
နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ တွင် မရှိမဖြစ်ဝန်ထမ်းမှလွဲ၍ ကျန်ရှိသည့်ဝန်ထမ်းများကို Home Stay နေခိုင်းထားခြင်းဖြစ်ပြီး Lockdown ချထားခြင်း မဟုတ်ကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးဇော်ဌေးက"ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရအောင်လို့နဲ့ ရုံးပိတ်ရက် နီးကပ်နေတာ ဖြစ်တဲ့အတွက် မရှိမဖြစ်ဝန်ထမ်းကလွဲလို့ ကျန်တဲ့ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်း၊ Lock Down ချထားတာမဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရပါတယ်။ NHL က ဓါတ်ခွဲအဖြေ ထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်"ဟု ဧပြီလ ၈ရက်နေ့က ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ နေ့စားဝန်ထမ်း၊ အသက် ၆၅ နှစ်ရှိ အမျိုးသားတစ်ဦးမှာ ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်တွင် နေထိုင်စဉ် ဧပြီလ ၇ ရက်နေ့၊ ည ၁၀ နာရီ ၅ မိနစ်အချိန်မှာ ဖျားနာ ချောင်းဆိုးလာသည့်အတွက် နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရာမှ လက်ရှိတွင် အထူးကူးစက် ရောဂါ ကုသဆောင်တွင် ကုသနေကြောင်း သိရသည်။
၄င်း၏သမီး အသက်၁၉ နှစ်ရှိသူမှာ လွန်ခဲ့သောဧပြီလ ၄ ရက်နေ့၊ ညနေတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"လူနာဖြစ်သူမှာ မူလကတည်းက အဆုတ်ရောင်ရောဂါရှိသူဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော် အတိအကျ သိရှိရအောင်လို့ ရန်ကုန်ကို Swab Test ကို ရန်ကုန်ကို ပို့ထားပါတယ်။ ဒီကနေ့ ညပိုင်းလောက်တော့ ဓါတ်ခွဲအဖြေ သိရပါမယ်"ဟု ဦးဇော်ဌေးကဆိုသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရုံးလုပ်ငန်းများကို ဝန်ထမ်းအင်အား အနည်းဆုံး၊ Video Conferencing, Online တို့နှင့် အလုပ်မပျက်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို တင်ပြထားကြောင်းလည်း ဦးဇော်ဌေးကပြောသည်။

Ref ; News Watch
<zawgyi>
နေပြည်တော် ရုံးအမှတ် ၁၃တွင် မရှိမဖြစ် ဝန်ထမ်းမှလွဲ၍ ကျန်သည့် ဝန်ထမ်းများကို Home Stay နေခိုင်းထား
Wednesday, April 8, 2020
နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ တွင် မရှိမဖြစ် ဝန်ထမ်းမှလွဲ၍ ကျန်ရှိသည့် ဝန်ထမ်းများကို Home Stay နေခိုင်းထားခြင်းဖြစ်ပြီး Lockdown ချထားခြင်း မဟုတ်ကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးဇော်ဌေးက"ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရအောင်လို့နဲ့ ရုံးပိတ်ရက် နီးကပ်နေတာ ဖြစ်တဲ့အတွက် မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်း၊ Lock Down ချထားတာ မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရပါတယ်။ NHL က ဓါတ်ခွဲအဖြေ ထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက် ဆောင် ရွက်ဖို့ ရှိပါတယ်"ဟု ဧပြီလ ၈ရက်နေ့က ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ နေ့စားဝန်ထမ်း၊ အသက် ၆၅ နှစ်ရှိ အမျိုးသားတစ်ဦးမှာ ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်တွင် နေထိုင်စဉ် ဧပြီလ ၇ ရက်နေ့၊ ည ၁၀ နာရီ ၅ မိနစ်အချိန်မှာ ဖျားနာ ချောင်းဆိုးလာသည့်အတွက် နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရာမှ လက်ရှိတွင် အထူးကူးစက် ရောဂါ ကုသဆောင်တွင် ကုသနေကြောင်း သိရသည်။
၎င်း၏သမီး အသက်၁၉ နှစ်ရှိသူမှာ လွန်ခဲ့သောဧပြီလ ၄ ရက်နေ့၊ ညနေတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"လူနာဖြစ်သူမှာ မူလကတည်းက အဆုတ်ရောင်ရောဂါ ရှိသူ ဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော် အတိအ ကျ သိရှိရအောင်လို့ ရန်ကုန်ကို Swab Test ကို ရန်ကုန်ကို ပို့ထားပါတယ်။ ဒီကနေ့ ညပိုင်းလောက်တော့ ဓါတ်ခွဲအဖြေ သိရပါမယ်"ဟု ဦးဇော်ဌေးကဆိုသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရုံးလုပ်ငန်းများကို ဝန်ထမ်းအင်အား အနည်းဆုံး၊ Video Conferencing, Online တို့နှင့် အလုပ် မပျက် ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို တင်ပြထားကြောင်းလည်း ဦးဇော်ဌေးကပြောသည်။
Ref ; News Watch






0 comments:
Post a Comment