Saturday, April 11, 2020

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ (၁၃) ပေကျော်အထိ ပျံ့နှံ့ရောက်ရှိနိုင်ကြောင်း လေ့လာတွေ့ရှိ

No photo description available.

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ (၄) မီတာအထိ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ လေ့လာချက် စစ်တမ်းအသစ်မှာ ဖော်ပြထားပါတယ်။တရုတ်သုတေသနပညာရှင်တွေဟာ ရောဂါကူးစက်ခံရတဲ့ လူနာတွေကိုထားရှိတဲ့ ဆေးရုံအဆောင်တွေက လေ နမူနာတွေကို စစ်ဆေးပြီး အခုလို ထုတ်ပြန်လိုက်တာပါ။ 
တရုတ် သုတေသီတွေဟာ အဲဒီလို ကနဦးလေ့လာတွေ့ရှိချက်ကို အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာ (CDC) ရဲ့ Emerging Infectious Diseases ဂျာနယ်မှာ ဧပြီလ (၁၀) ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလေ့လာတွေ့ရှိချက်အသစ်အရ ဗိုင်းရပ်စ်ဟာ လေထဲမှာ (၄) မီတာ (၁၃ ပေကျော်) အထိ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အများပြည်သူပိုင်နေရာတွေမှာ လူတစ်ဦးနဲ့တစ်ဦး (၂) မီတာ အကွာ နေရမယ်ဆိုတဲ့ အကွာအဝေးသတ်မှတ်ချက်ထက် (၂) ဆပိုပြီး များပြားလာတာလည်းဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို ဘေဂျင်းမြို့ရှိ စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဝူဟန်မြို့ရှိ Huoshenshan ဆေးရုံ က Covid-19 အထူးကြပ်မတ်ကုသဆောင်က မျက်နှာပြင်တွေနဲ့ လေနမူနာတွေကို စစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
Image may contain: plant, flower, sky, food, nature and outdoor
Ref ; 5 PLUS NEWS
<zawgyi>
ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ (၁၃) ပေကျော်အထိ ပျံ့နှံ့ရောက်ရှိနိုင်ကြောင်း လေ့လာတွေ့ရှိ
Saturday, April 11, 2020

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲမှာ (၄) မီတာအထိ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ လေ့လာချက် စစ်တမ်းအသစ်မှာ ဖော်ပြထားပါတယ်။တရုတ်သုတေသနပညာရှင်တွေဟာ ရောဂါကူးစက်ခံရတဲ့ လူနာတွေကိုထားရှိတဲ့ ဆေးရုံ အဆောင်တွေက လေ နမူနာတွေကို စစ်ဆေးပြီး အခုလို ထုတ်ပြန်လိုက်တာပါ။ တရုတ် သုတေသီတွေဟာ အဲဒီလို ကနဦးလေ့လာတွေ့ရှိချက်ကို အမေရိကန် ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာ (CDC) ရဲ့ Emerging Infectious Diseases ဂျာနယ်မှာ ဧပြီလ (၁၀) ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလေ့လာတွေ့ရှိချက်အသစ်အရ ဗိုင်းရပ်စ်ဟာ လေထဲမှာ (၄) မီတာ (၁၃ ပေကျော်) အထိ ပျံ့နှံ့ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် အများပြည်သူပိုင်နေရာတွေမှာ လူတစ်ဦးနဲ့တစ်ဦး (၂) မီတာ အကွာ နေရမယ်ဆိုတဲ့ အကွာအဝေးသတ်မှတ်ချက်ထက် (၂) ဆပိုပြီး များပြားလာတာလည်းဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်ကို ဘေဂျင်းမြို့ရှိ စစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ဝူဟန်မြို့ရှိ Huoshenshan ဆေးရုံ က Covid-19 အထူးကြပ်မတ်ကုသဆောင်က မျက်နှာပြင်တွေနဲ့ လေနမူနာတွေကို စစ်ဆေးခဲ့ကြတာဖြစ်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
Ref ; 5 PLUS NEWS

0 comments:

Post a Comment