တရုတ်နိုင်ငံရဲ့ ပထမတန်း ရုပ်ရှင်မင်းသမီး ဖန်ပင်းပင်းကို အခွန်ရှောင်မှုအတွက် ဒဏ်ငွေ အနေနဲ့ ယွမ်ငွေ ၈၈၄ သန်းကျော်ပေးဖို့ အမိန့်ချလိုက်တယ်လို့ တရုတ်အစိုးရရုပ်သံ အောက်တိုဘာ ၃ ရက်နေ့ CCTV သတင်းမှာ ကြေညာပါတယ်။
ဖျော်ဖြေရေး လုပ်ငန်းအတွင်း အခွန်ရှောင်မှု နှိမ်နင်းရေး အရှိန်အဟုန် မြှင့်တဲ့အနေနဲ့ ခုလို အမိန့်ချတာလို့ ဆိုပါတယ်။
ဇွန်လတုန်းက အသက် ၃၇ နှစ်ရှိတဲ့ မင်းသမီး ဖန်ပင်းပင်း ပျောက်နေခဲ့လို့ သူ ဘယ်ရောက်နေလဲဆိုတာ ရမ်းသမ်း ထင်ကြေးပေးခဲ့ကြတာပါ။
ဒီနောက် ရုပ်ရှင် ၂ ကားနဲ့အတူ ပြန်ပေါ်လာခဲ့လို့ တရုတ်နိုင်ငံတလွှား အွန်လိုင်းကနေ ကြည့်ရှုသူ အယောက် ၆၂ သန်းကျော် ရှိခဲ့ပါတယ်။
ဖန်ပင်းပင်းကတော့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ လက်ခံတယ်၊ ဒဏ်ငွေတွေကိုပေးဖို့ အခက်အခဲ အားလုံးကို ကျော်ဖြတ်မယ်လို့ တရုတ်လူမှုကွန်ရက် ဝေဘိုရဲ့ တရားဝင် အကောင့်ကနေ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖန်ကိုရော သူ့ကိုယ်စားလှယ်ကို ဆက်သွယ်လို့ မရသေးပါဘူး။ ဇွန်လစုံစမ်းစစ်ဆေးမှုအတွင်း သက်သေဖျောက်ဖို့ ကြိုးစားမှုအတွက် ဖန်ရဲ့ ကိုယ်စားလှယ်ကို ရဲတွေက ကန့်သတ်ထားတယ်လို့ တရုတ်အစိုးရ မီဒီယာ ဆင်ဟွာက အစီရင်ခံထားပါတယ်။
DVB







0 comments:
Post a Comment