Thursday, November 1, 2018

ပုပ္ပားဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေးထားရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား လှေကားထစ် ၈၃၂ ထစ်ရှိသော ပုပ္ပားတောင်ကလပ်ပေါ်သို့ သက်သောင့်သက်သာေ ခြကျင်တက်ခဲ့ဟုဆို


ပုပ္ပားဒေသသို့ သွား ရောက်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပေ ၂၄၀၀ ကျော်မြင့်ပြီး လှေကားထစ် ၈၀၀ ကျော်ရှိသည့် တောင်ကလပ်ပေါ်သို့ သက်သောင့်သက်သာ ခြေကျင်တက်ရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလေးထားရန် မှာကြားကြောင်း တောင်ကလပ်စေတီ ဂေါပက အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။ 
အသက်(၇၃)နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၃၁ ရက်တွင်ပုပ္ပားသို့ရောက်ရှိပြီး နိုဝင်ဘာ ၁ ရက် နံနက်က ၂၄၁၇ ပေ အမြင့်ရှိ တောင်ကလပ်ပေါ်သို့တက်ရောက်ခဲ့သည်။ လှေကားထစ် ၈၃၂ ထစ်ရှိသောဆင်နှစ်ကောင် စောင်းတန်းဘက်မှ တက်ရောက် စဉ် မန္တလေးတိုင်းဝန်ကြီးချုပ်အ ပါအ၀င် ၎င်းထက်ငယ်ရွယ်သူများ ထက်ပို၍သွက်လက်နေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြော သည်။ 

‘‘တောင်ကလပ်ကိုတက်တာ သက်သောင့်သက်သာပဲဗျ။ ငယ်တဲ့သူတွေက မောနေတယ်၊ သူက ဘာမှမဖြစ်ဘူး။ ဟောဟဲ ဟောဟဲတောင်မဖြစ်ဘူး။ ကျွန် တော့်ကိုယ်တွေ့ပဲ။ ကျွန်တော်က ဘေးက ကပ်လိုက်တာ။ နောက် ပြီး သစ်ပင်သစ်တောထိန်းသိမ်း ရေးတွေ အထူးပဲစိတ်ဝင်စားတယ်’’ ဟု ဦးမြင့်ဌေးက ဆက်လက်ပြောသည်။ 

တောင်ကလပ်ဝန်းကျင် သန့်ရှင်းရေး မျောက်များကို အစာကျွေးသည့်စနစ် ပြောင်းလဲ ရန်၊ သန့်ရှင်းရေးအလေးထားရန် နှင့် တောင်ကလပ်ပေါ်တွင် သံ ဆန်ခါများတပ်ဆင်ရန်၊ ဘဏ္ဍာ ငွေကို ဘဏ်ထဲတွင်မထားဘဲ ပတ်ဝန်းကျင်လှပသာယာရေးအ ကျိုးရှိစွာ သုံးစွဲရန်မှာကြားသည် ဟု ဦးမြင့်ဌေးနှင့် ကျောက်ပန်း တောင်းမြို့နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီဝင်ကိုလင်း လင်းက ပြောသည်။ 

‘‘အဓိကလာတာ ဘူမိဗေဒ ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေး တာ။ တောင်ကလပ်ပေါ်အထိ တက်ပြီး နေရာစုံသွားတာ။ ဘယ် သူမှ တွဲစရာမလိုဘူး။ ပျော် တောင်ပျော်နေတာ’’ ဟု ကိုလင်း လင်းက ဆိုသည်။ 

တောင်ကလပ်တွင် မျောက် အကောင်ရေ ၃,၀၀၀ ခန့်ရှိပြီး ၎င်းတို့အတွက် အစာကျွေးသည့် နေရာသီးသန့်သတ်မှတ်ရန် စီစဉ် ထားသည်ဟု တောင်ကလပ်စေ တီဂေါပကအဖွဲ့ကဆိုသည်။ 

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်က လပ်မှအဆင်းတွင် ဘူမိဗေဒပညာရှင်များနှင့် တွေ့ဆုံပြီး ပုပ္ပားတောင်မြေပြိုမှုဖြစ်စဉ်ကို ဆွေးနွေးခဲ့သည်။ 

ပုပ္ပားတောင်ကလပ်အနီးတွင် ၂၀၁၇ အောက်တိုဘာက စတင်ကာ လေးကြိမ်စစ်ဆေး သည့်အစီရင်ခံစာကို ရှင်းလင်း တင်ပြခဲ့သည်ဟု ဘူမိဗေဒပညာ ရှင်ဦးချိုဦးက ပြောသည်။ 

‘‘ကျွန်တော်တို့တင်ပြတာ သိပြီးဆိုတော့ ဦးဇော်မြင့်မောင် တို့နဲ့ဆွေးနွေးမယ်ထင်ပါတယ်။ ကောင်းတဲ့နည်းလမ်းကို ရှာကြမှာပါ’’ဟု ဦးချိုဦးက ပြောသည်။ 

၂၀၁၇ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း ပုပ္ပားဒေ သ၌ မိုးသည်းထန်စွာရွာသွန်းပြီး နောက် တောင်ကလပ်နှင့်ပုပ္ပား တောင်မကြီး နေရာအချို့တွင် မြေပြိုမှုနှင့်မြေကျွံမှုများစတင်ဖြစ် ပေါ်ခဲ့သည်။ တောင်ကလပ်အနီး အောင်သိဒ္ဓိကုန်းနေရာရှိ ၁၅ ပေ ခန့်ကျယ်သည့် ကတ္တရာလမ်း သည် နှစ်ပေမှ သုံးပေခန့်ရုတ်တ ရက်နိမ့်ကျခဲ့ပြီး အထက်ပါဖြစ်ရပ် များကို ဦးချိုဦးပါဝင်သောဘူမိ ဗေဒပညာရှင်အဖွဲ့က မန္တလေး တိုင်းဒေသကြီးအစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းကာ မြေပြင်ကွင်းဆင်းစစ် ဆေးခဲ့သည်။ 

ပညာရှင်အဖွဲ့၏ ယင်းအစီ ရင်ခံစာတွင် ပုပ္ပားတောင်ဧရိယာ သည် သဘာဝအလျောက်မြေပြို နိုင်သည့်နေရာဖြစ်ပြီး မြေပြိုမှု အန္တရာယ်လျော့နည်းစေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ် တကျဆောင်ရွက်ရန် လိုအပ် ကြောင်း၊ သဘာဝရေထွက်တွင်းများရှိနေပြီး တောင်၏ ရေစီးရေ လာကောင်းမွန်ရေးနှင့် အ ဆောက်အအုံများဆောက်လုပ်ရာ၌ စနစ်တကျတည်ဆောက် ရေး အစီအစဉ်တကျဆောင်ရွက် သင့်ကြောင်း အကြံပြုထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ယခုခရီးစဉ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သက်မွေး ကျောင်းဖွင့်လှစ်ထားသော ၎င်း၏ ခြံသို့မသွားရောက်ဘဲ နေ့လယ်၌လေကြောင်းဖြင့် နေပြည်တော်သို့ ပြန်ခဲ့သည်။


7Day

0 comments:

Post a Comment