Thursday, June 4, 2020

အိန္ဒိယတွင် ထောင်ချောက်ဆင်ထားတဲ့ နာနတ်သီး စားသုံးမိ၍ ကိုယ်ဝန်ရှိနေတဲ့ ဆင်မကြီး သေဆုံး

အိန္ဒိယနိုင်ငံ ကီရာကာပြည်နယ်တွင် နေအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေကို တောဆင်ရိုင်း အန္တရာယ်က ကာကွယ်နိုင်ဖို့အတွက် နာနတ်သီးတွေထဲ ဗျောက်အိုးထည့် ထောင်ချောက်ဆင်ဖမ်းရာ ကိုယ်ဝန်ရှိနေတဲ့ ဆင်မတစ်ကောင်စားသုံးမိတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ ( ဇွန်လ ၃ ရက်)မှာ ပြောကြားပါတယ်။
ထောင်ချောက်ဆင်ခဲ့တဲ့ တရားခံကို စုံစမ်းစစ်ဆေးရှာဖွေနေကြောင်း ကီရာကာပြည်နယ် တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေးအရာရှိ Surendra Kumar က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေသခံရွာသားတွေဟာ သူတို့ရဲ့ စိုက်ခင်းတွေနဲ့ ကောက်ပဲသီးနှံတွေကို တောရိုင်းတိရစ္ဆာန်တွေရန်က ကာကွယ်ခြောက်လန့်နိုင်ဖို့အတွက် ရံဖန်ရံခါဆိုသလို နာနတ်သီးတွေထဲ မီးရှူးမီးပန်းများ၊ ဗျောက်အိုးများထည့်သွင်း ထောင်ချောက်ဆင်လေ့ရှိပါတယ်။ ကိုယ်ဝန်သည်ဆင်ရိုင်းဟာ ဗျောက်အိုးပေါက်ပြီးနောက် မြစ်ထဲမှာ နာရီများစွာကြာ ရေစိမ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ The Pachyderm သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက သစ်တောအုပ်တွေကို မြို့ပြအဖြစ် ပြောင်းလဲခဲ့ရာ တောရိုင်းတိရစ္ဆာန်တွေနဲ့ လူသားတွေရဲ့ နေထိုင်မှုနယ်န်မိတ်တွေဟာ ပိုမိုနီးကပ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း တောရိုင်းဆင်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး၂၃၆၁ ဦး သေဆုံးခဲ့ပြီး ဆင်အကောင်ရေ ၅၁၀ နီးပါး သေကြေခဲ့ကြောင်း၊ သေဆုံးခဲ့တဲ့ တောရိုင်းဆင်တွေမှ ၃၃၃ ကောင်ဟာ လျှပ်စစ်ရှော့ရိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၁၀၀ ကျော်ကတော့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ အဆိပ်သင့်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း အစိုးရရဲ့ ဖော်ပြချက်အရ သိရပါတယ်။
>>zawgyi<<
အိန္ဒိယတွင် ထောင်ချောက်ဆင်ထားတဲ့ နာနတ်သီး စားသုံးမိ၍ ကိုယ်ဝန်ရှိနေတဲ့ ဆင်မကြီး သေဆုံး
Thursday, June 4, 2020
အိန္ဒိယနိုင်ငံ ကီရာကာပြည်နယ်တွင် နေအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေကို တောဆင်ရိုင်း အန္တရာယ်က ကာကွယ်နိုင်ဖို့အတွက် နာနတ်သီးတွေထဲ ဗျောက်အိုးထည့် ထောင်ချောက်ဆင်ဖမ်းရာ ကိုယ်ဝန်ရှိနေတဲ့ ဆင်မတစ်ကောင်စားသုံးမိတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ ( ဇွန်လ ၃ ရက်) မှာ ပြောကြားပါတယ်။
ထောင်ချောက်ဆင်ခဲ့တဲ့ တရားခံကို စုံစမ်းစစ်ဆေးရှာဖွေနေကြောင်း ကီရာကာပြည်နယ် တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေးအရာရှိ Surendra Kumar က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေသခံရွာသားတွေဟာ သူတို့ရဲ့ စိုက်ခင်းတွေနဲ့ ကောက်ပဲသီးနှံတွေကို တောရိုင်းတိရစ္ဆာန်တွေရန်က ကာကွယ်ခြောက်လန့်နိုင်ဖို့အတွက် ရံဖန်ရံခါဆိုသလို နာနတ်သီးတွေထဲ မီးရှူးမီးပန်းများ၊ ဗျောက်အိုးများထည့်သွင်း ထောင်ချောက်ဆင်လေ့ရှိပါတယ်။ ကိုယ်ဝန်သည်ဆင်ရိုင်းဟာ ဗျောက်အိုးပေါက်ပြီးနောက် မြစ်ထဲမှာ နာရီများစွာကြာ ရေစိမ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ The Pachyderm သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက သစ်တောအုပ်တွေကို မြို့ပြအဖြစ် ပြောင်းလဲခဲ့ရာ တောရိုင်းတိရစ္ဆာန်တွေနဲ့ လူသားတွေရဲ့ နေထိုင်မှုနယ်န်မိတ်တွေဟာ ပိုမိုနီးကပ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း တောရိုင်းဆင်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး၂၃၆၁ ဦး သေဆုံးခဲ့ပြီး ဆင်အကောင်ရေ ၅၁၀ နီးပါး သေကြေခဲ့ကြောင်း၊ သေဆုံးခဲ့တဲ့ တောရိုင်းဆင်တွေမှ ၃၃၃ ကောင်ဟာ လျှပ်စစ်ရှော့ရိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၁၀၀ ကျော်ကတော့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ အဆိပ်သင့်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း အစိုးရရဲ့ ဖော်ပြချက်အရ သိရပါတယ်။

0 comments:

Post a Comment