စစ်ပွဲများရပ်တန့်ရေး မန္တလေးမြို့၌ ဆန္ဒပြတောင်းဆို ရာတွင် ငြိမ်းစုစီဥပဒေအရ ခွင့် ပြုချက်တောင်းခံခြင်းမရှိဟု ဆို ကာဦးဆောင်သူသုံးဦးကို ဖမ်းဆီး အမှုဖွင့်တရားစွဲဆိုပြီး တရားရုံးက တစ်ဦးကို ထောင်ဒဏ်နှစ်လ ချ မှတ်ခဲ့သည်။
ထောင်ဒဏ် ချမှတ်ခံရသူ သည် ကဗျာဆရာကလင့်(မန္တလေး) ဖြစ်ပြီး၎င်းသည် မေလ၆ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် စစ်ပွဲများရပ်တန့်ရေးဆန္ဒပြပွဲ၌ကဗျာရွတ်ဆိုခဲ့သည်။
ယင်းဆန္ဒပြမှုနှင့် ပတ်သက် ၍ သက်ဆိုင်ရာဌာနများသို့အသိ ပေးအကြောင်းကြားခြင်းမရှိဟု ဆိုကာ ဦးဆောင်သူသုံးဦးကို ငြိမ်း စုစီဥပဒေ ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ခဲ့ပြီး ကဗျာဆရာကလင့် (မန္တလေး)က မေလ ၉ရက်ညတွင် မန္တလေးမြို့ အမှတ်(၈) ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့သည်။
မေလ ၁၀ရက်တွင် ချမ်း အေးသာစံမြို့နယ်တရားရုံး၌ အ မှုကိုတရားစွဲတင်ရာ တရားသူ ကြီးကအပြစ်ရှိသလားဟုမေးမြန်း စဉ်ကာယကံရှင်က အပြစ်ရှိ ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ယင်းနေ့တွင်ပင် ထောင်ဒဏ်နှစ် လချမှတ်ခဲ့ကြောင်း ချမ်းအေးသာ စံမြို့နယ်တရားရုံး သတင်းပြန် ကြားရေးအရာရှိ မြို့နယ်တရား သူကြီး ဒေါ်ချိုချိုထွန်းကပြော ကြားသည်။
အခြားအမှုဖွင့် တရားစွဲဆို ခံထားရသူ ကို အောင်မှိုင်းဆန်းနှင့် ကိုစိုးမိုးနိုင်တို့က ၎င်းတို့ကိုစွပ်စွဲ ချက်နှင့် ပတ်သက်၍ အပြစ်မရှိ ကြောင်း တရားရုံးတွင် ထွက်ဆို ထားပြီး ယင်းအမှုကို မေလ ၁၈ ရက်၌ ဆက်လက်စစ်ဆေးရန် ရုံးချိန်းခေါ်ယူထားကြောင်း ဒေါ် ချိုချိုထွန်းကပြောသည်။
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ သည် အာမခံပေး၍ ရသည့်ပုဒ်မ ဖြစ်ပြီး တရားရုံးက အာမခံပေး သော်လည်း အာမခံမယူဘဲ အမှု ဆက်လက်ရင်ဆိုင်မည် ဖြစ် ကြောင်း စွပ်စွဲခံရသူ နှစ်ဦးက ပြောကြားထားသည်။
တိုင်းရင်းသားဒေသများ၌ ထိုးစစ်များ အမြန်ဆုံးရပ်တန့်ရေး နှင့် ကချင်ပြည်နယ်တွင် ပိတ်မိ နေသော ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေး မေလ ၆ ရက် ညနေက မန္တလေးဈေးချိုတော် အ နီးဆန္ဒပြရာ၌ သက်ဆိုင်ရာဌာန ထံ ခွင့်ပြုချက်တောင်းခံခြင်း မရှိ ဟု ဆိုကာဦးဆောင်သူသုံးဦးကို ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ မှူးက တရားလိုပြုလုပ်၍ ငြိမ်းစု စီဥပဒေပုဒ်မ ၁၉ဖြင့် မေလ ၇ ရက်တွင် အမှုဖွင့်ခဲ့သည်။
7Day







0 comments:
Post a Comment