၂၀၁၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အရည်အချင်းမပြည့်မီသည့် ပါတီဝင်များကို စိစစ်ဖော်ထုတ်ပြီး တက်ကြွ သူများနှင့် အစားထိုးသွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့် က အကုန်သိသတင်းဌာနသို့ ပြောသည်။
Monday, December 31, 2018
ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၆၈ ဦးအထိ ရှိလာ
ဖိလစ်ပိုင်နိုင်ငံကို ခရစ္စမတ်အပြီး ၀င်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၆၈ ဦး အထိ ရှိလာခဲ့ကာ အရေအတွက် ထပ်မြင့်လာနိုင်ကြောင်း အရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူတွေက ဒီဇင်ဘာ ၃၁ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။
မုန်တိုင်းကြောင့် မနီလာ အရှေ့ တောင်ဘက် ဘီကိုလ်တောင်တန်းဒေသမှာ လူ ၅၇ ဦး အထိ သေဆုံးခဲ့ကာ အလယ်ပိုင်းကျွန်း ဆမ်မာမှာ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှုနဲ့ ရေနစ်သေဆုံးမှုတွေဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူဦးရေ မြင့်တက်လာမှုအတွက် စိုးရိမ်ထိတ်လန့် မိကာ ရှင်းလင်းရမယ့် နေရာတွေ အခုထိရှိနေသေးတာကြောင့် သေဆုံးသူဦးရေ ဆက်တိုးလာနိုင်ကြောင်း ဘီကိုလ်အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ကလောက်ဒီယို ယူကွတ် က ပြောဆိုပါတယ်။
ဒေသတွင်း အခေါ်အရ အူစ်မန်လို့  အမည်ရတဲ့ မုန်တိုင်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ က ဖိလစ်ပိုင်နိုင်ငံတွင်း ၀င်ရောက်မွှေနှောက်ခဲ့တာဖြစ်ပါတယ်။ လေတိုက်နှုန်း အပြင်းကြီး မဟုတ်ပေမယ့် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုး မြေတိုက်စားမှုတွေဖြစ်ကာ အချို့ ဧရိယာတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရရဲ့မုန်တိုင်းသတိပေးချက်စနစ်အရ အူစ်မန်ဟာ တိုင်ဖွန်းမုန်တိုင်းအဆင့် လေတိုက်နှုန်းမျိုးမရှိနိုင်ဘူးလို့  ထုတ်ပြန်ခဲ့တာကြောင့် လူအများစုဟာ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့ကြောင်း ယူကွတ် က ပြောဆိုပါတယ်။
အူစ်မန်ဟာ နိုင်ငံတွင်းမှ ဆုတ်ခွာကာ အနောက်ဘက်အရပ်ကို ဦးတည်ရွေ့ လျားသွားခဲ့ပြီ ဖြစ်ပေမယ့် မုန်တိုင်းသင့် ဧရိယာတွေမှာ အခုတိုင် မိုးရွာသွန်းမှုတွေရှိနေပြီး ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အခက်ကြုံနေရကြောင်းလည်း ၄င်းက ဆက်လက်ပြောဆို ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၁၇ ဦး ထက်မနည်းပျောက်ဆုံးနေသေးကာ နိုင်ငံတ၀န်း လူ ၄ သောင်းကျော် နေအိမ်စွန့် ခွာခဲ့ရတယ်လို့  အရပ်ဘက်ကာကွယ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Ref: CNA
ကိုလင်း (အကုန်သိ သတင်းဌာန)
နှစ်သစ်ကူးညအတွက် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင် အထူးကုဆရာဝန်ကြီးအပါအဝင် ဝန်ထမ်း ၁၅၀ ဖြင့် အသင့်ပြင်ထား
နှစ်သစ်ကူးညတွင် ထိခိုက်ဒဏ်ရရှိမှုများ ကြုံတွေ့လာပါက အရေးပေါ်ကုသနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ဆရာဝန်များ အပါအဝင် ဝန်ထမ်း ၁၅၀ နှင့် ဆေးဝါးအပြည့်အစုံဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိခွင့်ပြုမထားသောမြေများတွင်ငါးကန်တူးဖော်ပါက ၁ ဧကလျှင် ဒဏ်ငွေ ၁၀ သိန်း ကောက်ခံရန် ဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီး၌ မွေးမြူရေလုပ်ကိုင်ရန်တရားဝင်ခွင့်မပြုထားသောမြေများတွင် ငါးမွေးကန် တူးဖော်ထားပါက ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ မြေတစ်ဧကလျှင် ဒဏ်ကြေးကျပ် ၁၀ သိန်းကောက်ခံရန် မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။
သစ်ခွဲသားများ၊ သမင်ဂျိုနှင့် ကြယ်လိပ်ရင်ဘတ်အခွံများ တရားမဝင်သယ်လာသူကိုဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သစ်ခွဲသားများနှင့် တိရိစ္ဆာန်ဦးဂျိုများတရားမဝင် သယ်ဆောင်လာသူကိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အရက်မူးပြီး ဓါးကိုင်ရမ်းကားသူက လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုပြန်လည်ရန်ပြုသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အရက်မူးပြီး ဓါးကိုင်ရမ်းကားသူက လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုပြန်လည်ရန်ပြုသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
မြောင်းမြကြိုးဆိုင်းတံတားကို လာမည့် နှစ် ဧပြီလ မှ စတင်ကာ အသုံးပြုနိုင်တော့မည်
ပြီးခဲ့သည့် ဧပြီလတွင် ပြတ်ကျခဲ့သည့် မြောင်းမြကြိုးတံတားကို အသစ်ပြန်လည် တည်ဆောက်နေပြီး လာမည့် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ခေတ်မီနည်းပညာများဖြင့် တည်ဆောက်မည့် ဒလတံတားစီမံကိန်းကြောင့် မြန်မာအင်ဂျင်နီယာများ အတွေ့အကြုံများရရှိမည်
ခေတ်မီနည်းပညာများဖြင့် တည်ဆောက်မည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းကြောင့် မြန်မာအင်ဂျင်နီယာများ အတွေ့အကြုံများရရှိမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ခိုးရာပါ ဆိုင်ကယ်အစီး ၇၀ ကျော် ဝယ်ထားသူကို ဖမ်းဆီး
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ပြည်တော်သာ (၇) လမ်းရှိ နေအိမ် တစ်အိမ်တွင် ခိုးရာပါ မော်တော်ဆိုင်ကယ် ၇၅ စီးကို ဝယ်ယူ သိုလှောင်ထားသည့် အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
Huawei နှင့်ပူးပေါင်း၍ နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များတွင် အိုင်စီတီဒီပလိုမာသင်တန်းများ ဖွင့်မည်
မြန်မာကျောင်းသားများ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်း ပညာ (အိုင်စီတီ) စွမ်းရည်ဖွံ့ ဖြိုးတိုးတက်စေရန် Huawei ကုမ္ပဏီနှင့်ပူးပေါင်း၍ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် အိုင်စီတီဒီပလိုမာ သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
IS အုပ်စုဝင် ဂျာမန်အမျိုးသမီး ကျွန်အဖြစ်မွေးထားသည့် ကလေးငယ်ကို ရေငတ်သေဆုံးအောင် ပြုလုပ်ခဲ့
IS စစ်သွေးကြွအုပ်စုဝင်ဖြစ်ခဲ့သော ဂျာမနီနိုင်ငံသူတစ်ဦးသည် အသက် ၅ နှစ် အရွယ်ကလေးငယ်ကို နေပူထဲတွင် နေလှန်းထားကာ ရေဆာလောင်သည့် ဝေဒနာဖြင့် သေစေခဲ့မှုကြောင့် ဂျာမနီရှိတရားရုံးတွင် စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
၂၀၁၉ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော် စကားဝိုင်းကျင်းပ
၂၀၁၉ သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်၊ ငြိမ်းချမ်းရေးစကားဝိုင်းကို ပြင်ဦးလွင်မြို့နယ်၊ ဝါးဘိုးရေကျေးရွာ၊ အာရှအလင်းရောင် ပရိယတ္တိ စာသင်တိုက်တွင် ဒီဇင်ဘာာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တရုတ်အစိုးရကူညီပေးသွားမည်
ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရဘက်က ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောဆိုခဲ့သည်။
မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေအမျိုးအစား ခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့် မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများ ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်
မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေအမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေး နှင့် မြွေဟောက်အဆိပ်နှစ်မျိုးလုံးကို ဖြေပေးနိုင်သည့် Bivalent မြွေဆိပ်ဖြေဆေးများကိုဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂါလီအရေး၊ ICC တင်ရန် ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ မမျှမတ ဆောင်ရွက်မှုများ
၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီမွတ်စလင် အစွန်းရောက် အကြမ်းဖက် သမားများက ရဲစခန်းပေါင်း ၃၀ ခန့် နှင့် တပ်မတော်စခန်းတစ်ခုတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မ တော်က စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်ခဲ့သည်။
ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မြဝတီနှင့်ထိုင်းနိုင်ငံဘက်သို့ လာရောက်လည်ပတ်သူပိုများလာခြင်းကြောင့် ချစ်ကြည်ရေးတံတားမှမြို့တွင်းသို့ နှစ်ဖာလုံအထိ နေ့စဉ် လေးနာရီခန့် ယာဉ်ကြောပိတ်ဆို့နေ
မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့နှင့် ထိုင်းနိုင်ငံဘက်သို့ လာရာက်လည်ပတ်သူ ယခင်ရက်များထက် များပြားနေခြင်းကြောင့် မြဝတီချစ်ကြည်ရေးတံတားမှမြို့တွင်းသို့ နှစ်ဖာလုံကျော် နေ့စဉ်နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ လေးနာရီခန့် ယဉ်ကြောပိတ်ဆို့နေကြောင်း သိရသည်။
တပ်မတော်နှင့်ပတ်သက်သည့် အဂတိလိုက်စားမှုများကို တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် အရေးယူနေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
တပ်မတော်နှင့်ပတ်သက်သည့် အဂတိလိုက်စားမှုများကို လက်ရှိအချိန်အထိ တိုင်ကြားမှု မရှိကြောင်းနှင့် တပ်မတော်နှင့် ပတ်သက်သည့် အဂတိလိုက်စားမှုများကို တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့်သာ အရေးယူဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က ပြောကြားသည်။
တက္ကသိုလ်သုံးခုမှ ကျောင်းသားသုံးဦး လုယက်သတ်ဖြတ်ခံခဲ့ရပြီးနောက် စိုးရိမ်စရာ ဖြစ်လာတဲ့ မန္တလေးမြို့ လုံခြုံရေး
၂၀၁၈ ခုနှစ် ဒီဇင်ဘာလက မန္တလေးတိုင်းဒေသကြီးအတွင်းတက္ကသိုလ် အသီးသီးမှာ တက်ရောက်ပညာသင်ကြားနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူတို့အတွက် သတင်းဆိုးတွေနဲ့ ၂၀၁၈ ကို နောက်ဆုံးနှုတ် ဆက်ခဲ့ကြရတယ်လို့ ဆိုရမှာပါ။ ဒီဇင်ဘာ တစ်လအတွင်းမှာပင် တက္ကသိုလ်နှစ်ခုမှာ တက်ရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားနှစ်ဦးကို မသမာသူလူတစ်စုက လုယက်ပစ္စည်းယူပြီး လူကိုပါအသေရိုက်နှက်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းကိုလုယူသွားရုံတင်မကဘဲ လူကိုပါ အသေသတ်သွားတာကြောင့် ကျောင်းသားထုအကြားမှာ လုံခြုံ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။
ကိုးရက်ကြာ ပျောက်ဆုံးနေသော ကလေးကို အစိုးရက အင်တိုက်အားတိုက်ရှာဖွေပေးရန် မိဘများ တောင်းဆို
ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကလေးပျောက်မှု ကိုးရက်ကြာပြီးနောက် အစိုးရအနေဖြင့် ကလေးတစ်ဦး အသက်ကို တန်ဖိုးထားသည့်အနေဖြင့် အင်တိုက်အားတိုက် ကူညီပေးရန် ကလေး၏ဖခင် ဦးစိုင်းခမ်းက တောင်းဆိုသည်။
စာရေးဆရာ ကန်တော့ပွဲတွင် ဦးခင်ညွှန့် ထည့်သွင်းခြင်းကို နိုင်ကျဉ်းဟောင်းများ ပြင်းထန်စွာရှုတ်ချ
လူအများဆင်းရဲဒုက္ခ ရောက်ကြပြီးအသက်ဆုံးရှုံးမှုဖြစ် စဉ်တွင် အဓိကပါဝင်ခဲ့သော ဦး ခင်ညွန့်အားစာရေးဆရာများကန် တော့ပွဲတွင်ထည့်သွင်းကန်တော့ ခဲ့၍ ပြင်းထန်စွာရှုတ်ချကြောင်းနိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောသည်။
မူဆယ်တွင် သစ်သီးကားများ ပိတ်မိနေခြင်း အစိုးရ ကူညီဖြေရှင်းပေးရန် တောင်းဆို
မူဆယ်တွင် ဖရဲ၊ သခွား သစ်သီးကားများ ပိတ်မိနေခြင်းကို အစိုးရဘက်မှ ကူညီဖြေရှင်းပေးရန် မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်အသင်း၌ ဒီဇင်ဘာ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့သည်။
“နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်” ပြည်သူ့ရင်ပြင်တွင်ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော “နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်”ကို ဇန်န၀ါရီ ၁ ရက်နေ့ မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဘုရားဖူးယာဉ်တစ်စီးက အခြားယာဉ်တစ်စီးကို မျက်နှာချင်းဆိုင်ဝင်တိုက်မိလို့ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မောင်းနှင်လာသော ဘုရားဖူးယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး Honda Fit ယာဉ်တစ်စီးအား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်ပင်သေဆုံးကာ အခြားအမျိုးသား ၁၀ ဦး ဒဏ်ရာအသီးသီးရရှိခဲ့သည်။
မက်သာဖီတမင်းဆေးပြားထုတ်လုပ်ရေး ကမ္ဘာ့ဗဟိုချက်တခုဖြစ်လာသည့် ကွတ်ခိုင်ဒေသ
မကြာသေးမီအချိန်က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိ ကွတ်ခိုင်မြို့နှင့် အနီးဝန်းကျင်ဒေသသည် မက်(ခေါ်) မက်သာဖီတမင်းဆေးပြား ကမ္ဘာ့အကြီးမားဆုံးထုတ်လုပ်ရေးဗဟိုချက်များအနက်တခု ဖြစ်လာခဲ့ သည်။ ထိုင်းလူမျိုးများက စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်ဆိုသည့် 'ယာဘ' ဆိုလျှင် လွန်ခဲ့သော အနည်းငယ်က ယခုဈေးနှုန်း၏ ငါးပုံတပုံသာရှိသည်။ ဆေးပြားတပြား မြန်မာငွေ ၃ဝဝ ကျပ်သာပေးရသည်။
မြန်မာအပါအ၀င် ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ နှစ်သစ်ကူးဆုတောင်းပွဲ ဘန်ကောက်တွင် ကျင်းပ
မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆာနမ်လွန် မင်္ဂလာမဏ္ဍပ်မှာ ကျင်းပနေပါတယ်။
မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ကြောင့် မိုးရွာမည်
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများ၏အရှိန်ကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပထမသီတင်းပတ်အတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ခြေရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ဆူပူအကြမ်းဖက်မည့်အန္တရာယ်များနှင့် ပဋိပက္ခများကြားက ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ စတင်ကျင်းပ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္ဂနွေနေ့က အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာ မဲဆန္ဒရှင်ထောင်ပေါင်းများစွာက မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြောင်းနှင့် ယင်းရွေးကောက်ပွဲသည် လက်ရှိအမျိုးသမီး ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို တတိယမြောက် ရာထူးသက်တမ်း ထမ်းဆောင်ခွင့်ရရှိရေးအတွက် အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
နှစ်သစ်ကူးည မန္တလေးတွင် လုံခြုံရေးအားဖြည့်မည်
နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ အများပြည်သူလုံခြုံရေးနှင့် မူးယစ်ရမ်းကားမှုများကို တားဆီးနိုင်ရန်နှင့် မတော်တဆမှုများ ကူညီနိုင်ရန် ရဲတပ်ရင်းများဖြင့် အင်အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဆယ်တန်းအောင်ချက်မြင့်မားရေး ကျောင်းသား ၁၅၀၀ ကျော်ကို အခမဲ့သင်တန်းပေး
တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆယ်တန်းကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်ကို စာမေးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ အသိပညာသင်တန်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရသည်။
သင်္ဃန်းကျွန်းတွင် ထိုင်ဝမ်နိုင်ငံသား နေအိမ်ကို အနုကြမ်း ဝင်စီး
သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ ကြိုးစက်လမ်းရှိ ထိုင်ဝမ်နိုင်ငံ သား အမျိုးသား၏ နေအိမ်၌ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦးက ဝင်ရောက်အနုကြမ်းစီးပြီး ငွေနှင့် လက်ကိုင်ဖုန်းကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကားဝယ်သည့်ကိစ္စ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌကို ပါတီက အထူးခုံရုံးဖွဲ့စစ်
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ကားဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို တိုင်ကြားမှုများရှိခဲ့သည့်အတွက် NLD ပါတီတွင်း အထူးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းအပေါ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြေရှင်း
ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ၌ ကန်တော့ခံပုဂ္ဂိုလ်အဖြစ် တက်ရောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ကန်တော့ခြင်းနှင့် ပတ်သက်၍ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိနှိပ်ခံခဲ့ရသည့်အပေါ် အာဃာတမရှိကြောင်း ပြသရန်ဟု ဖြေရှင်းပြောကြားလိုက်သည်။
လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသည့် ပါတီဝင်များကို ၂၀၁၉ တွင် တာဝန်မှရပ်ဆိုင်းမည်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များထဲမှ လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသူများနှင့် လူမှုဆက်ဆံရေး မပြေပြစ်သူများကို ပါတီအကဲဖြတ်အဖွဲ့၏အစီရင်ခံစာအပေါ် သုံးသပ်၍ ၂၀၁၉ နှစ် လယ်ပိုင်းတွင် တာဝန်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
Sunday, December 30, 2018
ထွေအုပ်ကို အစိုးရအဖွဲ့ရုံးအောက်သို့ စတင်လွှဲပြောင်း
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနကို ဒီဇင်ဘာ ၂၈ ရက်ကစ၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက် သို့ လွှဲပြောင်းဖွဲ့စည်းတာဝန်ထမ်း ဆောင်စေကြောင်း ထုတ်ပြန်ကြေ ညာသည်။
ပန်ဝါဒေသတွင် သတ္တုတူးဖော်မှုကြောင့် အနီးတစ်ဝိုက်ကျေးရွာများထိခိုက်မှုများရှိနေဟု စစ်တမ်းတစ်စောင်ဖော်ပြ
ပန်ဝါဒေသမှ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်များ ပိုင်ဆိုင်သည်ဆိုသော ချီဖွေပန်ဝါဒေသရှိသတ္တုတူးဖော်မှုကြောင့် သတ္တုတွင်းအနီးတစ်ဝိုက်ရှိကျေးရွာများတွင် အက်စစ်နှင့်ခဲသတ္တုပျော်ဝင်မှုများပြားနေသဖြင့် သောက်သုံးရေသုံးစွဲနိုင်ရန် အန္တရာယ်ကြုံနေကြောင်း ထိုဒေသတွင်သွားရောက် စစ်တမ်းကောက်ယူခဲ့သည့် အဖွဲ့အ စည်းများက ပြောကြားသည်။
ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်
ရန်ကုန်နှင့် နေပြည် တော်အပါအ၀င် ဒေသအများစု တွင်လာမည့်နှစ်ရက်အတွင်းအ ချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ကချင်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စတင်ဆောင်ရွက်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူပြော
တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ရွာသူရွာသားများ နေရပ်ပြန်နိုင်ရေး စတင် ဆောင်ရွက်နေပြီး တိုက်ပွဲရှောင် ရွာသူ၊ ရွာသားအားလုံး အမြန်ဆုံး နေရပ်ပြန်နိုင်ရေး ဆောင်ရွက်မည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးထွန်းနေလင်း က ဒီဇင်ဘာ ၂၉ ရက်တွင် ပြော ကြားသည်။
ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့၍ ဖမ်းဆီးခံထားရသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို တရားရှင်လွှတ်
ကျပ်တစ်သောင်းတန်အတု လက်ဝယ်တွေ့ရှိမှုကြောင့် ဖမ်းဆီးတရားစွဲဆိုထားသော စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို အနောက်ပိုင်းခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည်။
သစ်သီး ကုန်တင်ယာဉ်များ ဝင်ရောက်ရန်အတွက် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဖွင့်လိုက်သော်လည်း တရုတ်ဘက်မှ ဝင်ခွင့် စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သစ်သီးတင်ယာဉ်များစွာ အခက်အခဲဖြစ်နေပြီး သစ်သီး စိုက်တောင်သူနှင့် ကုန်သည်များ သိန်းပေါင်းများစွာ ဆုံးရှုံးဖွယ်ရှိနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ ဝမ်တိန်သို့ သစ်သီးတင်ပို့သည့် ယာဉ်များသည် ကြူကုတ်(ပန်ဆိုင်း) ဝင်ပေါက်ဂိတ်မှတဆင့် သစ်သီးများအား ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး တင်ပို့ခဲ့သော်လည်း တရုတ်ဘက်မှ ဝင်ခွင့်စစ်ဆေးရာတွင် ကြန့်ကြာနေမှုများကြောင့် သစ်သီးတင်ယာဉ်များစွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ကြူကုတ်(ပန်ဆိုင်း) သွားရာလမ်း တစ်လျှောက်တွင် ယာဉ်ပေါင်းများစွာ ရပ်တန့် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့်ပူးပေါင်း၍ အဆင့်မြှင့်တင်နေပြီး ဆေးဘူးခွံအသစ်များဖြင့် စတင်ထုတ်လုပ်
BPI စက်ရုံမှ ဆေးဘူးခွံများ၏ ထုပ်ပိုးမှုပုံစံများကို Suntec ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင့်မြှင့်တင်ထားပြီး ဆေးဘူးခွံအသစ်များဖြင့် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။
မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် ထိုင်း၊ လာအို၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစားတူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ် လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစား တူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာ၂၉ရက်က ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း(၂၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားသည်။

















































