Saturday, August 24, 2013

အကြမ်းဖက် သမားများကို တိုက်ခိုက်ရန် အမေရိကန်က ပေးသော လက်နက်ဖြင့် ပါကစ္စတန်ကအိန္ဒိယကို တိုက်ခိုက်နေ

ပါကစ္စတန် စစ်တပ်၏ အိန္ဒိယသို့ အချက်ပြမှုများက ရှင်းနေသည်။ ထိန်းချုပ်မှု မျဉ်းတစ်လျှောက် ဆက်လက် တိုက်ခိုက်နေမှုများသည် ငြိမ်းချမ်းရေးကို ပျက်ပြားစေပြီး နှစ်ရှည်လများ ရရှိထားသောအပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ရန်နှင့် ဝန်ကြီးချုပ် နာဝပ်ဇ်ရှာရစ်ဖ် ခြေအကြွတွင် အောက်မှခင်းထားသော ကော်ဇောကို ဆွဲထုတ်ရန် ကြိုးစားနေခြင်းများသည် မတော်တဆမဟုတ်ဘဲ တမင်တကာကြိုးပမ်း ပြုလုပ်ခြင်း ဖြစ်သည်မှာ သေချာလှပေသည်။


ဆယ်စုနှစ်မျှ ကြာခဲ့ပြီးဖြစ်သော အပစ်အခတ် ရပ်စဲရေး ဆက်လက် ထိန်းသိမ်းရန် လိုအပ်လျက်ရှိသည့် အခြေအနေကို ပါကစ္စတန် စစ်တပ်နှင့် သူ၏ လက်အောက်ခံ ဂျီဟတ်ဝါဒီများက ဖျက်ဆီးရန်မှ တစ်ပါး အခြားမရှိပေ။ ပါကစ္စတန်သည် ယခုမီးဖိုပေါ်က အိုးကို ဆူအောင်စတင်၍ မီးထိုးပေးနေပြီး ဂျမူးနှင့် ကက်ရှ်မီးယားထဲသို့ ပါကစ္စတန် စစ်တပ်က ပစ်အားသုံး၍ အကြီးအကျယ် ပစ်ခတ်ကာ အကာအကွယ် ပေးထားပြီး အလွယ်တကူ စိမ့်ဝင်နိုင်ခဲ့သော ယခင်က နေ့ရက်များကို ပြန်သွားရန် ကြိုးစားနေသည်မှာ ကပ်ဆိုးဘေးဆိုး ပမာဖြစ်နေပေလိမ့်မည်။

အစိုးရအနေဖြင့် အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းရန် မသေချာသည့် ရာဝါပင်ဒီ၌ ရှိနေသော သူ့မိတ်ဆွေများကို စည်းကမ်းချက်များ မချိုးဖောက်ရန်  ပြောဖို့လိုပေမည်။ သို့သော်လည်း ထိန်းချုပ်ရေးမျဉ်းတွင် ယနေ့ထက်တိုင် သတ်ဖြတ်ခြင်းများ အတွက် အတူတကွ တာဝန်ရှိသည်ဟူသော သတင်းထုတ်ပြန် ကြေညာချက်များ ထုတ်ပြန် ပေးရန်မှလွဲ၍   ပါကစ္စတန် စစ်တပ်ကိုပြောရန် အကြောင်းမရှိဟု ဆိုသည်။

ပါကစ္စတန်ကို အမေရိကန်က ခေတ်မီစစ်လက်နက်များ တိတ်တဆိတ် ထောက်ပံ့ခြင်းသည် အကြမ်းဖက် သမားများအား တိုက်ခိုက်ရန်အတွက် ဖြစ်သော်လည်း အဆိုပါ လက်နက် များသည် အကြမ်းဖက် သမားများကို ပစ်ခတ်ရန်ထက် အိန္ဒိယ ဘက်ကို ပစ်ခတ်ရန် အတွက်သာ အလွန်သင့်လျော်သလို ဖြစ်နေသည်ဟု ဆို၏။ ထိန်းချုပ်ရေးမျဉ်းတွင် မကြာသေးမီက တောက်လျှောက် တင်းမာမှုများ ဖြစ်ပေါ် နေခြင်းနှင့် ပတ်သက်၍  အမေရိကန်- ပါကစ္စတန် ဆက်ဆံရေး မကောင်းမွန်မှု၊ မှီခိုနေရမှုတို့ကို ပြန်ကြည့်ပါက အသုံးဝင်မည်ဟု ယူဆသည်။

ပါကစ္စတန် ကြည်းတပ် ဗိုလ်ချုပ်ကြီး အက်ရှ်ဖတ်ပါး ဖေဇ်ကာယာနီသည် အာဖဂန် နစ္စတန်တွင် စစ်နည်းဗျူဟာမြောက် ရှင်းရှင်းလင်းလင်း အနိုင်ရသူပီပီ မြူနှင်းမှုန် စစ်ပွဲတွင် အိန္ဒိယကို တိုက်ခိုက်ရာ၌ သူ၏ စစ်လက်နက်များကို အဆင့်မြှင့်တင်ရန် အလုပ်ရှုပ်လျက် ရှိသည်။ သူ့ကို အမေရိကန်တို့က ကောင်းချီးပေးခဲ့ခြင်းကြောင့် အလွန်တရာမှ ကောင်းမွန်လှသော ကစားစရာ အရုပ်သစ်များ တစ်ပုံတစ်ပင်နှင့် အူမြူးကာ ဝမ်းသာနေသည့် ကလေးတစ်ယောက်ပမာ ဖြစ်နေလေသည်။ ဗိုလ်ချုပ်ကြီး ကာယာနီသည် အမေရိကန်က မျှော်လင့်ထားသည်ထက် ပို၍ အခွင့်အရေးကို အမြင့်မားဆုံး ရယူပေးခဲ့သည်။ သို့သော် အမေရိကန်တို့ ဆွဲဆန့်ထားသည့် ဥပဒေက ထိုအရာမဟုတ်ဟု ဆိုသည်ကို ခွင့်ပြုရန် မလွယ်လှသော်လည်း မရရ အောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အတွေးအခေါ်ဟောင်း ရှိနေသူတချို့က ပါကစ္စတန်ကို ဒေသတွင်း၌ အိန္ဒိယနိုင်ငံအတွက် ထိန်းညှိရေး ကိရိယာတစ်ခုသဖွယ် အသုံးပြုလိုကြသည်။ အသက်ရှင်ပြီး ကျန်းမာနေရန် တရုတ်၏ လုပ်ငန်းစီမံချက်တွင် မမျှော်လင့်ဘဲ ဝင်ဆံ့မည့် အတွေးအခေါ် အယူအဆတစ်ခု ဖြစ်သည်။ ဤအတွေးအခေါ်နှင့် ရင်းနှီးကျွမ်းဝင်သော အရာရှိတစ်ဦးက ပြောရာတွင် ရာဝါပင်ဒီမှ ကလေးများကို အိန္ဒိယနှင့် သိက္ခာရှိရှိ ရင်ဆိုင်နိုင်ရန် လိုလားကြသည်ဟု ဆိုသည်။ အမေရိကန်က လက်နက် အမြောက်အမြား အသုံးပြု နေသည်ဟုလည်း ဆို၏။

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ပြီးကတည်းက ဂုဏ်သိက္ခာအတွက် အမေရိကန် ဒေါ်လာ ဘီလီယံ ၂ဝ ကို ထောက်ပံ့သည့် ပုံစံဖြင့် ပေးခဲ့သည်။ ယင်းငွေပမာဏ၏ ထက်ဝက်ကျော်လောက်မှာ ပုံစံအမျိုးမျိုးဖြင့် စစ်ရေး အကူအညီ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် P-3C အော်ရီယွန် ရေကြောင်း ကင်းလှည့် လေယာဉ် ရှစ်စင်း၊ TOW သံချပ်ကားဖျက် ဒုံးကျည် ၂ဝဝဝ၊ F-16 ဂျက်တိုက်လေယာဉ် မော်ဒယ်လ်အဟောင်း ၁၄ စင်း၊ T-37 အမောင်းသင် ဂျက်လေယာဉ် ၅၉ စင်း၊ ဒုံးကျည် တပ်ဆင်ထားသော ဖရီးဂိတ် စစ်သင်္ဘော တစ်စင်း၊ AN/TPS-77 ထောက်လှမ်းရေး ရေဒါခြောက်ခုနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် အစင်း ၂ဝ အပြင် အခြားလက်နက် စနစ်များလည်း  ပါကစ္စတန်ကို ပေးထားခဲ့သည်။

ဤကိန်းဂဏန်းများသည် ဇူုလိုင်လက ထုတ်ဝေသော ကွန်ဂရက် သုတေသနလုပ်ငန်း (CRS)အစီရင်ခံစာ ပါအတိုင်းဖြစ်သည့် ပါတီဝင်မဟုတ်သော အမေရိကန် ကွန်ဂရက် လွှတ်တော်၏ လက်နက် သုံးသပ်ချက်ဖြစ်သည်။ အစီရင်ခံစာတွင် အမေရိကန် ကာကွယ်ရေးဌာန၏ ထူးခြားသော အသွင် လက္ခဏာဖြစ်သည့် F-16 တိုက်လေယာဉ်များနှင့် P-3C သံချပ်ကားဖျက် ဒုံးကျည်များသည် အကြမ်းဖက် တိုက်ဖျက်ရေးနှင့် သိသိသာသာ ဆက်နွှယ်သော လက်နက်များ ဖြစ်သည်။

ဤလက်နက်များသည် ဒေသတွင်း တည်ငြိမ်ရေးကို တိုးတက်မှု ရရှိစေသည်။ ပါကစ္စတန်အတွက် အိန္ဒိယနှင့် နှိုင်းယှဉ်လိုက်လျှင် ပို၍လုံခြုံ စိတ်ချရသည်ဟု ခံစားရသည်။ အိမ်နီးချင်းထက် သာလွန်အောင်  လက်နက် တပ်ဆင်ထားခြင်း ဖြစ်သည်။

စိတ်ပညာအရ ပါကစ္စတန်အား လုံခြုံစိတ်ချရသည်ဟု ခံစားရစေသည့် အပြင် အမေရိကန် သရုပ်ခွဲပညာရှင် တစ်ဦး၏ စကားဖြင့်ဆိုရလျှင် သူတို့၏ ဥပဒေဆိုင်ရာ စိတ်ဓာတ်နှင့် ရည်ရွယ်ချက်ရှိရှိ ကစားသော အမေရိကန် အရာရှိများကို မကျေနပ်ကြ။ စိတ်နာကြသည်။

ပါကစ္စတန်က သူ့ကိုယ်ပိုင်ငွေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံ ပေးချေခဲ့ပြီး ခေတ်မီ တိုက်လေယာဉ် ၁၈ စင်း ဝယ်ယူခဲ့သည်။ အကြီးစား ဗုံးအမျိုးမျိုးနှင့် AMRAAM မှ  ဝေဟင်ပစ် ဒုံးကျည်အလက် ၅ဝဝ ကို အမေရိကန် ဒေါ်လာ ၆၂၉ သန်းဖိုး ဝယ်ယူခဲ့သည်။  ထို့အပြင် ဟာပွန်း သင်္ဘောဖျက် ဒုံးကျည်အလက် ၁ဝဝ နှင့် ဆိုဒ်ဝိုင်းဒါ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်အလက် ၅ဝဝ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၄ဝဝ ဖိုး ဝယ်ယူခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် အိန္ဒိယသည် ဟာပွန်း ၂၄ လက်ကို အမေရိကန်မှ ၂ဝ၁၁ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၁၇ဝ  ဖိုးသာ ဝယ်ယူခဲ့သည် ဖြစ်ရာ ပါကစ္စတန်၏ လေးပုံတစ်ပုံပင် မရှိခဲ့ပေ။

ပါကစ္စတန် စစ်တပ်၏ သုံးစွဲမှုသည် အံ့အားသင့်စရာ ဖြစ်နေသည်။   နိုင်ငံ၏ စီးပွားရေးနှင့် ကြည့်လျှင် IMF မှ တောက်လျှောက် ငွေချေးနေရသည့် အခြေအနေတွင် ရှိသည်။  သူတို့ဘယ်လို လုပ်ကြသလဲဟု မေးစရာရှိသည်။ တကယ်တော့ လွယ်ပါသည်။ အမေရိကန်က ၂ဝဝ၂  ခုနှစ် ကတည်းက ကောလာဟလဟု ထင်ခဲ့သော ငွေအမြောက်အမြား ပါကစ္စတန်သို့ လွှဲပြောင်း ပေးခဲ့သည်ဟုဆို၏။ ပါကစ္စတန်ကို စစ်ဆင်ရေး၊ ထောက်ပံ့ရေးများနှင့် အမေရိကန် တပ်များကို ကူညီပေးခဲ့သည့် အတွက် ညွန့်ပေါင်း အကူရန်ပုံငွေ (CSF) ကို ဂရာဗီထရိန်း အချောင်ရသည့် ငွေဟုခေါ်ပြီး ယင်းငွေကြေးဖြင့် ပြန်လည် ပေးသွင်းခဲ့သည်။ ယခုနှစ် ဇွန်လတွင် အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၇ ဘီလီယံသည် ဤဂရာဗီထရိန်းနှင့် ပါလာခြင်း ဖြစ်သည်။

မဟာရထားကြီး ဓားပြတိုက်မှုဟု ခေါ်သည့် ငွေအမြောက်အမြား ပို၍ပြထားသည့် ပြေစာများကို တကယ့်ပြေစာအဖြစ် လူအနည်းအကျဉ်း ရှေ့မှောက်တွင် ငွေပေး ချေခဲ့သည်။ ဤငွေများ၏ အများစုသည် ပါကစ္စတန် အမျိုးသား ရန်ပုံငွေ ပုံစံမျိုးဖြင့် အမေရိကန်အ စိုးရ အစီအစဉ်များမှ တစ်ဆင့် ထောက်ပံ့ရန် မဖြစ်နိုင်။ အကြောင်းမှာ အကျယ်ချဲ့ထားသော အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး အဓိပ္ပာယ် သတ်မှတ်ချက်ကိုလည်း  အကျုံးဝင်အောင် အကြမ်းဖက် တိုက်ခိုက်မှုအတွက် မသင့်လျော်သောကြောင့် ဖြစ်သည်ဟု ဆို၏။

ခေတ်မီပစ္စည်းများ တပ်ဆင်ထားသည့် F-16 တိုက်လေယာဉ် အသစ် ၁၈ စင်း၊ D Black 52 လေယာဉ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံဖိုးမှာ ပစ္စည်းများ လက်ရောက် ပေးအပ်ပြီး ဖြစ်သည် ထင်ရသည်။ စာအုပ်ထဲ၌မူ ကျန်ငွေများသည် အစားအသောက်၊   အဝတ်အထည်၊ အိမ်ရာ အဆောက်အအုံများကို  ဆင်းရဲနွမ်းပါးသော ပါကစ္စတန် စစ်သားများအား ပေးရန်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှ  လူဆိုးများကို တိုက်ခိုက်ရန် အတွက် လိုအပ်သော ခဲယမ်းမီးကျောက်များ ဝယ်ပေးရန် ဟူ၍ ဖော်ပြထားသည်ဟု ဆို၏။

၂ဝဝ၈ ခုနှစ် အစိုးရ အရာရှိရုံးက ပါကစ္စတန်၏ ငွေပြန်သွင်းသည့် ကိစ္စကို စစ်ဆေး ကြည့်ရှုခဲ့သည်။ သို့ရာတွင် အရေးကြီးသော စည်းကမ်းချက်များ၌ ပြောင်းလဲမှု မရှိခဲ့ပါ။ အကြောင်းမှာ ၂ဝ၁၄ ခုနှစ်တွင် အမေရိကန်တို့ ပြန်လည် ဆုတ်ခွာမည့်ရက်ကို သတ်မှတ်ထားပြီး ဖြစ်ရာ အချိန်နီးကပ် လာနေပြီဖြစ်သည်။
သမ္မတ အိုဘားမားသည် တစ်ချိန်က ပါကစ္စတန် ဗိုလ်ချုပ်ကြီး ကာယာနီ၏ အိန္ဒိယ ဆန့်ကျင်ရေး ကစားပွဲကို ရှင်းလင်းစွာ သဘောပေါက် နားလည်ခဲ့သူ ဖြစ်သည့် အလျောက် နည်းလမ်းပြောင်းတော့မည့် ပုံပေါ်နေပေပြီ။ သူ၏ အစိုးရသည် စွန့်လွှတ်ကြောင်း ကြေညာချက် နှစ်စောင်ကို ချက်ချင်းထုတ်ပြန်ခဲ့ရာ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်နှင့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် ပေါင်းဖြစ်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ထက်လွှတ်တော် ဥက္ကဋ္ဌ အနေဖြင့် ပါကစ္စတန်နှင့် ဆက်ဆံရေး အသစ်တစ်ရပ်ကို အရပ်သား အစိုးရနှင့် တိုးမြှင့် လုပ်ဆောင်ခြင်း ပြုလုပ်ရန် ရှုမြင်ခဲ့သူ ဖြစ်သော်လည်း ယခုအဆိုပါ အတွေးအခေါ်မှာ အားပျော့သွားပြီး နာဝပ်ဇ် ရှာရစ်ဖ်သည် သူ၏အရှိန်နှင့် လှည့်နေရသော စာရင်းတွင် မပါတော့ပေ။ သို့သော် ဗိုလ်ချုပ်ကြီး ကာယာနီ ပါကောင်းပါနိုင် သေးသည်ဟု ဆို၏။ ဤသို့ဆိုလျှင် အိန္ဒိယနှင့် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် ရည်မှန်းချက် ပန်းတိုင်များကို အမေရိကန်တို့သည် ဘယ်နေရာတွင် ချန်ထားခဲ့ပြီလဲဟူ၍ မေးစရာကောင်းသော  မေးခွန်းဖြစ်နေမည်ဟု ဆိုပါကြောင်း  ဘာသာပြန်ဆို ရေးသား လိုက်ရပါသည်။

ကိုကိုဟန်
မြ၀တီ

0 comments:

Post a Comment