သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံပြည်ပရေးရာဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို ယမန်နေ့ကလက် ခံတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။
ထို့အတူနှစ်နိုင်ငံနယ်စပ်ဒေ သရှိ ပြည်သူများ၏ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ယင်းတွေ့ဆုံပွဲသို့ သမ္မတ နှင့်အတူပြည်ထောင်စုဝန်ကြီးအ ချို့လည်းတက်ရောက်ခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီး ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာ-အိန္ဒိယနယ်နိမိတ်စီမံခန့် ခွဲမှု သဘောတူညီချက်နားလည် မှု စာချွန်လွှာ ချုပ်ဆိုမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာ န အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကပြောကြားထားသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန် မျှော်မှန်း ထားသည့် ယခုခရီးစဉ်အတွင်း ပုဂံယဉ်ကျေးမှုနယ်မြေ၌ ငလျင် ကြောင့် ပျက်စီးသည့် ဘုရားများ ပြုပြင်မွမ်းမံရန် အိန္ဒိယပညာရှင် နှင့် နည်းပညာအကူအညီပေးရေး နားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးရန်ရှိကြောင်း၎င်းက ဆိုသည်။
7Day







0 comments:
Post a Comment