
ချင်းပြည်နယ်၊ ပလက်ဝဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သော ပလက်ဝ-မီဇိုရမ်ကားလမ်းနှင့် ပလက်ဝတံတားအား နှောင့်ယှက်ခြင်း၊ ပလက်ဝမြို့ လုံခြုံရေးအား ခြိမ်းခြောက်၍ အခြားအဖျက်အမှောက် လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းမှစတင် ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရသည်။
ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝဒေသခံများအတွက် ပေးပို့လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်း များနှင့် WFP မှ လှူဒါန်းသည့်ထောက်ပံ့ ရေးရိက္ခာပစ္စည်းများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ခြိမ်း ခြောက် ရယူသုံးစွဲနေခြင်းများ ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ကြိုးစားအားထုတ်ပြီး နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည်။
Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ် ရာများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများက ဇွန်လ(၃)ရက်နေ့ ညနေပိုင်းတွင် ပလက်ဝမြို့ရှိ ကီမိုခန်းမ၌ ပေးအပ်လှူဒါန်းရာ မြို့နယ် အထွေအ ထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွန့်ဟာနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် AA အကြမ်းဖက် သောင်းကျန်းသူများ၏မြို့အား အဆက်အသွယ် ဖြတ်တောက်ထားမှု၊ နှောင့်ယှက် ပစ်ခတ်မှုတို့ကြောင့် ထိ ခိုက်ခံစားရသည့် ပြည်သူများနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ပလက်ဝမြို့၊ ပြည်သူ့ဆေးရုံအ တွက် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများနှင့်စာသောက် ဖွယ်ရာများကို အဆိုပါ ပြည်သူ့ဆေးရုံ၌ ထပ်မံပေးအပ်လှူဒါန်းရာ ဆေးရုံမှ ဒေါက်တာစိုးသက်ဝင်းနှင့် တာ ဝန်ရှိ သူများက လက်ခံ ရယူကြသည်။
ထို့နောက် တာဝန်ရှိသူများက အဆိုပါဆေးရုံ၌ တက်ရောက် ဆေးကုသနေသူ များအား အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ ဆေးအဖွဲ့ များက ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ပလက်ဝမြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား ပိုးသတ်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ပေးသည်။
ပလက်ဝဒေသရှိ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှလှူဒါန်းသည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများအနေဖြင့် Surgical Mask၂၀၀၀ ခု၊ Surgical Gloves ၂၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၅၀ စုံနှင့် Goggles ၅ ခု၊ Non-Contact Thermometer ၁ ခု၊Hand Sanitizer(500Ml) ၂၀ ခု၊ Bleeching Powder ၁ ဗူး၊ BP Cuff ၁ ခု၊ ဆေးဖြန်းပုံး ၁ ပုံး၊ ဆေးဖြန်းဝတ်စုံ ၅ စုံ၊ အဝတ်နှာခေါင်းစည်း ၂၀၀၀ ခု ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်အတွက် မေ ၉ ရက်နေ့မှစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များနှင့် အထောက်အကူပြု ဆေးပစ္စည်းများ ပို့ဆောင်၍ မြို့ နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနတို့၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြု ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောက်ရွက်ခြင်း၊ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မေ ၉ ရက်မှ ယနေ့အထိ ဆေးပစ္စည်းများ ပေးပို့လှူဒါန်းမှုအ နေဖြင့် Surgical Mask ၄၅၀၀၀ ခု၊ Surgical Gloves ၅၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံနှင့် Goggles ၁၀၀ ခု၊ Non-Contact Thermometer ၁၀ ခု၊Hand Sanitizer (500Ml) ၅၀၀ ခု၊Bleeching Powder ၁၅ ဗူး၊ BP Cuff ၁၀ ခု၊ ဆေးဖြန်းပုံး ၂၀ ပုံး၊ ဆေးဖြန်းဝတ်စုံ ၁၀၀ စုံ၊ အဝတ်နှာခေါင်းစည်း ၃၀၀၀၀ ခုတို့အား ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။






သတင်းစဉ်






0 comments:
Post a Comment