
ကမ္ဘာကျော်လာတော့မယ့် လူတွေ သိပ်မသိသေးတဲ့ မြန်မာပြည်က နေရာလေးတစ်ခု၊ ကျောင်းတိုက် ဖွင့်ချိန် မနက် ၇ နာရီ ကနေ ညနေ ၆ နာရီထိ နေ့စဉ်ဖွင့် ပါတယ်။ဆောင်ရန် ရှောင်ရန် မိသားစုနဲ့ပဲ သွားသွား သူငယ်ချင်းတွေနဲ့ပဲသွားအဆင်ပြေတဲ့နေရာလေးပါ ၊
စုံတွဲနဲ့သွားမယ် ဆိုရင်တော့ မဖွယ်မရာမလုပ် ဖို့ တင်းကြပ် ထားပါတယ် ၊ အေးချမ်း တိတ်ဆိတ် တဲ့နေရာမို့ ဆူညံခြင်းလဲ မပြုရပါဘူးနော် ။
အလာရော အပြန်ပါဘုရားနှစ်ခါရှိခိုးရပါတယ်။ဧည့်သည်မှတ်တမ်း စာရင်းဖြည့်ရပါတယ်။ အဂါ ရဝဖြစ်စေမ ယ့် အတိုအပြတ်တွေ ဝတ်စားဆင်ယင်ခြင်းလဲ ခွင့်မပြုပါဘူး။
အမှိုက်ပုံးတွေလဲ ခပ်စိပ်စိပ်ထားပေးထားတာမို့ စနစ်တကျစွန့် ပစ်ပေးကြဖို့လို ပါတယ်ဗျ။ ဓါတ်ပုံမရိုက်ခင် ဘုန်းဘုန်းကို အရင်ခွင့်တောင်းဖို့လဲလိုပါတယ် ။
ဒီလိုကမ္ဘာကျော်လာမယ့်နေရာတခုမှာ ကျောက်စာစေတီတဆူလုံးစာလှူဒါန်းနိုင်သလို ကိုယ်တတ်နိုင်သလောက် အလှူငွေတွေလဲ ထည့်ဝင်လှူဒါန်းနိုင်ဖို့နဲ့ သွားရောက်ကြည်ညိုသဒ္ဒါပွါးနိုင်ကြဖို့ ကုသိုလ်သတင်းစကားလေးပါး လိုက်ပါတယ်ဗျ ..
နေရာလေးကတော့ ကျောက်စာ စေတီပေါင်း (၁၃၅၀)ဆူ တည်ဆောက်ပြီးကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖို့ကြိုးစားနေတဲ့ စစ်ကိုင်းက “ရှင်သီဝလိတောရကျောင်းမှ ဓမ္မစေတီများ” ပဲဖြစ်ပါတယ်
ဒီ ကျောက်စာစေတီတွေ ဟာ ဗုဒ္ဓဘုရားရှင် ရဲ့သစ္စာတရားတော်တွေကို ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော်ဘုရား ကြီးရဲ့ ဥပနိသယအတိုင်းအဆုံးအမများကိန်းအောင်းရာ ဓမ္မစေတီတွေပဲဖြစ်ပါတယ်။
တရားဒေသနာပေါင်း (၁၄၉၁)ပုဒ်ကို ထွင်းထုပူဇော်မှာဖြစ်ပြီး ၂၀၁၆ သီတင်းကျွတ်လပြည့်ကျော်ကတည်းက တည်ဆောက်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောက်စာစေတီ (၇၀၂)ဆူ အတွက်အလှူရှင်ရှိနေပြီး (၄၀၃)ဆူ တည်ဆောက်ပြီးစီးနေပါပြီ။
တည်ဆောက်လက် စကတော့ အဆူတစ်ရာနီးပါးရှိတယ်လို့ ဆရာတော်အရှင်ဉာဏိန္ဒ ကရှင်းပြပါတယ်ဘယ်လိုသွားရမလဲ မန္တလေးကနေ ကား/ဆိုင်ကယ် နဲ့ သွားရင် ၁ နာရီလောက်ပဲကြာပါတယ် ၊ ရတနာပုံတံတားကြီးကိုကျော်ပြီး စစ်ကိုင်းတောင်တက်လမ်းအတိုင်းသွားပါ
ဆွမ်းဦးပုညရှင် စေတီ သို့ဆိုတဲ့ မုဒ်ဦးတွေ့ရင် အဲ့ဘက်မလိုက်ပဲ ဆန့်ကျင်ဘက်(ဘယ်ဘက်)မျက်နှာချင်းဆိုင်က ရတနာ သိင်္ဂီပရဟိတကျောင်းဘေး ဝင်သွားပါ ၊
လမ်းဆုံရောက်ရင် ညာဘက်ချိုးပြီး တန်းတန်းကြီး ၁၀ မိနစ်လောက် ဝင်သွားရုံပါပဲ ၊ လမ်းမှာ (သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်နေတာတွေလဲတွေ့ရလိမ့်မယ် )
သွားရင်း လမ်းဘေးကျောက်တောင်နံရံမှာ “ရှင်သီဝလိတောရ” ဆိုတဲ့စာလုံးကြီးလှမ်းမြင်ရပါလိမ့်မယ် ။လမ်း က တချို့နေရာလေးတွေ မြေလမ်းပေမယ့် ကောင်းပါတယ် ကားလေးတွေပါသွားလို့ရတယ်
ဘာတွေတွေ့နိုင်မလဲ ရှင်သီဝလိတောရ ကျောင်းကို ဝင်ပြီဆိုတာနဲ့ အရင်ဆုံး လက်ဆေးရပါတယ် ၊
ဘုရားရှိခိုးရ ပါတယ် ၊ ဧည့်သည်မှတ်တမ်းမှာ အမည် အဘအမည် လိပ်စာ ဖုန်း နံပါတ်တွေဖြည့်ရပါတယ် ပြီးရင်တော့ ဘုန်းဘုန်းက လာသမျှဘုရားဖူး အကုန်လုံးကို ကော်ဖီတခွက်နဲ့ မုန့်နဲ့ ကိုယ်တိုင်ဧည့်ခံပါတယ်။
ဒီမှာလက်ရှိတည်ဆောက်ပေးနေတဲ့ လုပ်သားတွေ အကုန်လုံးကိုလဲ နေ့တိုင်း ကော်ဖီနဲ့ မုန့်ကျွေးတယ်လို့သိရပါတယ်
( ဘုရားဖူးဧည်သည် + လုပ်သား ကျွေးမွေးဧည့်ခံဖို့ တရက်စာ ၃၅၀၀၀ ကျပ်နဲ့လဲ ကုသိုလ်ပြုလို့ရပါတယ် )ဝင်ကြေးကောက်ခံတာ မထည့်မနေရအလှူငွေ ကောက်ခံတာမျိုးမရှိပါဘူး။
ကော်ဖီသောက်ရင်း ဘုန်းဘုန်းမိန့်ကြားတာတွေနားထောင်ရတာ ဗဟုသုတလဲရပါတယ် ၊ စကျင်ကျောက် ပြားချပ်ကြီးတွေကို digital စက်ကြီးတွေနဲ့ ဘုရားဝန်းထဲတင် ထွင်းပါတယ် ၊
သွားလေ့လာလို့လဲရပါတယ် ကျောက်စာစေတီ တဆူမှာ မျက်နှာလေးဘက်ပါပြီး မှန်ကာထားပါတယ် ပေါ်မှာ ထီးပုံအဝိုင်းမိုးထားပြီး အဲ့အပေါ်မှာမှ စေတီတည်ထားပါတယ် ။အောက်ခြေမှာတော့အလှူရှင်နာမည်တွေ ကဗျည်းထိုးပေးထားတာတွေ့ခဲ့ရပါတယ် ။မြန်မာဘာသာနဲ့ပဲထွင်းထုထားတာမို့စိတ်ဝင်စားရင် အကုန်လိုက်ဖတ် လို့ရပါတယ်။
စေတီ (၂၈)ဆူ အတန်းလိုက်လေးတွေ အဆင့်ဆင့်တည်ထားတာ အရမ်းကြည်ညိုဖို့ကောင်းပါတယ် လက် ရှိကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ ကုသိုလ်တော်ဘုရားက ကျောက်စာချပ်ပေါင်း (၇၂၉)ချပ်ပါ (တချပ်နှစ်မျက် နှာ) ၊ အခု တည်ဆောက်နေတဲ့ ရှင်သီဝလိတောရကတော့ ကျောက်စာစေတီပေါင်း
(၁၃၅၀) နဲ့ တဆူမှာ လေးမျက်နှာနဲ့ ကျောက်စာမျက် နှာပေါင်း (၅၄၀၀)ဆိုတော့ အရည်အတွက်အားဖြင့် ပိုများမှာဖို့ ဂင်းနစ်စံချိန်သိပ်တင်ဖို့ မျှော်လင့်တယ်လို့ ဘုန်းဘုန်းက မိန့်ကြား ပါတယ်။





crd : panpyoelat #Myanmar_Online_News






0 comments:
Post a Comment