Thursday, November 1, 2018

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဆုရမီးပုံးပျံများကို ယခင်နှစ်ထက် ဆုကြေးပိုပေးရန် စီစဉ်



ယခုနှစ်တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင် ပွဲတွင် ဆုရမီးပုံးပျံများကို ယခင် နှစ်ထက် ဆုကြေးပိုမိုပေးအပ်နိုင် ရန် စီစဉ်ထားသည်ဟု ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအ သင်း ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း က ပြောသည်။ 
‘‘ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့တွေ ကို ဆုကြေးပိုမိုချီးမြှင့်ပေးနိုင်ဖို့ ပွဲ ကျင်းပရေး ဦးစီးကော်မတီတွေ ဖြစ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီးတွေကို တင်ပြပေးထားတယ်။ အခုထိတော့ ဆုံးဖြတ်ချက်ချမှတ် ပေးလာတာ မရှိသေးပါဘူး’’ ဟု ဒေါက်တာ သန်းဝင်းက ပြော သည်။ 

ဆုရမီးပုံးပျံပထမဆု၊ ဒုတိယဆု၊ တတိယဆုအလိုက်တစ်လုံးလျှင် ကျပ်ငါးသိန်းစီ ယခင်နှစ်ထက် ပိုမို ဆုချီးမြှင့်ပေးနိုင်ရန် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီထံ တင်ပြထားခြင်းဖြစ် သည်။ ၂၀၁၇ က တောင်ကြီးတန် ဆောင်တိုင်ရိုးရာ မီးပုံးပျံပြိုင်ပွဲဝင် ညမီးကြီးမီးပုံးပျံ ပထမဆု ကျပ် ၆၅ သိန်း၊ ဒုတိယဆု ကျပ်သိန်း ၅၀၊ တတိယဆု ကျပ် ၄၅ သိန်းနှင့် စိန်နားပန် မီးပုံးပျံပထမဆု ကျပ် ၂၇ သိန်း၊ ဒုတိယဆု ကျပ် ၂၂ သိန်း၊ တတိယဆု ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့သည်။ 

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းတွင် ဆယ်ရက်တိုင် ကျင်းပမည်ဖြစ်သည်။ 

၂၀၁၇ က ကျင်းပသည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်တွင် ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၉ လုံး၊ နေ့လွှတ် အရုပ်ခြေနှစ်ချောင်း ၁၄၄ လုံး၊ ခြေလေးချောင်းအရုပ် ၇၂ လုံး၊ အရုပ်အုပ်စု ၅၀ လုံး စုစုပေါင်း ပြိုင်ပွဲဝင် မီးပုံးပျံ ၃၉၃ လုံး ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။


7Day

0 comments:

Post a Comment