
ဈေးထဲကကြက်ဥ-ဘဲဥတွေကို သေသေချာချာရွေးဝယ်ခဲ့ပေမယ့် အိမ်ရောက် လို့ ဟင်း ချက်ကြည့်တော့မှ ပုပ်မှန်းသိရတော့ ဟင်းအိုးအနံ့ အရသာပျက်လို့  စိတ်ညစ်ရပြီပေါ့ရှင်။ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရလေအောင် ဟင်းချက်ခါနီးမှာ အောက်ပါရိုးရှင်းလွယ်ကူတဲ့နည်းလေးနဲ့  ကြက်ဥ-ဘဲဥတွေ လတ်/မလတ်စစ်ဆေးကြည့် နိုင်ပါတယ်ရှင်။
ပုံထဲမှာဖော်ပြထားတဲ့အတိုင်း ရေဇလုံတစ်ခုထဲကို ရေအပြည့်ဖြည့်ပြီး၊ မိမိဝယ်လာတဲ့ ကြက်ဥ-ဘဲဥ လေးတွေကို ၁-လုံးစီ ရေဇလုံ ထဲ ဖြည်းဖြည်းထဲ့လိုက်ပါ။
(၁) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ ဟန်ချက်ညီညီလဲလျောင်းနေပါရင်၊ အဲဒါ အလွန်လတ်ဆတ်သော ဥ ဖြစ် ပါတယ်။
(၂) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ ဟန်ချက်ညီညီမဟုတ်ဘဲ အပေါ်ယံတစ်ဘက်ကိုမသိမသာ စောင်းနေရင်၊ အဲဒါ ရက်သတ္တ ၁-ပတ်ကြာတဲ့ ဥ ဖြစ်ပါတယ်။
(၃) အကယ်၍ ကြက်ဥ-ဘဲဥက ရေဇလုံအောက်ခြေမှာ တုံးလုံးလဲမနေဘဲ၊ ဒေါင်လိုက် အပေါ်ကိုထောင်နေရင် အဲဒါ ရက်သတ္တ ၃-ပတ်မျှကြာနေပြီဖြစ်တဲ့ ဥ ဖြစ်ပါတယ်။
(၄) အကယ်၍ ကြက်ဥ-ဘဲဥက ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေရင်၊ အဲဒါ (လုံးဝ)စားမရတော့တဲ့ ဥ အပုပ်ဖြစ်ပါတယ်။
အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။
Daily Health Tips






0 comments:
Post a Comment