လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမြို့နယ်ကိုဖွံ့ဖြိုးရေးလုပ်ရန်အချိန်မရှိဘဲ အချင်းချင်းတိုက်ခိုက်ခြင်းကို ရှင်းနေရသည်နှင့် ၃ နှစ်ကုန်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က ပြောလိုက်သည်။
Sunday, September 30, 2018
ကုလသမဂ္ဂကို ဒေါ်နယ်ထရန့်  ဖျက်ဆီးနေဟု မာကယ်လ် သတိပေး
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဟာ ကုလသမဂ္ဂကို ဖျက်ဆီးနေကြောင်း ဂျာမနီအဓိပတိ အန်ဂျလာ မာကယ်လ် က စက်တင်ဘာ ၃၀ ရက်နေ့ မှာ သတိပေးပြောဆိုလိုက်ပါတယ်။
နေအိမ်အတွင်းမြေတူးရာမှ သေနတ်ကျည်ဆန်များ တူးဖော်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ ဟဲနုကျေးရွာမှာ စက်တင်ဘာ ၃၀ ရက်နေ့ ၁ နာရီခွဲ လောက်က လမ်းပြုပြင်ဖို့အတွက် မြေအားတူးဖြိုရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် သေနတ်ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။
အမေရိကန်တွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦးသေဆုံး
အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အယ်လန်တောင်းမြို့က လမ်းထောင့်မှာ စက်တင်ဘာ ၃၀ ရက်ညက ပေါက်ကွဲမှုတခုကြောင့် လူ ၃ ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။
ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၃ ချက်သဘောတူ
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံရေးအတွက် အချိန်ဇယားနဲ့ လမ်းပြမြေပုံ ရေးဆွဲဖို့ အပါအ၀င် အချက် ၃ ချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုရရှိသွားပါတယ်။
မဲဆောက်ဈေးကြီး မီးလောင်မှု ဘတ်သန်း ၂၀ ကျော်ဆုံးရှုံး၊ ပိတ်မိမြန်မာ ၁ ဦးကို ကယ်တင်နိုင်ခဲ့
မြန်မာအလုပ်သမားတွေ အများအပြားဝင်ရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းက မြုနီစီပယ်ဈေးကြီးအတွင်း မီးလောင်မှုဖြစ်ပွားပြီး ဘတ်သန်းပေါင်း ၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
၅၄ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
ငွေတန်ဖိုး ဆက်မကျအောင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် လုံးပန်း
ငွေတန်ဖိုးကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု ဖိအားများ အသစ်ပြန်ဖြစ်လာခြင်းကို ကာမိရန် ဖွံ့ဖြိုးဆဲ အာရှမှ ဗဟို ဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာ တင်းကြပ်မှုများ နောက်ထပ်ပြုလုပ်ရန် ဖြစ်လာစေခဲ့သည်။
ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်း ထရာမီ ၀င်ရောက်ရာ လူ ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရ
ဂျပန်တောင်ပိုင်းကျွန်းတွေမှာ တိုင်ဖုန်းမုန်တိုင်း ထရာမီ ၀င်ရောက်တိုက်ခိုက်တာကြောင့် ဒဏ်ရာရသူ ဒါဇင်များစွာ ရှိခဲ့ပါတယ်။
ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး ထရမ့်ကို မာကဲလ် သတိပေး
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ကုလသမဂ္ဂကို ဖျက်ဆီးဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပါတယ်။
အခြေခံဥပဒေကြောင့် ဝန်ကြီးချုပ်နေရာ ရခိုင်ပါတီများ မရဟု SNLD အထွေထွေ အတွင်းရေးမှူးပြော
၂၀၀၈ အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှုကြောင့် နိုင်ငံရေးစနစ်အရ ပြည်နယ်အစိုးရ၌ ဝန်ကြီးချုပ်ကဲ့သို့ နေရာမျိုးကို ရခိုင်ပါတီများမှ မရခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အထွေအထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
အင်ဒိုနီးရှားတွင် အားပြင်းငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈၃၂ ယောက်အထိ ရှိ
အင်ဒိုနီးရှားနိုင်ငံ အလယ်စူလာဝေဆီပြည်နယ်မှာ အင်အားပြင်းငလျင်နဲ့ ဆူနာမီတို့ကြောင့် သေဆုံးသူဦးရေဟာ စင်တင်ဘာ ၃၀ ရက် နေ့လယ်တနာရီအချိန်မှာ ၈၃၂ ယောက်ထိ ရောက်သွားပြီလို့ အင်ဒိုနီးရှား ကပ်ဘေးစီမံရေး အမျိုးသားဘုတ်အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အထက်တန်းလွှာတွင်သာဆွေးနွေးနေပါက ပြည်သူများသိရှိမှုအားနည်းဟု ဆို
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အထက်တန်းလွှာတွင်သာ ဆွေးနွေးနေပါက အများပြည်သူသိရှိမှု အားနည်းသဖြင့် အများပြည်သူသိရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း တာမွေမြို့နယ်၊ လူမှုရေးကွန်ရက်မှ ကိုအောင်မျိုးလင်းက ပြောသည်။
ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနစ်သောင်းကျော် ဈေးပြန်ကျ
မြန်မာ့ရွှေဈေးကွက်၌ စံချိန်တင်ဈေးအဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၅၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီးနောက် ၁၀ ရက်အတွင်း ကျပ် ခုနစ်သောင်းကျော် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။
NLD ပါတီမှ နုတ်ထွက်ခြင်းသည် အလှူငွေမထည့်နိုင်၍ နုတ်ထွက်ခြင်းမဟုတ်ဘဲ ပါတီနှင့်လွှတ်တော်တွင် ဒီမိုကရေစီဆိတ်သုဉ်းနေသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ နုတ်ထွက်ခြင်းသည် အလှူငွေမထည့်နိုင်၍ နုတ်ထွက်ခြင်းမဟုတ်ဘဲ ပါတီနှင့် လွှတ်တော်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းနေသည့်အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။
ထောင်(၇)လ ချခံရပြီး လွတ်မြောက်လာသူမာန်အောင်ဒေသခံနှစ်ဦးကို လျော်ကြေးငွေမယူပါက ထောင်ချပြီးအိမ်ကိုသိမ်းမည်ဟု ထပ်မံခြိမ်းခြောက်
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် စမုံတဲ လယ်ယာဉ်ကွင်းတိုးချဲ့ရာတွင်ပါဝင်သည့် အိမ်ခြံမြေများအတွက် တောင်းဆိုသည့် လျော်ကြေးမရသဖြင့် အိမ်မဖယ်ပေးရာမှ ထောင်ချ (၇) လ ချမှတ်ခံရပြီးနောက် များမကြာမီက လွတ်မြောက်လာသူ အိမ်ထောင်ဦးစီး နှစ်ဦးကို လျော်ကြေးငွေကို မယူပါက ထောင်ချပြီး အိမ်ကို သိမ်းဆည်းမည်ဟု အာဏာပိုင်များက ထပ်မံ ခြိမ်းခြောက် ပြောဆိုသည်ဟု အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သူ ဦးဖြူသီးခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့်ပြုရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့ တောင်းဆို
နိုင်ငံခြားသားများကို ကွန်ဒိုရောင်းချခွင့် အမြန်ဆုံးခွင့်ပြုပေးရန် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအချို့က တောင်းဆိုသည်။ ငါးနှစ်ကိုးလကြာ ရေးဆွဲ အတည်ပြုခဲ့သည့် ကွန်ဒိုမီနီယံ ဥပဒေ၊ နည်းဥပဒေများထွက်လာ သော်လည်း ဥပဒေကျင့်သုံးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လိုအပ်နေခြင်းကြောင့် နိုင်ငံခြားသားများကို လက်ရှိအချိန်အထိရောင်းချနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုင်းခွန်နောင်က ပြောသည်။
SME လုပ်ငန်း ၁၈၀ ကျော်ကို ဒိန်းမတ်နိုင်ငံက ငွေကြေးထောက်ပံ့မည်
ဒိန်းမတ်နိုင်ငံက ချင်း၊ ကယားနှင့် တနင်္သာရီတိုင်းတို့ရှိ အသေးစား၊ အလတ်စားစီးပွား ရေးလုပ်ငန်း (SME) ၁၈၂ ခုကို ငွေကြေးထောက်ပံ့မည်ဟု မြန်မာနိုင်ငံဒိန်းမတ်သံရုံးက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ၂၀၂၀ အထိ သက်တမ်းတိုး
ပြည်ပဆန်တင်ပို့မှု၏ ထက်ဝက်ကျော် ဈေးကွက်ဝေစု ရယူထားသည့် တရုတ်နိုင်ငံသို့ ၂၀၂၀ စက်တင်ဘာအထိ တရား ၀င်ဆန်တင်ပို့ရန် စာချုပ်သက် တမ်းတိုးမြှင့်နိုင်ခြင်းက အခွင့်အ လမ်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောသည်။
ဥရောပကိုကူးရန် ကြိုးပမ်းသည့် ရွှေ့ပြောင်း ၂၇၆ ဦးကို စပိန်ကယ်ဆယ်
မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကိုကူးဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းလာသူ ၂၇၆ ဦးကို စပိန်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က စက်တင်ဘာ ၂၉ ရက်မှာ ကယ်ဆယ်ခဲ့ပါတယ်။
မြန်မာလုပ်သားသေဆုံးမှု အဖြစ်မှန် ပေါ်ပေါက်ရန်နှင့် တာဝန်ရှိသူများကို အရေးယူရန် တောင်ကိုရီးယားတွင် မြန်မာ ၃၀၀ ကျော် ဆန္ဒထုတ်ဖော်
တောင်ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၏ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် မြန်မာလုပ်သား ကိုသန်းဇော်ဌေး တိုက်ပေါ်မှ ပြုတ်ကျပြီး သေဆုံးမှုအတွက် ဖြစ်ရပ်မှန်ဖော်ထုတ်ပေးရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် တောင်ကိုရီးယားမှ လူမှုအဖွဲ့အစည်း ၇၀ ကျော်နှင့် မြန်မာလုပ်သား ၃၀၀ ခန့်က ယမန်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
ဂရိတွင် West Nile ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူ ၄ ဦး သေဆုံး
ဂရိနိုင်ငံမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း West Nile ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူလေးဦး သေဆုံးခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ပြောပါတယ်။
ဖားကန့်တွင် အားပြင်းမိုင်းများ ဖောက်ခွဲမှုကြောင့် ပြည်သူအချို့ ဒဏ်ရာရပြီး စိုးရိမ်ထိတ်လန့်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတွင်းတွေမှာ အားပြင်းတဲ့ မိုင်းဖောက်ခွဲမှုတွေ ပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရမှု ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများကို ဖမ်းမိ
လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံခဲ့တဲ့ ကမာရွတ်မြို့နယ်မှာ အငှားယာဉ်မောင်းအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူတွေကို ဖမ်းဆီးမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကန်-ဖိလစ်ပိုင် ပူးတွဲစစ်လေ့ကျင့်မှု အရှိန်မြှင့်မည်
အမေရိကန်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံစစ်ဘက်တွေပူးတွဲပြီး နှစ်စဉ်လုပ်နေကျ တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်ခန်းတွေအပါအဝင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်ချက်တွေကို နောက်နှစ်မှာ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်စစ်ဘက်က သောကြာနေ့မှာပြောပါတယ်။
၂၀၁၈ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ဘယ်သူရနိုင်သလဲ
၂၀၁၈ ခုနှစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာ ဂျာမန်ဝန်ကြီးချုပ်၊ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတဦးတို့လည်း ပါနိုင်ခြေရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ထားပါတယ်။ ဒီသုံးဦးရဲ့ ကိုယ်ရေးနောက်ခံအကျဉ်းနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု နောက်ခံသမိုင်းတချို့ အပါအဝင် နိုဘဲလ်ဆုဆိုင်ရာ အကြောင်းအရာတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ကန်ဒေါ်လာတစ်သိန်းလှူဒါန်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ပုပ် ရဟန်းမင်းကြီးဖရန်စစ်က ကန် ဒေါ်လာတစ်သိန်းနှင့်ညီမျှသည့် ကျပ်သိန်း ၁,၃၃၀ ကို လှူဒါန်းခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်သွားမည်
မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလဆန်းပိုင်းမှာ ဂျပန်နိုင်ငံကို ၆ ရက်ကြာ ခရီးသွားလာရောက် ဖို့ရှိတယ်လို့ ဂျပန်အစိုးရသတင်းတွေကို ကိုးကားပြီး Japan Today သတင်းမှာ ဖေါ်ပြထားပါတယ်။
အိပ်ခ်ျအိုင်ဗွီဆေး သောက်သုံးသူဦးရေ ၁ နှစ်အတွင်း ၃ သောင်းခန့် တိုးလာ
မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီရောဂါတန့်ဆေး (အေအာတီ) သောက်သုံးသူဦးရေဟာ တနှစ်အတွင်း ၃ သောင်းဝန်းကျင် တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မောင်တောမြို့နယ် မော်လ၀ီကျေးရွာတွင် ဓားပြတိုက်၊ ၂ ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းအုပ်စု၊ မော်လဝီကျေးရွာမှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြေပါတယ်။
ဒေါ်လာဈေးကစားသူများကို ထပ်မံဖမ်းဆီးရန်လုပ်နေဟု စစစ ညွှန်ကြားရေးမှူးပြော
ဒေါ်လာဈေးကစားသူ ၄ ယောက်ကို ဖမ်းဆီးအရေးယူထားပြီး ၁ ယောက်ကို တရားခံပြေးအဖြစ် သတ်မှတ်ထားသလို နောက်ထပ်ဈေးကစားသူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ဒီဗွီဘီကို ဒီနေ့ ပြောပါတယ်။
သနပ်ခါးလိမ်းသည့် အလေ့အထများ မကွယ်ပျောက်စေရန် သနပ်ခါးပွဲတော် ကျင်းပ
မြန်မာတို့၏သင်္ကေတ၊ မြန်မာတို့၏ သနပ်ခါးလိမ်းသည့် အလေ့အထယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရန်ရည်ရွယ်ချက်ဖြင့် ပန်းဆိုးတန်းအနု ပညာပြခန်းမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက သနပ်ခါးပွဲတော် ကျင်းပခဲ့သည်။
အင်ဒိုနီးရှား ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ ၈၃၀ ကျော်ထိ ရှိလာ
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က လှုပ်ခဲ့တဲ့ အားပြင်းမြေငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ယနေ့လက်ရှိအချိန်မှာ ၈၃၂ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားမှာ ဆူနာမီအပြီး တွေ့ရတဲ့ ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က အင်အားပြင်း ငလျင်တစ်ခုလှုပ်ပြီး နောက်ဆက်တွဲဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ယနေ့ စက်တင်ဘာ ၃၀ ရက်မှာတော့ ၄၂၀ အထိ ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပုံကို ပြောတဲ့ရွှေသမီး
စိတ်ဓာတ်ကျ၊ စိတ်ညစ်သည့်အခါများတွင် စိတ်နှင့်သာအနိုင်ယူပြီး ခက်ခဲသည့်ကိစ္စများကို လူကြီးများနှင့် တိုင်ပင်ဖြေရှင်း လေ့ရှိကြောင်း သရုပ်ဆောင်ရွှေသမီးက ပြောသည်။
ကားအစိတ်အပိုင်းများတင်သွင်းပြီး တပ်ဆင်ထုတ်လုပ်ရန် ပြည်တွင်း၊ပြည်ပကုမ္ပဏီ ၁၈ ခုကို MIC ခွင့်ပြုထား
ပြည်ပမှ အစိတ်အပိုင်း များ တင်သွင်းပြီး ကားပြန်လည် တပ်ဆင်ထုတ်လုပ်မည့်လုပ်ငန်း လုပ်ကိုင်ရန် (SKD) ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၈ ခုကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားကြောင်း မြန်မာ နိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ် ရောင်းချသူများအ သင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်ဒဂုံတွင် ကျူးကျော်နေအိမ် ၃၀ ခန့်ကို ဖယ်ရှားဟု တာဝန်ရှိသူပြော
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်(၆၂) ရပ်ကွက် ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံ ကိန်းဆောင်ရွက်မည့်မြေနေရာတွင် ၀င်ရောက်နေထိုင်သည့် ကျူးကျော်နေအိမ် ၃၀ ခန့်ကို ယမန်နေ့က ဖယ်ရှားခဲ့သည်။

















































