သောကြာနေ့က အိမ်ဖြူတော်ရှေ့တွင် ရဲများနှင့် ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှုတောင်းဆိုသော ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်နေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ရှိ ပုန်းအောင်းရာ မြေအောက်ဘန်ကာ၌ ရောက်ရှိနေခြင်းနှင့်ပတ်သက်ပြီး ၎င်း၏လုံခြုံမှုအတွက် ပုန်းအောင်းခြင်းဆိုသည်ထက် သွားရောက်စစ်ဆေးခြင်းသာဖြစ်ကြောင်း ၊ ထိုအခန်းထဲတွင် တစ်ခဏမျှသာ နေခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ရေဒီယိုအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
“ဒီအချိန် မြေအောက်ဘန်ကာကို သွားပြီးစစ်ဆေးကြည့်ရင်ကောင်းမယ်လို့ ပြောလို့ ဆင်းကြည့်လိုက်တာပါ။ တစ်ချိန်ချိန်ကျရင် လိုအပ်လာနိုင်တယ်လေ။ အဲဒီအခန်းထဲမှာ ခဏလေးပဲနေခဲ့တာပါ။ စစ်ဆေးတယ်ဆိုထက်တော့ ပိုတာပေါ့” ဟု ထရမ့်က ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်အကျွမ်းတဝင်ရှိသူများ၏အဆိုအရ သောကြာနေ့ညနေက အိမ်ဖြူတော်အပြင်ဘက်တွင် ဆန္ဒပြမှုများပြင်းထန်နေချိန်၌ ထရမ့်သည် ပုန်အောင်းရာမြေအောက်ဘန်ကာဆီ အလျင်အမြန်သွားခဲ့ပြီး တစ်နာရီနီးပါးနေခဲ့သည်ဟုဆိုသည်။ ဇနီးဖြစ်သူ မီလန်နီယာထရမ့်နှင့် သား ဘယ်ရန်တို့ပါ ခေါ်သွားခဲ့သည်ဟု သိရသည်။
“အိမ်ဖြူတော်မှာ အနီရောင်အဆင့်တိုးမြှင့်လိုက်ရင် အရေးပေါ်အဖွဲ့ကနေ သမ္မတကို နေရာပြောင်းပေးရပါတယ်။ သမ္မတရဲ့ဇနီး၊ သားနဲ့ သွေးသားရင်းမိသားစုဝင်တွေကိုပါ လုံခြုံတဲ့နေရာ ရွှေ့ပေးရတာပါ” ဟု ရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။
crd-mizzima #Myanmar_Online_News
>>zawgyi<<
ပဋိပက္ခဖြစ်နေစဉ် မြေအောက်ဘန်ကာထဲကို စစ်ဆေးရန်သွားခဲ့ကြောင်း ထရမ့် ပြော
Thursday, June 4, 2020

0 comments:
Post a Comment