ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားရောဂါအတွက် သုံးတဲ့ Hydroxychloroquine ဆေးနဲ့ ကုသလို့ရမရ စမ်းသပ်စစ်ဆေးမှုတွေ ပြန်စမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူတွေကို ပေးရင် လူနာတွေမှာ နှလုံးခုန်နှုန်း မူမမှန် ဖြစ်ပြီး သေဆုံးမှု နှုန်းတိုးလာကို စိုးရိမ်တဲ့ အတွက် ဒီဆေးနဲ့ ကြီးကြီးမားမား စမ်းသပ်မှု တွေလုပ်မှာကို WHO က ခေတ္တ ဆိုင်းငံ့ ခိုင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ မကူးစက်အောင် သုံးဖို့ ထောက်ခံနေတဲ့ Hydroxychloroquine အပါအဝင် ဒီရောဂါတိုက်ဖျက်ရေး အတွက် စမ်းသပ် စစ်ဆေးမှု အားလုံးကို ဆက်ပြီး လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျွမ်းကျင်သူတွေက အကြံပေးကြတယ်လို့ Tedros က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်တင် အမေရိကနဲ့ ဟေတီတို့လို ကမ္ဘာ့အဆင်းရဲဆုံ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လျင်လျင်မြန်မြန် ကူးစက် ပြန့်ပွါးနေတဲ့အတွက် အထူး စိုးရိမ်ကြောင်းလည်း WHO အရာရှိတွေက ပြောပါတယ်။ ဒီ အမေရိက နိုင်ငံတွေမှာ လူပေါင်း ၃ သန်းလောက် ဒီရောဂါ အကူးစက်ခံနေရတာ ဖြစ်ပါတယ်။
crd-voa #Myanmar_Online_News
>>zawgyi<<
ဆိုင်းငံထားတဲ့ Hydroxychloroquine ဆေးနဲ့ ကိုဗစ် ကုလို့ရမရ စမ်းသပ်မှုတွေ WHO ပြန်စမည်
Thursday, June 4, 2020
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားရောဂါ အတွက် သုံးတဲ့ Hydroxychloroquine ဆေးနဲ့ ကုသလို့ ရမရ စမ်းသပ် စစ်ဆေးမှုတွေ ပြန်စမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူတွေကို ပေးရင် လူနာတွေမှာ နှလုံးခုန်နှုန်း မူမမှန် ဖြစ်ပြီး သေဆုံးမှု နှုန်းတိုးလာကို စိုးရိမ်တဲ့ အတွက် ဒီဆေးနဲ့ ကြီးကြီးမားမား စမ်းသပ်မှု တွေလုပ်မှာကို WHO က ခေတ္တ ဆိုင်းငံ့ ခိုင်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ မကူးစက်အောင် သုံးဖို့ ထောက်ခံနေတဲ့ Hydroxychloroquine အပါအဝင် ဒီရောဂါတိုက်ဖျက်ရေး အတွက် စမ်းသပ် စစ်ဆေးမှု အားလုံးကို ဆက်ပြီး လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျွမ်းကျင်သူတွေက အကြံပေးကြတယ်လို့ Tedros က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်တင် အမေရိကနဲ့ ဟေတီတို့လို ကမ္ဘာ့အဆင်းရဲဆုံ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လျင်လျင်မြန်မြန် ကူးစက် ပြန့်ပွါးနေတဲ့အတွက် အထူး စိုးရိမ်ကြောင်းလည်း WHO အရာရှိတွေက ပြောပါတယ်။ ဒီ အမေရိက နိုင်ငံတွေမှာ လူပေါင်း ၃ သန်းလောက် ဒီရောဂါ အကူးစက်ခံနေရတာ ဖြစ်ပါတယ်။
crd-voa #Myanmar_Online_News

0 comments:
Post a Comment