Wednesday, August 1, 2018

မိုးဆက်ကောင်းနေ၍ သြဂုတ်လ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန် တာဝန်ရှိသူများသတိပေး

ရေဘေးသင့်ဒေသများတွင် မိုးဆက်လက်ကောင်း နေပြီး ရေဘေးသင့်လူဦးရေဆက် လက်တိုးလာနေကာ တစ်ချိန် တည်းတွင် အထက်ပိုင်းဒေသများ ၌လည်း မိုးပိုလာ၍ သြဂုတ်လ ရေဘေး ကြိုတင်ပြင်ဆင်ရန် တာ ဝန်ရှိသူများက သတိပေးသည်။
‘‘မိုးက ဆက်ကောင်းပြီးမြစ် ရေတိုးလာတာနဲ့ဆုံရင် ရေဘေး အတွက် အထက်ပိုင်းဒေသတွေ ရော အောက်ပိုင်းဒေသတွေပါ သ တိပြုနေထိုင်ဖို့ လိုပါတယ်’’ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြော ကြားသည်။ လူတစ်သိန်းငါးသောင်းခန့် ရေဘေးကြုံတွေ့နေသော ကရင်၊ မွန်၊ ပဲခူးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အပြင် ချင်းနှင့် ရခိုင် ပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင်ပါ နေရာ ကွက် မိုးကြီးနိုင်ကြောင်း သြဂုတ် ၁ ရက်တွင် မိုးဇလက သတင်း ထုတ်ပြန်သည်။ ရေဘေးသင့်ဒေသများတွင် မြစ်ရေ ပြန်ကျခြင်းသည် ရေ ဘေးကြုံနေသူများအတွက် သ တင်းကောင်းဖြစ်ပြီး မိုးဆက်လက် ကောင်းနေသည့်အပေါ် စိုးရိမ် မကင်းဖြစ်နေသည်။ ရန်ကုန်တိုင်း ဒေသကြီး ကိုကိုးကျွန်း၌ မိုးရေ ချိန်စံချိန်သစ်တင်ခဲ့သည်။ ‘‘သြဂုတ်လမှာ ကြုံရနိုင်တဲ့ ရေဘေးအတွက် ကျွန်တော်တို့ လည်း ကြိုတင်ပြင်ဆင်နေတယ်။ ပြည်နယ်နဲ့ တိုင်းတွေကို လှေတွေ တောက်လျှောက်ပို့နေတယ်။ လူ ထုအနေနဲ့ကလည်း သတိထားဖို့ လိုပါတယ်။ မိုးတွေကရွာရင် အ ချိန်တိုအတွင်း ရေအများကြီးပါ လာပြီး မြေပြိုတာတွေ၊ ရေကြီး တာတွေ ဖြစ်နေတာတွေကို သတိ ပြုကြပါ’’ ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။ သြဂုတ် ၁ ရက် အခြေအနေ အရ စစ်တောင်း၊ ပဲခူး၊ ရွှေကျင်၊ ဘီးလင်းနှင့် သံလွင်မြစ်တို့သည် ရေအနည်းငယ်ပြန်ကျနေသော် လည်း မြန်မာနိုင်ငံအထက်ပိုင်းဒေ သရှိ စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မ လင်းမြို့၌ ချင်းတွင်းမြစ်ရေ စိုး ရိမ်ရေမှတ်အနီး ရောက်နေသည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့၏ စိုးရိမ်ရေမှတ်အောက်တစ် ပေခွဲခန့်တွင် ရောက်ရှိနေကာ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေ မှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။ မြစ်ကမ်း ဘေးမြို့နယ်များတွင် ချင်းတွင်း မြစ်ရေ တိုးလာနေကြောင်း ဒေသ ခံများကပြောသည်။ ရေဘေးသင့်ဒေသများတွင် မြစ်ရေ အနည်းငယ်ပြန်ကျစပြု နေသော်လည်း ရေဘေးသင့်လူ ဦးရေ ဆက်လက်တိုးနေကာကယ် ဆယ်ရေးစခန်း ၃၂၇ ခု၌ လူ ၁၄၈,၃၈၆ ဦးခိုလှုံနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။ ကရင်ပြည်နယ်တွင်ကယ် ဆယ်ရေးစခန်း ၆၇ ခု၌ လူ ၂၆,၀၉၈ ဦး၊ မွန်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၅၅ ခု၌ လူ ၁၉,၆၄၄ ဦး ခိုလှုံနေသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကယ်ဆယ်ရေးစခန်း ၁၁ ခု၌ လူ ၆,၅၈၃ ဦး၊ ပဲခူးတိုင်းဒေသကြီး တွင် ကယ်ဆယ်ရေးစခန်း ၁၉၂ ခု ၌ လူ ၉၅,၂၅၁ ဦးယာယီ ခိုလှုံနေ သည်။ 7Day





0 comments:

Post a Comment