နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဇန်နဝါရီ(၁)ရက် မနက်(၇)နာရီ (၄၅)မိနစ်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တောင်းဆုရ “ဝ”စေတီနောင်တော်ဘုရားရွှေထီးတော်တင်နဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို တက်ရောက်ဖူးမြော်ကြည်ညိုခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဖော်ပြပါတယ်။
အခမ်းအနားကို ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုတဲ့ ဆရာတော် သံဃာတော် တွေ ကြွရောက်တော်မူကြပြီး ၊ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ဇနီးဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနဲ့ ဇနီးဒေါက်တာရွှေလွှမ်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
အခမ်းအနားမစတင်မီ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ယာယီမဏ္ဍပ်အတွင်း ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ် ကို ဆွမ်း၊ ရေချမ်း၊ ပန်းနဲ့ ဆီမီးတွေ ကပ်လှူပူဇော်ကြပြီးအခမ်းအနား တက်ရောက်လာကြသူတွေက နမောတဿ သုံးကြိမ် ရွတ်ဆို တောင်းဆုကာ“ဝ”စေတီနောင်တော်ဘုရားရွှေထီးတော်တင်နဲ့ ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဖွင့်လှစ်ကြပါတယ်။
အဲဒီနောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့က စေတီတော်ရဲ့ ရတနာစိန်ဖူးတော်နဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငှက်မြတ်နားတော်၊ သာသနာ့တံခွန်တိုင်ရဲ့ စိန်ဖူးတော်နဲ့ လှူဖွယ် ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းပါတယ်။
ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ဇနီးဒေါ်ခင်သက်ဌေးနဲ့ တာဝန်ရှိသူ တွေက ဆရာတော်၊ သံဃာတော်တွေကို လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကြပါတယ်။
အဲဒီနောက် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ထံက အနုမောဒနာတရားနာကြားကာ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပါတယ်။
One News Myanmar




















0 comments:
Post a Comment