ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ(၃၀)ရက် မနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ လွတ်လပ်ရေး ကျောက်တိုင်ကို သွားရောက်ကာ ဂုဏ်ပြုပန်းခွေချခဲ့ပါတယ်။
Tuesday, April 30, 2019
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ မေလတွင် ထပ်မံတွေ့ဆုံမည်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့တို့ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် မေလတွင် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း သိရသည်။
စက်ချို့ယွင်းမှုကြောင့် ကစ္ဆပနဒီအမြန်ရေယာဉ်(၂)စီး၏ ခရီးစဉ်များ ရပ်နားထား
ရခိုင်ပြည်နယ်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားတဲ့ ကစ္ဆပနဒီ အမြန်ရေယာဉ်(၃)စီးမှာ (၂)စီးဟာ စက်ပစ္စည်းချို့ယွင်းမှုတွေဖြစ်နေ တာကြောင့် ခရီးစဉ်ရပ်နားထားရပြီး (၁)စီးနဲ့သာ ပြေးဆွဲနေရ တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။
မန္တလေးမြို့ရှိ မီးပွိုင့်များတွင် နေပူခံအရိပ်စင်များ ထပ်မံပြုလုပ်မည်
မန္တလေးမြို့ရှိ မီးပွိုင့်များတွင် အများပြည်သူ နေပူဒဏ်သက်သာစေရန် ရည်ရွယ်၍ နေပူခံအရိပ်စင်များ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ဂုဏ်ပြုကြိုဆို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဝန်ကြီးချုပ်ရုံး Peace Palace မှာ ဒီကနေ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
ကွန်မြူနစ်ပါတီကို ချစ်ကြဖို့ တရုတ်လူငယ်ထုကို သမ္မတ ရှီကျင့်ဖျင်တိုက်တွန်း
တရုတ် လူငယ်ထုအနေနဲ့ ကွန်မြူနစ်ပါတီအပေါ် ချစ်ပြီး သစ္စာစောင့်သိကြရမှာဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၃၀ ရက်မှာ တိုက်တွန်းပြောကြားသွားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ပြန်စစ်ပေးရန် လျှောက်ထားနိုင်
တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ်တွေဟာ မျှော်လင့်သလိုမရဘူးဆိုရင် ပြန်စစ်ပေးဖို့ လျှောက်ထားနိုင်ပြီး ဒီနှစ်မှာတော့ စစ်ဆေးခကို အရင်ကထက် ၅ ဆ တိုးမြှင့်လိုက်ပါတယ်။
NRPC နှင့် မြောက်ပိုင်း(၄)ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကောင်းများရရှိဟု ဦးဇော်ဌေးပြော
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ ဧပြီ(၃၀)ရက်ကကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIO)၊ တအဲာန်း လက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA) စတဲ့ မြောက်ပိုင်း(၄)ဖွဲ့ ဆွေးနွေးပွဲ ကနေ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ (NRPC)အဖွဲ့ဝင် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီးမှာ ပြောဆိုပါတယ်။
မြမြဝိဥာဉ်ဝင်ပူးခံရသည့် စက်ရုံအလုပ်သမနှစ်ဦးအား ထပ်မံဝင်ပူးခံရပါက အရေးယူမည် ဟု စက်ရုံတာဝန်ရှိသူ ပြော
ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမနှစ်ဦးထံသို့ မြမြဆိုသည့် ၀ိဥာဉ်မှဝင်ပူးကာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ၄င်းမြမြဆိုသူမှာ ကျောက်စိမ်းဖိနပ်စက်ရုံတွင်မရှိသည့်အတွက် ယင်းအလုပ်သမနှစ်ဦးအနေဖြင့် ၀ိဥည်ဝင်ပူးခြင်းဖြစ်စဉ် ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊အလုပ်သမားစာ ချုပ်(EC)အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာဖြစ်သူ ကိုဇော်ဇော်အောင်က ပြောကြားလိုက်သည်။
ဂျပန်ဘုရင် ထီးနန်းလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ဂျပန်ဘုရင် အာခီဟီတိုဟာ ထီးနန်းလွှဲပြောင်းခြင်းအဖြစ် သူ့ရဲ့ ဂန္ဓမာပလ္လင်ကို သားဖြစ်သူ နာရူဟီတိုကို ကနေ့ လွှဲပြောင်းအပ်နှင်းလိုက်ပါတယ်။ ဒါဟာ နှစ်၂၀၀ကျော်ကာလအတွင်း ဂျပန်နိုင်ငံမှာ ပထမဆုံး ထီးနန်းလွှဲပြောင်းပွဲလဲဖြစ်ပါတယ်။
လျှပ်စစ်ပြင်ဆင်ရေးစီမံကိန်း အတိုင်ပင်ခံငှားခ ယူရို ၁ ဒသမ ၇ သန်းသုံးမည်
ရေအားလျှပ်စစ်စက်ရုံ ၅ ခုကို အကြီးစားပြင်ဆင်ရန် ပြင်သစ်နိုင်ငံ (AFD) ထံမှ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူဖြစ်ကာ ယင်းငွေများအနက် ၁ ဒသမ ၇ သန်းကို ပြင်ဆင်ရေးစီမံကိန်း၏ အတိုင်ပင်ခံငှားရမ်းစရိတ်အဖြစ် အသုံးပြုရန်လျာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လွှတ်တော်သို့တင်ပြလိုက်သည်။
မေဂျာအချို့က အဝေးသင်ကျောင်းသားများ Assignment စာအုပ်စုံအောင် မရသေးဟုဆို
အဝေးသင်ပညာရေးစနစ်သင်ကြားနေကြတဲ့ မေဂျာအချို့က ကျောင်းသား/သူအချို့အား အဝေးသင်စာစဉ်Assignment စာအုပ်စုံအောင်မပေးနိုင်သေးကြောင်း အရှေ့ပိုင်းတက္ကသိုလ်(တာဝ)ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လျှပ်စစ်ဓာတ်အား ပိုပေးနိုင်ရန် ပြင်သစ်နှင့် ထိုင်းမှ ချေးငွေယူလုပ်ဆောင်မည်
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပိုပေးနိုင်ဖို့ ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့ကနေ ချေးငွေယူ လုပ်ဆောင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ထံ တင်ပြတောင်းခံလိုက်ပါတယ်။
ပြည်တွင်းအဓိကစားသုံးသည့် ဆန်ချောဈေးတစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ဈေးတက်ပြီး မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်ရှိနေ
ပြည်တွင်းစားသုံးသည့် ဆန်ချောဈေး ယခင်သီတင်းပတ်ကထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် ဈေးတက်လာပြီး မြောင်းမြ / ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။
ISအကြမ်းဖက်များ အာဖဂန်သို့ ရွှေ့ပြောင်းနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆို
အစွန်းရောက်အဖွဲ့ IS အကြမ်းဖက်များ အာဖဂန်နစ္စတန်သို့ ရွှေ့ပြောင်းနေသည်ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အဖွဲ့ဝင်နိုင်ငံများ၏ ၁၆ ကြိမ်မြောက် ကာကွယ်ရေးဝန်ကြီး များ အစည်းအဝေးကို ဧပြီ ၂၉ ရက် ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘီရှကက်တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoyguက IS လက်နက်ကိုင် များ ဖရိုဖရဲပြိုကွဲပြီးနောက်ပိုင်း ၄င်းတို့က ဆီးရီးယား၊အီရတ်မှတစ်ဆင့် အလယ်အာရှ ၊ အရှေ့တောင် အာရှအပါအ၀င် အခြားဒေသများကို ရွှေ့ပြောင်းလျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုးပွားလာနေပြီး အစွန်းရောက်ဝါဒနှင့်ခွဲထွက်ရေးဝါဒတို့၏လှုပ်ရှားမှုမှာ ပွားများလာနေပြီဖြစ်ရာ အကြမ်းဖက် အဖွဲ့ အစည်းအနေဖြင့် တည်ရှိနေကြောင်း၊ အာဖဂန် နယ်နိမိတ်အတွင်း အခြေအနေ အရှုပ်ထွေးဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် အာဖဂန်နယ်နိမိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ရှိနေခြင်းသည် လက်ရှိပြဿနာကို ဖြေရှင်းရန် တွန်းအားပေးမှုမရှိကြောင်း ၊ ISများက အာဖဂန်နယ်နိမိတ်အတွင်းတွင် အင်အားကြီးထွား အောင် လုပ်ဆောင်နေပြီး ၄င်းနိုင်ငံမှတစ်ဆင့် ဒေသများကို ပြန့်နှံအောင်လုပ်ဆောင်နေကြောင်း ၊ ထိုကိစ္စအပေါ် ရုရှားအနေဖြင့် အထူး စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နယ်နိမိတ်မှ အကြမ်းဖက်အန္တရာယ်ကို ဘက်ပေါင်းစုံက အတူ ရင်ဆိုင်သင့်ကြောင်း ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်သယ်ယူပို့ဆောင်မှုကို တိုက်ဖျက်ကာ ၄င်းနိုင်ငံ၏ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် စီးပွားရေးတည်ဆောက်မှုကို တွန်းအားပေးသင့်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေး ၀န်ကြီး Sergey Shoyguက တိုက်တွန်းနှိုးဆော်ထားသည်။
(Xinhua)
ကေအန်ပီပီနှင့်အစိုးရ လွိုင်ကော်တွင် တွေ့ဆုံဆွေးနွေးမည်
ကယားပြည်နယ်အစိုးရအပါအ၀င် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ လာမယ့် မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
တန်ဖိုးနည်းအိမ်ရာများကို ဘဏ်ချေးငွေများအပြင် ငွေစုငွေချေးစနစ်ဖြင့် ၀ယ်ယူနိုင်ရန်ဆွေးနွေး
မိသားစုဝင်ငွေနည်းပါးသည့်ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများကို ဝိုင်းကြီးချုပ်စနစ်ဟုခေါ်သော ငွေစုငွေချေးစနစ်ဖြင့် ၀ယ်ယူနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဆိုသည်။
ပဲခူးတွင် အပူလျှပ်၍ ၁၀ ဦး ဆေးရုံတက်၊ ယင်းအနက် ၄ ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း နေ့အပူချိန်များမြင့်တက်လာခဲ့ပြီးနောက်ပိုင်း ဧပြီလ ၂၂ ရက်မှ ၃၀ ရက်ထိ တစ်ပတ်ကျော်အတွင်း အပူလျှပ်ခြင်း (Heat Stroke) ကြောင့် တက်ရောက်ကုသမှုခံယူရသူ အရေအတွက် ၁၀ ဦး အထိရှိခဲ့ပြီး ယင်းအနက် ၄ ဦးသေဆုံးခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးထံမှ သိရှိရသည်။
တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းအမှုရင်ဆိုင်စေမည့် ဥပဒေအပေါ် မကျေနပ်၍ ဟောင်ကောင်သား သောင်းပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြ
ဟောင်ကောင်တွင် တရားခံဟု သံသယရှိသူများကို ပြည်မကြီးတရုတ်နိုင်ငံသို့ ပို့ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို အပြောင်းအလဲလုပ်ခဲ့ရာ မကျေနပ်သူ ဟောင်ကောင်သား သောင်းပေါင်းများစွာ လမ်းမများပေါ်ထွက်လာပြီး ဆန္ဒပြကြကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်နှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရောမ် (Margot Wallstrom) နှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။
ဖန်နီမုန်တိုင်း ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက်(၇၂)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ဖို့  အတွက် မဏ္ဍိုင် အသီးသီး ကြံ့ခိုင်ဖို့ လို
ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ဖို့ အတွက် မဏ္ဍိုင် အသီးသီးက ကြံ့ခိုင်ဖို့ လိုအပ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့  ပြောကြားခဲ့သည်။
မိုးကုတ်မြို့တွင် ငွေကျပ် ၂၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးကုတ်မြို့တွင် ငွေကျပ် ၂၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Star Awards မှ ရရှိတဲ့ဆုကြေးနဲ့ မိဘမဲ့ ကလေးကျောင်းမှာ အလှူလုပ်ခဲ့တဲ့ မေမီကိုကို
ဧပြီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ဆုပေးပွဲမှာ "ပျားရည်အိုင်" ဇာတ်လမ်းတွဲနဲ့ "The Best Actress" ဆု ရရှိခဲ့တဲ့ သရုပ်ဆောင် မေမီကိုကိုက ရရှိတဲ့ ဆုကြေးငွေနဲ့ ယနေ့၊ ဧပြီလ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရတနာပုံရိပ်ငြိမ်ကျောင်းတိုက်မှ မိဘမဲ့ကလေးများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ တွင် သဘာဝဓာတ်ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ၊ မြို့မ (၁) ရပ်ကွက် ဘုရားပိုင်း၌ အဝီစိတွင်း တူးရာမှ ဂက်(စ်)ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိနေသဖြင့် ဆက်လက်တူးဖော်ခြင်း ရပ်ဆိုင်း ထားကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
တပ်မတော်၏ အပစ်ရပ်ကာလပြီးဆုံး၊ ထပ်တိုး/ မတိုး NRPC နှင့် မြောက်ပိုင်းအဖွဲ့ ဆွေးနွေးမှုရလာဒ်အပေါ် ဆုံးဖြတ်မည်
တပ်မတော်မှ ၄ လကြာ အပစ်ရပ်၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ကမ်းလှမ်းထားသည့် ကာလပြည့်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မူဆယ်မြို့တွင် ဆွေးနွေးနေသည့် NRPC နှင့် မြောက်ပိုင်း လေးဖွဲ့၏ ရလာဒ်ပေါ်မူတည်၍ အပစ်ရပ်ကာလအား တိုးသင့် မတိုးသင့်ကို ဆုံးဖြတ်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
မန္တလေးတက္ကသိုလ်ကို ဖြတ်ပြီး လမ်းဖောက်လုပ်မည်
မန္တလေးမြို့မှာရှိတဲ့ မန္တလေးတက္ကသိုလ်ကို ဖြတ်ပြီး ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် လမ်းဖောက်ရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရသည် ။
အမေရိကန်ဒေါ်လာ ၂၅ သန်းတန် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းသစ်၊ ပခုက္ကူအနီး အေးကျွန်းပေါ်တွင် တည်ဆောက်သွားမည်
အမေရိကန်ဒေါ်လာ ၂၅ သန်းတန်နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းသစ်၊ ပခုက္ကူအနီးရှိ အေးကျွန်းပေါ်တွင်တည်ဆောက်သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်မျိုးမှ ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
Monday, April 29, 2019
စင်ကာပူနှင့်အမေရိကန်တို့ထက် မီးပြတ်တောက်မှုကို နာရီပိုင်းအတွင်း ဖြေရှင်းနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးပြော
စင်ကာပူနဲ့ အမေရိကန်လိုနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားရင် ရက်နဲ့ချီ ကြာပေမယ့် မြန်မာနိုင်ငံမှာတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို နာရီပိုင်းအတွင်း ပြန်လည် ကောင်းမွန်အောင်လုပ်ဆောင်နိုင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားလိုက် ပါတယ်။


















































