
ခြေရာတော်ကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း ၂ စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာ၊ မြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓား ၈ ချောင်း၊ လက်ကိုင်ဖုန်း ၁ လုံး၊ တန်းစီကွင်း ၁ ကွင်းတို့နှင့် အတူ သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဝန်းကျင်တစ်ဝိုက်အား နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် သြဂုတ် ၃ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ခြေရာတော် ကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ၀ှက်ထားသော လေ့ကျင့်ရန် ပြုလုပ်ထားသည့် သစ်သားသေနတ် ၅၀၀ လက်၊ ဒီတိုနေတာ ၆ ခု၊ ပွိုင့်၅ ကျည်ခွံပုံး ၃ ပုံး၊ တဲမျိုးစုံ ၁၃ လုံး၊ ပေါက်ပြား၊ ဂေါ်ပြား ၆၀ လက်၊ သံတူးရွင်း ၄၀ လက်၊ ဓား ၅၀ ချောင်း၊ ဖုန်း ၁ လုံး၊ ဆန်နှင့် စားသောက်ဖွယ်ရာများ၊ ဆေးမျိုးစုံ ၃ အိတ်၊ အခြားအသုံးအဆောင်ပစ္စည်းမျိုးစုံတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။




Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News






0 comments:
Post a Comment