Saturday, January 5, 2019

AA ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အပါအ၀င် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်


ဘူးသီးတောင်ရှိ နယ် ခြားစောင့် ရဲကင်းစခန်းလေးခုကို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မ အပါအ၀င် ပုဒ်မနှစ်ခုဖြင့် ရဲတပ်ဖွဲ့က တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့သည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ရဲ ကင်းစခန်းလေးခုကို ရခိုင်လက် နက်ကိုင်အဖွဲ့(AA)က ဇန်န၀ါရီ ၄ ရက် နံနက်တွင် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ကိုး ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အ တွက် ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်န၀ါရီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ 

‘‘နယ်ခြားစောင့်ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်တာပါ။ အမှုဖွင့်တာ တို့၊ တရားစွဲဆိုတာတို့ကို နယ် ခြားစောင့်ရဲတပ်ဖွဲ့က လုပ်တာ ပါ’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ပြောသည်။ 

ဘူးသီးတောင်မြို့နယ် နယ်မြေ(၁၀)၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှု အောက်ရှိ ငမြင်းဘော်ရဲကင်း စခန်း၊ ကျောင်းတောင်ရဲကင်း စခန်း၊ ဂုပ္ပိရဲကင်းစခန်းနှင့် ခထီး လှရဲကင်းစခန်းတို့ကို ရခိုင်လက် နက်ကိုင်အဖွဲ့(AA)က တိုက်ခိုက် ရာတွင် သေဆုံးဒဏ်ရာရမှုများ အပြင် ရဲတပ်ဖွဲ့ပိုင် လက်နက်ခဲ ယမ်းများနှင့် ရဲကင်းစခန်း အ ဆောက်အအုံ၊ အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ စခန်းလေးခု တိုက်ခိုက်ခံရမှုအတွက် ဖြစ်ရပ် တစ်ခုချင်းစီအလိုက် သီးခြားစီအမှုဖွင့်ခြင်းဖြစ်သည်။ 

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်း ၀င် ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ (က)/၅၄၊ ၁၉၄၉ ခုနှစ် လက်နက် (အရေး ပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က) အရ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်း နှင့် ခထီးလှရဲကင်းစခန်း ၀င် ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(က)ကို ကျူး လွန်ကြောင်း ထင်ရှားပါက အ နည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အ များဆုံး ထောင်ဒဏ်တစ်သက်အ ထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ သည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေ ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

7Day

0 comments:

Post a Comment