Thursday, November 1, 2018

ဗမာ - ရခိုင် တွဲသုံးနိုင်သော keyboard မကြာခင် တီထွင်၍ အသုံးပြုနိုင်မည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးပြော


ဗမာ-ရခိုင် တွဲဖက်သုံးနိုင်သော keyboard မကြာခင် တီထွင်၍ အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်း သားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က အကုန်သိသတင်းဌာနကို ပြောသည်။ 
“အခုက ကီးဘုတ်သုံးတာ အဆင်သိပ်မပြေဘူးလေ။ အဲဒါကို အားလုံးအဆင်ပြေအောင် ရခိုင် - ဗမာ တွဲသုံးနိုင်တာပေါ့။ ဒါကိုလုပ်မှာပါ။ မကြာခင်တော့အသုံးပြုနိုင်မယ်’’ဟု ၀န်ကြီးက ဆိုသည်။ 

၎င်း ရခိုင်-ဗမာ ကီးဘုတ် တီထွင်ရန် ဆွေးနွေးမှုအား အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင်  ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ Artificial Intelligent ပညာရှင် ဒေါက်တာရဲကျော်သူ ၊ဒေါက်တာနုမြဇံ၊ ဒေါ်သဇင်ြမင့်ဦး (ရခိုင်-ဗမာ-အင်္ဂလိပ် ) ဘာသာပြန်စနစ် သုတေသန ဖြင့် ပါရဂူကျမ်းပြုနေသူ တို့အား ဝန်ကြီး၏ ရုံးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။ ယင်းကဲ့ သို့တွေ့ဆုံရာတွင် ရခိုင်နှင့် ဗမာတွဲ ဖက် သုံးနိုင်သော ကီးဘုတ်ကို တီထွင် ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

ဒေါက်တာရဲကျော်သူသ ည် ဂျပန်တွင် စက်ရုပ်ကို နှုတ်ဖြင့်စေခိုင်းသည့် ပရောဂျက်များ လုပ်ဆောင် အောင်မြင်ခဲ့သူတစ်ဦး ဖြစ် ပြီး သုတေသနများစွာ လုပ်ဆောင်ခဲ့ သူဖြစ်ကြောင်း၊ ကီးဘုတ်နှင့် ပတ်သက်ပြီး ဗြဟ္မီအကွရာ၊ သက္ကတ ဗျည်းစနစ် အနွယ်ဝင်များ အတွက် စံကီးဘုတ် သုတေသနဖြင့် ပါရဂူဘွဲ့ကိုလည်း ရယူခဲ့ကြောင်း သိရသည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment