Thursday, May 2, 2019

လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် ဆုတ်ယုတ်လာဟု အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်


မြန်မာနိုင်ငံ၏လွတ်လပ် စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် ၂၀၁၉ အတွင်း ဆုတ်ယုတ်လာကြောင်း လူမှုအဖွဲ့အစည်းများအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်း ၁၈ ဖွဲ့က ထုတ်ပြန်သည်။ 
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ PEN Myanmarရုံးခန်းတွင် မေလ ၂ ရက်က ပြုလုပ်သော ယင်းနှင့်စပ်လျဉ်းသည့် အကဲဖြတ်ချက်ထုတ် ပြန်ရာ၌ ထိုသို့ပါဝင်ခြင်း ဖြစ်သည်။ 

အဆိုပါအဖွဲ့များက ဥပဒေ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြား ချက်များ၊ သတင်းမီဒီယာအမှီအ ခိုကင်းမှုနှင့် လွတ်လပ်မှုများ၊ ဒစ် ဂျစ်တယ်မီဒီယာလွတ်လပ်မှုများ၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆို ခွင့်နှင့် ထင်မြင်ယူဆခွင့်များ၊ သတင်းအချက်အလက်ရယူပိုင် ခွင့်များ၊ လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်း စသည်တို့ အပေါ် အကဲဖြတ်အမှတ်ပေးခြင်း ဖြစ်သည်။ 

ကဏ္ဍတစ်ခုလျှင် ၁၀ မှတ် သတ်မှတ်ထားသော အကဲဖြတ် ချက်အရ စုစုပေါင်းရမှတ် ၆၀ တွင် ခြောက်မှတ်သာရရှိကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။ 

‘‘သတင်းမီဒီယာ အမှီအခို ကင်းမှုနဲ့ လွတ်လပ်မှုမှာ ကျွန်တော် တို့ ဘာပြဿနာရှိလာလဲဆိုတော့ မီဒီယာကို အစိုးရက ပစ်ထားသလို ဖြစ်ခဲ့တယ်။ မကူညီချင်နေပါ၊ မနှောင့်ယှက်ပါနဲ့ဆိုတဲ့ စကားပုံ လိုပေါ့။ နှောင့်ယှက်တဲ့အဆင့်မျိုး မရောက်ပင် မရောက်ငြားပေါ့။ နှောင့်ယှက်သလို ဖြစ်နေတဲ့ကိစ္စ တွေရှိတယ်’’ဟု Myanmar Jour-nalism Institute (MJI) အမှုဆောင်ဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောသည်။ MJI သည် အကဲဖြတ်ချက်ပြုလုပ်သည့် အဖွဲ့ တွင် ပါဝင်သည်။ 

ထို့အပြင် သတင်းလွတ်လပ် ခွင့်ကို အရေးထားလေးစားရန်နှင့် လွတ်လပ်စွာ သတင်းရေးသားနိုင် စေရန် အရေးတကြီးလုပ်ဆောင်မှု လိုအပ်ပြီး မီဒီယာလွတ်လပ်ခွင့် တိုးတက်ရေး စီမံချက်တစ်ရပ် အကောင်အထည်ဖော် ဆောင် ရန် နိုင်ငံတော်အနေဖြင့် ပွင့်လင်း ၍ သတင်းသမားအားလုံး ပါဝင်ကာ တွေ့ဆုံအကြံဉာဏ်တောင်း သင့်ကြောင်း ထုတ်ပြန်ချက်၌ ရေး ထားသည်။ 

မြန်မာနိုင်ငံရှိ ပြစ်မှုဆိုင်ရာ ဥပဒေများ၊ မတရားအသင်းအက် ဥပဒေနှင့် နိုင်ငံတော်လျှို့ဝှက် ချက်အက်ဥပဒေကဲ့သို့သော ကိုလိုနီခေတ် ဥပဒေများအပါအဝင် သတင်းမီဒီယာအမှီအခိုကင်းမှု နှင့် လွတ်လပ်မှုကို လွန်လွန်ကဲကဲ ကန့်သတ်ချုပ်ချယ်သည့် ဖိနှိပ်ရေးဥပဒေများကို ပြုပြင်ပြောင်းလဲ သင့်သည်ဟု အကြံပြုထား သည်။ 

ယင်းဥပဒေများဖြင့် သတင်း သမားများနှင့် အယ်ဒီတာများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းနည်းလမ်းကို အသုံးမပြုသင့် ကြောင်း အဖွဲ့အစည်း ၁၈ ဖွဲ့ ထုတ်ပြန်ချက်၌ ပါဝင်သည်။

7Day

0 comments:

Post a Comment