
အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း တရုတ်နိုင်ငံသားတစ်ဦးရဲ့ဇနီးဖြစ်သူကို ပြင်သစ် အစိုးရက နိုင်ငံရေး ခိုလှုံခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး၊ တရုတ် နဲ့ ပြင်သစ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ချင်း ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စကို တရားဝင် အကြောင်းကြားတာမဟုတ်သေးဘူးလို့ ပြင်သစ်ဘက်က ပြောပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလက ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာရှိတဲ့ အင်တာပိုဌာနချုပ် အကြီးအကဲ မင်းဟောင်ဝေ ဟာ တရုတ်ပြည်ကို ရုတ်တရက် ထွက်သွားခဲ့ရာက ပျောက်ဆုံးသွားခဲ့ပြီး၊ ရက်အတော်ကြာမှ သူ့ကို လာဘ်စားမှုနဲ့ဖမ်းဆီးခဲ့ပြီး တရားရုံးမှာ စစ်ဆေးနေကြောင်း တရုတ်ဘက်က ပြောဆိုခဲ့လို့ နှစ်နိုင်ငံကြား တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီနောက် ပြင်သစ်မှာ ကျန်ခဲ့တဲ့ ဇနီး နဲ့ ကလေးနှစ်ယောက်က ခိုလှုံခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။
Photo: ZAKARIA ABDELKAFI / AFP
(ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်)
RFA






0 comments:
Post a Comment