Thursday, November 1, 2018

ဘုန်းကံရှိသည့် ပါတီအတွက် နေရာသိပ်မရှားဘူးဟု ဦးသန်းဌေး ပြော


ဘုန်းကံရှိသည့် ပါတီအတွက် နေရာသိပ်မရှားဘူးဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောကြားလိုက်သည်။ နိုဝင်ဘာ ၁ ရက်က မအူပင်မြို့နယ်တွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ပြည်ခိုင်ဖြိုးပါတီ၏ အခမ်းအနားပြုလုပ်သည့်နေရာများအား ဥပဒေနှင့် ညီမညီ ဥပဒေ အား ပြန်လှန်ဖတ်ခဲ့ကြောင်း၊ ဥပဒေနှင့်ညီသည်သာ တွေ့ရပြီး မညီသည်ကို မတွေ့ရကြောင်း ၊ကြားဖြတ်ရွေးကောက်ပွဲလုပ်ရန် တစ်ရက်နှစ်ရက်သာလိုတော့၍ အကျယ်အကျယ် မဖြစ်လိုသည့်အတွက် ရသည့်နေရာတွင် လုပ်ရကြောင်း ဦးသန်းဌေးက ပြောသည်။ 

“ဒီလိုမျိုး မဏ္ဍပ်တွေ စတိတ်တွေ ဒါလည်း ခမ်းခမ်းနားနား ပေါ်ပေါက်လာတာပါပဲ။ အဲဒီတော့ ဘုန်းကံရှိတဲ့ ပါတီအတွက် နေရာ သိပ်မရှားဘူးလို့ပြောရမှာပါပဲ”ဟု ၄င်းက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၈ ခုနှစ်နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၌ လစ်လပ်နေရာ ၁၃ နေရာ မှ ၁၀နေရာ ကို ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

“ ဥပဒေနဲ့ အညီ လိုက်နာကျင့်သုံးနေထိုင်ပါလို့ ပြောတဲ့စကားဟာ အင်မတန် နားထောင်လို့ ကောင်းတယ်။ သို့သော် အဲဒီစကားကို လိုက်နာဖို့က အရေးကြီးတယ်’’ဟု ဦးသန်းဌေးက ပြောသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment