ကိုရိုနာဗိုင်းရပ်စ် စတင်ပေါက်ပွားရာ ဝူဟန်မြို့ကို ရက်ပေါင်း ၇၆ ရက်( သီတင်း ၁၁ ပတ်) အသွားအလာ ပိတ်ပင်ခဲ့ထားခဲ့ရာမှ ဒီနေ့(ဧပြီ ၈) က စပြီး သွားလာခွင့်တွေ ပြန်လည် ရရှိခဲ့ပြီဖြစ်ပါတယ်။
ထောင်ချီတဲ့ ခရီးသွားတွေဟာ ဝူဟန်ကနေ ထွက်ခွာမယ့် ရထားတွေ၊ ဘတ်စ်ကားတွေမှာ တန်းစီ စောင့် နေတာကို တွေ့ရပါတယ်။
ဝူဟန်မြို့မှာ ပိတ်မိ နေခဲ့တဲ့ ကလေးနှစ်ယောက် မိခင် ဟွာမိုင်က သူ့ကလေးတွေရှိရာ ဝူဟန်အနီးက အန်ရှီမြို့ကို ပြန်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကလေး နှစ်ယောက်ကလည်း မိခင် ဝူဟန်မြို့မှာ ပိတ်မိနေကတည်း အိမ်မှာ နှစ်ယောက်တည်း နေထိုင်ခဲ့ရကြောင်း ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ် ဟွာမိုင်က နံနက် ၄ နာရီလောက် ကတည်း အိပ်ယာမှ နိုးပြီး အိမ်ပြန်မယ့် ရထားစောင့်နေတာဖြစ်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။
ဝူဟန်မြို့ကနေ လူပေါင်း ၅၅,၀၀၀ နီးပါးဟာ ရထားနဲ့ ဒီနေ့ထွက်ခွာမယ်လို့ အစိုးရရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။ မြို့ကို ပိတ်ဆို့ထားတဲ့ အတားအစီးတွေကို သန်းခေါင်ယံအချိန်က စပြီး ဖွင့်ပေးနေရာ ဘတ်စ်နဲ့ ကိုယ်ပိုင်ကားတွေပါ ဝူဟန်ကနေ ထွက်ခွာမယ့် လမ်းမတွေပေါ်မှာ နံနက်စောစောပိုင်းကလည်း ရောက်ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဝူဟန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံး ခံရတဲ့မြို့ဖြစ်ပြီး လူပေါင်း ၃,၃၀၀ နီးပါး သေဆုံးခဲ့ကြောင်း လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က အစိုးရက ထုတ်ပြန်ထားပါတယ်။
ဝူဟန်မြို့ရှိ ကျောင်းတွေကို ဆက်လက်ပိတ်ထားမှာဖြစ်ပြီး နိုင်ငံသားတွေကို ခရီး မသွားဖို့ တာဝန်ရှိသူတွေက ဆော်ဩနေပါတယ်။

Source - AFP
<zawgyi>
Covid-19 ကြောင့် ရက်ပေါင်း ၇၆ ရက် အသွားအလာ ပိတ်ဆို့ထားခဲ့တဲ့ ဝူဟန်မြို့ ပြန်လည်အသက်ဝင်လာ
Wednesday, April 8, 2020

0 comments:
Post a Comment