တရုတ်ပြည်အနေနဲ့ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးစွဲရေးနည်းလမ်းကို စွန့်လွှတ်မှာမဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပြည်မနဲ့ မလွဲမသွေ ပြန်လည်ပေါင်းစည်းရမှာဖြစ်ကြောင်း၊ ခွဲထွက်ရေးသမားတွေနဲ့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
တရုတ်ပြည်မနဲ့ ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ်ကစလို့ သီးခြားစီအုပ်ချုပ်ခဲ့ကြတာပါ။ တရုတ်က ထိုင်ဝမ်ကိုတနေ့ ပြန်လည် ပေါင်းစည်းရမယ့် အစိတ်အပိုင်းတခုအဖြစ် သဘောထားပြီး၊ ထိုင်ဝမ် ကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် မှတ်ယူထားပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခုဆိုတဲ့အချက်ကို ဘယ်သူကမှ ပြင်ဆင်လို့မရကြောင်း ပြောဆိုလိုက်ပါတယ်။
Photo: AFP
တရုတ် သမ္မတ ရှီကျင့်ဖျင်။
RFA







0 comments:
Post a Comment