အသက်ရှူလမ်းကြောင်းဆိုင်ရာရ ောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသော တပ်မတော်သားများအတွက် အလှူရှင်များက အထောက် အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် Myanma Supply Co.,Ltd. မှ Managing Director ဦးမောင်မောင်လေးက ပိုးမွှားများကို သေစေနိုင်သည့်ဆေးရည် Professional Disinfectant Virus Bacteria နှင့် အခြား Microbial ပိုးသတ်ဆေးရည် ၁၅ လီတာဝင် ၂၀၀ ပုံးနှင့် ဆေးဖျန်းပုံး ၂၀ လီတာဝင် ၅၀ ပုံးတို့ကိုလည်းကောင်း၊ Asia Harm Reduction Network မှ Project Manager ဗိုလ်မှူး ထွန်းထွန်းဦး(ငြိမ်း)က ရောဂါကာကွယ်ရေး ဝတ်စုံ(PPE) ၃၀ စုံ၊ Mask ၅၀ ခု၊ လက်သန့် ဆေးရည် ၂၀ ဘူးနှင့် လက်ဆေးဆပ်ပြာရည် ၂၀ ဘူးတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်း ရာ တိုင်းမှူးကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ ်ရုံး #Myanmar_Online_News
>>Zawgyi<<
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်မတော်သားများအတွက် အထောက်အကူပြုပစ္စည်းများလှူဒါ န်း
Friday, April 10, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရေ ာဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသော တပ်မတော်သားများအတွက် အလှူရှင်များက အထောက် အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် Myanma Supply Co.,Ltd. မှ Managing Director ဦးမောင်မောင်လေးက ပိုးမွှားများကို သေစေနိုင်သည့်ဆေးရည် Professional Disinfectant Virus Bacteria နှင့် အခြား Microbial ပိုးသတ်ဆေးရည် ၁၅ လီတာဝင် ၂၀၀ ပုံးနှင့် ဆေးဖျန်းပုံး ၂၀ လီတာဝင် ၅၀ ပုံးတို့ကိုလည်းကောင်း၊ Asia Harm Reduction Network မှ Project Manager ဗိုလ်မှူး ထွန်းထွန်းဦး(ငြိမ်း)က ရောဂါကာကွယ်ရေး ဝတ်စုံ(PPE) ၃၀ စုံ၊ Mask ၅၀ ခု၊ လက်သန့် ဆေးရည် ၂၀ ဘူးနှင့် လက်ဆေးဆပ်ပြာရည် ၂၀ ဘူးတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်း ရာ တိုင်းမှူးကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment