စီးနင်းလိုက်ပါလာတဲ့ ရထားက ည ၈ နာရီခွဲမှာ ပြည်ဘူတာကို ဆိုက်ရောက်ခဲ့တာဖြစ်ပြီး၊ သူတို့ ၃ ဦးစလုံးကို သူတို့ စီးနင်းလိုက်ပါလာတဲ့ ည ၁၀ နာရီခွဲ ရထားနဲ့ပဲ ရန်ကုန်ကို ပြန်လည်တင်ပို့ပေးကာ ပြည်မီးရထားဘူတာက ဝန်ထမ်းတွေရဲ့အကူအညီနဲ့ လမ်းဘူတာတွေမှာ ဆင်းမသွားစေဖို့အတွက် အထူးလုံခြုံရေးတွေနဲ့ ပြန်တင်ပေးခဲ့တာဖြစ်ပါတယ်။
Ref ; မြေလတ်အသံ

0 comments:
Post a Comment