Thursday, June 4, 2020

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကို တစ်နာရီရေမိုင် ၅၅ မိုင်နှုန်းသွားနိုင်ပြီး စွမ်းဆောင်ရည်မြင့်သည့် ကြားဖြတ်ရေယာဉ် တပ်ဆင်ပေး

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ကို ခေတ်မီဆန်းပြားတဲ့လက်နက်တွေ တပ်ဆင်ပေးထားတဲ့ မြန်နှုန်း မြင့်ကြားဖြတ်ရေယာဉ် ၄ စင်းတပ်ဆင်ပေးလိုက်ပါတယ်။ စစ်မှန်တဲ့စိတ်ဆန္ဒနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်အရ ဖြည့်တင်းပေးတာလို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်မှာ BGB ပြည်သူ့ဆက်ဆံရေးအရာရှိ Md Shariful Islam ကအတည်ပြုပါတယ်။
ပေ ၄၀ ရှည်ပြီး မြင်းကောင်ရေ ၆၅၀ အား၊ အင်ဂျင် ၃ လုံးတပ် ပိုလီမာအားဖြည့်ထားတဲ့ Silvercraft 40 မော် ဒယ်ရေယာဉ်ဟာ စစ်သား ၃၃ ယောက်သယ်ဆောင်နိုင်ပြီး တစ်နာရီရေမိုင် ၅၅ မိုင်နှုန်းသွားနိုင်တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အဲဒီရေယာဉ်တွေဟာ ဆိုးရွားတဲ့ရာသီဥတုမှာ လမ်းကြောင်းပြနိုင်ပြီး အလိုအလျောက် စက်သေနတ်တွေ၊ အဆင့်မြင့်ဂြိုဟ်တုလမ်းကြောင်းပြစနစ် (RADAR)၊ စတုတ္ထမျိုးဆက်လမ်းကြောင်းပြစနစ်၊ ခေတ်မီအသံလှိုင်းနဲ့ ရေအောက်တည်နေရာရှာဖွေစနစ်သာမက နောက်ထပ်ပိုပြီးခေတ်မီဆန်းပြားတဲ့ ကိရိယာ တွေပါဝင်ပါတယ်။
တည်နေရာကနေ ကီလိုမီတာ ၅၀ အတွင်းမှာရှိတဲ့ ရန်သူသင်္ဘောတွေရဲ့တည်နေရာကို အတည်ပြုနိုင်ပြီး ဒဏ် ရာအကြီးအကျယ်ရထားတဲ့လူနာ ၂ ယောက်ကိုလည်း သယ်ပို့ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ကီလို မီတာ ၁၆၀၊ မြန်မာနိုင်ငံနဲ့ ၆၃ ကီလိုမီတာ ထိစပ်နေတဲ့ရေကြောင်းနယ်စပ်ကိုသာမက ၄၁၇၄ ကီလိုမီတာရှည် တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုန်းမြေနယ်နိမိတ်ကိုလည်း BGB က ထိန်းချုပ်ကင်းလှည့်နေတယ်လို့ ထုတ်ပြန်ချက် မှာပါဝင်ပါတယ်။
၂၀၁၉ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာရဲ့ညွှန်ကြားချက်အရ BGB ဟာ စိန့်မာတင်ကျွန်းရဲ့ လုံခြုံရေးမှာပါဝင်နေတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က နက်မြစ်ကို ယာဘကုန်ကူး ရာမှာ လမ်းကြောင်းတစ်ခုအနေနဲ့အသုံးပြုကြပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေက ဗျူဟာအသစ် တွေဆက်တိုက်ပြောင်းလဲကျင့်သုံးနေတာတွေ၊ လူကုန်ကူးမှုတွေ၊ မှောင်ခိုကူးမှုတွေ၊ ယာဘအပါအဝင် မူးယစ် ဆေးကုန်ကူးမှုတွေနဲ့ ဘင်္ဂါလီအခြေအနေတွေဟာ နတ်မြစ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အကျိုးရှိရှိ ထိန်းချုပ်ရာမှာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။
Ref-PeopleMedia #Myanmar_Online_News
>>zawgyi<<
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကို တစ်နာရီရေမိုင် ၅၅ မိုင်နှုန်းသွားနိုင်ပြီး စွမ်းဆောင်ရည်မြင့်သည့် ကြားဖြတ်ရေယာဉ် တပ်ဆင်ပေး
Thursday, June 4, 2020
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB ကို ခေတ်မီဆန်းပြားတဲ့လက်နက်တွေ တပ်ဆင်ပေးထားတဲ့ မြန်နှုန်း မြင့်ကြားဖြတ်ရေယာဉ် ၄ စင်းတပ်ဆင်ပေးလိုက်ပါတယ်။ စစ်မှန်တဲ့စိတ်ဆန္ဒနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ တိုက်ရိုက်ညွှန်ကြားချက်အရ ဖြည့်တင်းပေးတာလို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်မှာ BGB ပြည်သူ့ဆက် ဆံရေးအရာရှိ Md Shariful Islam ကအတည်ပြုပါတယ်။
ပေ ၄၀ ရှည်ပြီး မြင်းကောင်ရေ ၆၅၀ အား၊ အင်ဂျင် ၃ လုံးတပ် ပိုလီမာအားဖြည့်ထားတဲ့ Silvercraft 40 မော် ဒယ်ရေယာဉ်ဟာ စစ်သား ၃၃ ယောက်သယ်ဆောင်နိုင်ပြီး တစ်နာရီရေမိုင် ၅၅ မိုင်နှုန်းသွားနိုင်တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အဲဒီရေယာဉ်တွေဟာ ဆိုးရွားတဲ့ရာသီဥတုမှာ လမ်းကြောင်းပြနိုင်ပြီး အလိုအလျောက် စက်သေနတ်တွေ၊ အဆင့်မြင့်ဂြိုဟ်တုလမ်းကြောင်းပြစနစ် (RADAR)၊ စတုတ္ထမျိုးဆက်လမ်းကြောင်းပြစနစ်၊ ခေတ်မီအသံလှိုင်းနဲ့ ရေအောက်တည်နေရာရှာဖွေစနစ်သာမက နောက်ထပ်ပိုပြီးခေတ်မီဆန်းပြားတဲ့ ကိရိယာ တွေပါဝင်ပါတယ်။
တည်နေရာကနေ ကီလိုမီတာ ၅၀ အတွင်းမှာရှိတဲ့ ရန်သူသင်္ဘောတွေရဲ့တည်နေရာကို အတည်ပြုနိုင်ပြီး ဒဏ် ရာအကြီးအကျယ်ရထားတဲ့လူနာ ၂ ယောက်ကိုလည်း သယ်ပို့ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အိန္ဒိယနိုင်ငံနဲ့ ကီလို မီတာ ၁၆၀၊ မြန်မာနိုင်ငံနဲ့ ၆၃ ကီလိုမီတာ ထိစပ်နေတဲ့ရေကြောင်းနယ်စပ်ကိုသာမက ၄၁၇၄ ကီလိုမီတာရှည် တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုန်းမြေနယ်နိမိတ်ကိုလည်း BGB က ထိန်းချုပ်ကင်းလှည့်နေတယ်လို့ ထုတ်ပြန်ချက် မှာပါဝင်ပါတယ်။
၂၀၁၉ ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ် ဟာဆီနာရဲ့ညွှန်ကြားချက်အရ BGB ဟာ စိန့်မာတင်ကျွန်းရဲ့ လုံခြုံရေးမှာပါဝင်နေတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က နက်မြစ်ကို ယာဘကုန်ကူး ရာမှာ လမ်းကြောင်းတစ်ခုအနေနဲ့အသုံးပြုကြပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေက ဗျူဟာအသစ် တွေဆက်တိုက်ပြောင်းလဲကျင့်သုံးနေတာတွေ၊ လူကုန်ကူးမှုတွေ၊ မှောင်ခိုကူးမှုတွေ၊ ယာဘအပါအဝင် မူးယစ် ဆေးကုန်ကူးမှုတွေနဲ့ ဘင်္ဂါလီအခြေအနေတွေဟာ နတ်မြစ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အကျိုးရှိရှိ ထိန်းချုပ်ရာမှာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။
Ref-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment