ယခုလဆန်းမှစတင်ကာ မော်တော်ယာဉ်နံပါတ်ပြားများတွင် အဆင့်မြင့်QRကုဒ်များကိုထည့်သွင်းအသုံးပြုထားပြီး ယာဉ်အချက်အလက်များကိုScan ဖတ်ရုံဖြင့်အတိအကျဖော်ပြပေးနိုင်မည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယာဉ်နံပါတ်ပြားများတွင်ပါဝင်သည့် QRကုဒ်များမှာ နံပါတ်စဉ်များကိုပါထည့်သွင်းထားပြီး ယာဉ်နံပါတ်ကို Scan ဖတ်ရုံဖြင့်လိုင်စင်မဲ့ယာဉ် ဟုတ်မဟုတ်ကို သိရှိနိုင်မည်ဖြစ်သည်။
"ယာဉ်နံပါတ်ပြားအသစ်တွေမှာQRကုဒ်တွေပါထည့်ထားပါတယ်။ယာဉ်အချက်အလက်တွေအပြင်ဒီနံပါတ်ပြားကိုဘယ်စက်ရုံကထုတ်လဲဆိုတာပါ ထည့်သွင်းထားပါတယ်။လုံခြုံရေးအဆင့်အတန်းမြှင့်လိုက်တဲ့သဘောပါ"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
ယခုလဆန်းမှစတင်ကာ မှတ်ပုံတင်ပြုလုပ်သည့်ယာဉ်အားလုံးတွင် QRကုဒ်ပါဝင်သော ယာဉ်နံပါတ်ပြားများတပ်ဆင်ပေးမည်ဖြစ်ပြီးယခင် ယာဉ်နံပါတ်ပြားအဟောင်းများကိုလည်း အဆင့်အလိုက် ပြောင်းလဲပေးသွားရန်စီစဉ်ထားသည်ဟုသိရသည်။
Popular News Journal







0 comments:
Post a Comment