အီရတ်ပါလီမန်မှာ ယှဉ်ပြိုင်အရွေးခံပြီးနောက် အလယ်အလတ်ဝါဒီ ကာ့ဒ်လူမျိုး ဘာဟမ်ဆာလက်ရှ်ဟာ အောက်တိုဘာ ၂ ရက် ညနေမှာ အီရတ်သမ္မတအဖြစ် ပါလီမန်က မဲပေးတင်မြှောက်လိုက်ပါတယ်။
ဆာလက်ရှ်ဟာ အဓိကပြိုင်ဖက်ဖြစ်သူ ဖက်ဒ်ဟူစိန်ကို ၂၁၉ မဲ၊ ၂၂ မဲနဲ့ အပြတ်အသတ် အနိုင်ရလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဆာလက်ရှ်ဟာ ဆာဒမ်ဟူစိန် ကျဆုံးပြီးနောက် အီရတ်နိုင်ငံရေးလောကရဲ့ ၀ါရင့်တစ်ဦးဖြစ်တဲ့ ယခင် ဒုတိယသမ္မတဟောင်း အက်ဒဲလ်အက်ဘဒူမာဒီကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်နာမည်စာရင်းသွင်းပြီး အစိုးရသစ် ဖွဲ့စည်းဖို့ ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အောက်တိုဘာ ၂ ရက်မှာ သမ္မတကို လွှတ်တော်က မဲပေးတင်မြှောက်တာပဲ ဖြစ်ပါတယ်။
အာဏာရှင် ဆာဒမ်ဟူစိန်ကို ဖြုတ်ချတဲ့ အမေရိကန်ဦးဆောင်တဲ့ ကျုးကျော်မှုအပြီး နှစ်နှစ်အကြာ ၂၀၀၅ ခုနှစ်က ပါတီပေါင်းစုံ ရွေးကောက်ပွဲ ကျင်းပချိန်ကစပြီး ကာ့ဒ်တွေအတွက် သီးသန့်ဂုဏ်ထူးဆောင် သမ္မတ ရွေးချယ်ခန့်အပ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။
ရှီယိုက်အစ္စလာမ္မစ် နိုင်ငံရေးသမားလည်း ဖြစ်ပြီး ပြင်သစ်မှာ စီးပွားရေးဘွဲ့ရခဲ့သူ အက်ဒဲလ်အက်ဘဒူမာဒီကို မေလရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ ရှီးယိုက်ဦးဆောင်တဲ့ ပါတီနှစ်ရပ်စလုံးက နာမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမယ့် အက်ဒဲလ်အက်ဘဒူမာဒီအနေနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ပြီး အိုင်အက်စ်အုပ်စုကို လေးနှစ်ကြာ ချေမှုန်းခဲ့ရတဲ့ စစ်ပွဲဒဏ်သင့် အီရတ်ကို ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
mizzima







0 comments:
Post a Comment