နေပြည်တော်၌ COVID-19 ပိုးတွေ့ရှိခဲ့သည့် လူနာအမှတ်(၇) ဆွစ်ဇာလန်သူ အမျိုးသမီးကို ဒုတိယအကြိမ် ဆေးစစ်ရာတွင် ပိုးမတွေ့ရှိ( Negative )၍ ဆေးရုံမှ ဆင်းရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ကုတင် ၁,၀၀၀ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာပပက ပြောသည်၊၊
“ဒုတိယအကြိမ် ဆေးစစ်ရာမှာလည်း Negative ပဲထွက်ပါတယ်။ အဲဒါကြောင့် ဆေးရုံကဆင်းဖို့ ပြင်ဆင်နေပါပြီ။ တစ်ရက်၊နှစ်ရက်အတွင်း ဆေးရုံဆင်းမှာပါ”ဟု ဒေါက်တာပပက ပြောသည်၊၊
ဆေးရုံမှ ဆင်းခွင့်ရသော်လည်း သူမနေထိုင်ရာ နေရာသို့ ပြန်ခွင့်ရရှိမည်မဟုတ်ဘဲ ဟိုတယ်တစ်ခုတွင် ၁၄ ရက် ကြာစောင့်ကြည့်မှုကို နေပြည်တော်ကုသရေးဦးစီးဌာန၏ စီမံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သူမကို တွေ့ရှိခဲ့သည့် M Gallery ဟိုတယ်၌ ထားရှိမည်မဟုတ်ကြောင်း ဒေါက်တာပပက ရှင်းပြသည်၊၊
“ထားပြီးတဲ့အခါ ဆေးရုံ(ကုတင်တစ်ထောင်) ပြန်လာပြီး စစ်ဆေးမှု ပြန်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်၊၊
လူနာအမှတ်(၇) ဆွစ်ဇာလန်သူအမျိုးသမီးသည် အသက်(၅၈) နှစ်အရွယ်ရှိပြီး မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ(UN)ရုံးတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။
Ref ; 7Day
<zawgyi>
Covid-19 အတည်ပြုလူနာအမှတ်အမှတ် (၇) ဆွစ်ဇာလန်သူကို ဒုတိယအကြိမ် ဆေးစစ်ဆေးမှု ပိုးမတွေ့၍ ဆေးရုံမှဆင်းရန်ပြင်ဆင်
Wednesday, April 8, 2020
နေပြည်တော်၌ COVID-19 ပိုးတွေ့ရှိခဲ့သည့် လူနာအမှတ်(၇) ဆွစ်ဇာလန်သူ အမျိုးသမီးကို ဒုတိယအကြိမ် ဆေးစစ်ရာတွင် ပိုးမတွေ့ရှိ( Negative )၍ ဆေးရုံမှ ဆင်းရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း ကုတင် ၁,၀၀၀ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာပပက ပြောသည်၊၊
“ဒုတိယအကြိမ် ဆေးစစ်ရာမှာလည်း Negative ပဲထွက်ပါတယ်။ အဲဒါကြောင့် ဆေးရုံကဆင်းဖို့ ပြင်ဆင်နေပါပြီ။ တစ်ရက်၊နှစ်ရက်အတွင်း ဆေးရုံဆင်းမှာပါ”ဟု ဒေါက်တာပပက ပြောသည်၊၊
ဆေးရုံမှ ဆင်းခွင့်ရသော်လည်း သူမနေထိုင်ရာ နေရာသို့ ပြန်ခွင့်ရရှိမည်မဟုတ်ဘဲ ဟိုတယ်တစ်ခုတွင် ၁၄ ရက် ကြာစောင့်ကြည့်မှုကို နေပြည်တော်ကုသရေးဦးစီးဌာန၏ စီမံမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး သူမကို တွေ့ရှိခဲ့သည့် M Gallery ဟိုတယ်၌ ထားရှိမည်မဟုတ်ကြောင်း ဒေါက်တာပပက ရှင်းပြသည်၊၊
“ထားပြီးတဲ့အခါ ဆေးရုံ(ကုတင်တစ်ထောင်) ပြန်လာပြီး စစ်ဆေးမှု ပြန်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်၊၊
လူနာအမှတ်(၇) ဆွစ်ဇာလန်သူအမျိုးသမီးသည် အသက်(၅၈) နှစ်အရွယ်ရှိပြီး မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ(UN)ရုံးတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်။
Ref ; 7Day

0 comments:
Post a Comment