Sunday, May 3, 2020

လွယ်ဂျယ်နယ်စပ်စစ်ဆေးရေးဂိတ်၌ (၁၈)ရက်မြောက်အဖြစ် တရုတ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူ (၃၆၉)ဦးရှိ

Image may contain: one or more people, basketball court and indoor

ကချင်ပြည်နယ်၊လွယ်ဂျယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ (၁၈)ရက်မြောက်အဖြစ် မေ ၃ ရက်နေ့၌ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား(၃၆၉)ဦး ရှိကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ်မှ ဗန်းမော်ခရိုင်ဖြတ်သန်း၍ မြစ်ကြီးနားမြို့သို့ အမျိုးသား(၉)ဦး ၊ ဝိုင်းမော်မြို့နယ်သို့ အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦး၊အင်ဂျန်းယန်မြို့နယ်သို့ မျိုးသား(၃)ဦး၊ မိုးညှင်းမြို့နယ်သို့ အမျိုးသား(၁၇)ဦး အမျိုးသမီး(၅)ဦး ပေါင်း(၂၂)ဦး၊ မိုးကောင်းမြို့နယ်သို့ မျိုးသား(၈)ဦး အမျိုးသမီး(၁၁)ဦး ပေါင်း(၁၉)ဦး၊ဖားကန့်မြို့နယ်သို့ အမျိုးသား(၃)ဦး အမျိုးသမီး(၂)ဦးပေါင်း(၅)ဦး၊ ပူတာအိုမြို့နယ်သို့ အမျိုးသား(၆)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၇)ဦး၊ မချမ်းဘောမြို့နယ်သို့ အမျိုးသား(၁)ဦးစုစုပေါင်း(၆၈)ဦးတို့သည် မော်တော်ယာဉ်(၉)စီးဖြင့်အသီးသီး နေရပ်ပြန်ထွက်ခွာခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်စစ်ဆေးရေးဂိတ်မှ ဗန်းမော်မြို့နယ်အတွင်းသို့ အမျိုးသား(၁၈)ဦး အမျိုးသမီး(၂၀)ဦး ပေါင်း(၃၈)ဦး၊ မိုးမောက်မြို့နယ်အတွင်းသို့ အမျိုးသား(၁၃)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၁၄)ဦး၊ မန်စီမြို့နယ်သို့ အမျိုးသား(၂)ဦး၊ ရွှေကူမြို့နယ်သို့ အမျိုးသား(၄၆)ဦး အမျိုးသမီး(၁၂)ဦး ပေါင်း(၅၈)ဦး စုစုပေါင်း (၁၁၂) ဦးတို့သည်ယာဉ်(၁၂)စီးဖြင့် နေရပ်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
အလားတူ ကချင်ပြည်နယ်ကျော်လွန်၍ စစ်ကိုင်းတိုင်းဒေသကြီးသို့ အမျိုးသား(၂၈)ဦး အမျိုးသမီး(၁၂)ဦး ပေါင်း(၄၀)ဦး၊ပဲခူးတိုင်းဒေသကြီးသို့ အမျိုးသား(၉၄)ဦး အမျိုးသမီး(၁၇)ဦးပေါင်း(၁၁၁)ဦး၊ နေပြည်တော်ကောင်စီသို့ အမျိုးသား(၃)ဦး၊ဧရာဝတီတိုင်းဒေသကြီးသို့ အမျိုးသား(၂၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးသို့ အမျိုးသား(၄)ဦး အမျိုးသမီး(၄)ဦး ပေါင်း(၈)ဦး၊မကွေးတိုင်းဒေသကြီးသို့ အမျိုးသား(၂)ဦး စုပေါင်း(၁၈၉)ဦးတို့သည် လက်ရှိ၌ နေရပ်ပြန်ခွင့်မရသေးဘဲလွယ်ဂျယ်မြို့ရှိအခြေခံပညာအထက်တန်းကျောင်း၌ (၂၁)ရက်စောင့်ကြပ်ကြည့်ရှုခံနေရမည်ဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာမှ နှာခေါင်းစည်းဝေငှခြင်း နေ့ညမပြတ်ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: one or more people
Image may contain: one or more people and people standing
Image may contain: one or more people, outdoor and nature
Image may contain: people standing, car and outdoor
Image may contain: one or more people, basketball court and indoor

Source - ဗန်းမော်ပွင့်သစ်

0 comments:

Post a Comment