
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
သြဂုတ်လ ၃ ရက်နေ့ ၂၃၁၅ အချိန်တွင် ပူတာအိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ ပူတာအိုမြို့နယ်၊ ဖက်မာဒါးကျေးရွာ၊ သံဘောင်တံတားထိပ်၊ မြစ်ကြီးနား-ပူတာအို ကားလမ်းတွင် မြစ်ကြီးနားမြို့ဘက်မှ ပူတာအိုမြို့ဘက်သို့ မောင်းနှင်လာသော ---- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်(၅)နေသူများဖြစ်သည့် ခရီးသည် ဆာမိုးရီ ၆၂ နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မဖန်းမာထား ၄၂ နှစ်တို့ သယ်ဆောင်လာသည့် ခရီးဆောင်အိတ် အတွင်းမှ ရောင်စုံ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၉၆ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၃၁၆.၈ သိန်း)၊ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)၊ မြန်မာငွေ ၆၆၅၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ပူတာအိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News






0 comments:
Post a Comment