Saturday, January 5, 2019

မြန်မာနိုင်ငံလူဦးရေ ယနေ့နံနက် ၅၄ သန်းပြည့်



မြန်မာနိုင်ငံ၏ လူဦးရေသည် (ယနေ့) ဇန်နဝါရီ ၆ ရက် နံနက်တွင် ၅၄ သန်းပြည့်မည်ဖြစ်သည်။ ပြည်သူ့အင်အားဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာတွင် မြန်မာနိုင်ငံ၏ လူဦး ရေကို အလိုအလျောက်တွက် ချက်ဖော်ပြထားသည့် စာရင်းအရ ဇန်နဝါရီ ၅ ရက် ည ၈ နာရီက လူဦးရေ ၅၃,၉၉၉,၂၁၇ ဦးရှိခဲ့ သည်။ ထို့ကြောင့် ယမန်နေ့ည၈ နာရီအထိ နိုင်ငံလူဦးရေ ၅၄ သန်းပြည့်ရန် ၇၈၃ ဦးသာ လိုသည်။ 
မြန်မာနိုင်ငံ၏ လူဦးရေတိုး နှုန်းသည်တစ်နှစ်လျှင် သုည ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း ၂၀၁၄ လူဦးရေနှင့် သန်းခေါင်စာ ရင်းအစီရင်ခံစာက ဆိုသည်။ ထို့ အပြင် တစ်မိနစ်လျှင် တစ်ဦးနှုန်း ခန့်(၀.၉၀၂)တိုးတက်မှုရှိနေခြင်း ကြောင့် ဇန်နဝါရီ ၆ရက် နံနက် ၉ နာရီခန့်တွင် နိုင်ငံလူဦးရေ ၅၄ သန်းပြည့်မည်ဖြစ်သည်။ 

၂၀၁၄ မတ်လက ကောက် ယူခဲ့သည့် လူဦးရေနှင့် အိမ်အ ကြောင်းအရာသန်းခေါင်စာရင်း အရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ သန်းကျော်ရှိကြောင်း ယင်း သန်းခေါင်စာရင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏လူဦးရေသည် လေးနှစ်ကျော်အကြာတွင် ဦးရေ သုံးသန်းခန့်တိုးလာခြင်းဖြစ်သည်။ 

အဆိုပါအချက်အလက်ကို နိုင်ငံတကာသတ်မှတ်စံနှုန်းနှင့် သန်းခေါင်စာရင်းကောက်ယူရာ တွင် တွေ့ရှိရသည့် လူဦးရေတိုး တက်မှုနှုန်းတို့ကို အခြေခံ၍တွက် ချက်ထားခြင်းဖြစ်ကြောင်း အ လုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

‘‘အခုလိုဝက်ဘ်ဆိုက်ကနေ တွက်ချက်တင်ပေးထားတဲ့အ တွက် အချိန်နဲ့ တစ်ပြေးညီလည်း နိုင်ငံလူဦးရေကို သိနိုင်စေပါ တယ်’’ ဟု ၎င်းကပြောသည်။ ပြည်သူ့အင်အားဦးစီးဌာန ဝက်ဘ်ဆိုက်တွင် စုစုပေါင်းလူဦး ရေကိုသာ ဖော်ပြထားပြီး အမျိုး သား၊ အမျိုးသမီးဦးရေခွဲခြား ဖော် ပြထားခြင်းမရှိပေ။


7Day

0 comments:

Post a Comment