
ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက်နေတဲ့ ဟောင်ကောင်ရဲ့ အခြေအနေဟာ အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။
ဟောင်ကောင်မှာ တနင်္လာနေ့မနက်ပိုင်း လူစည်ကားချိန်အတွင်း ဆန္ဒပြသူတွေက ရထားတွေ မထွက်နိုင်အောင် ရထားတံခါးတွေ ဖွင့်ထားတာ၊ တံခါးဝင်ပေါက်တွေမှာ လဲလျောင်းပိတ်ဆို့တာတွေ ပေါ်ပေါက်ခဲ့လို့ ပို့ဆောင်ဆက်သွယ်ရေးတွေ ကြန့်ကြာသွားခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာလည်း နေရာ ခုနှစ်ခုမှာ ချီတက်ဆန္ဒပြ ခဲ့ကြပြီး၊ ရဲစခန်းတွေကိုလည်း ပိတ်ဆို့ထားခဲ့ကြပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး မစ္စ ကာရီလမ် ကတော့ - ဆန္ဒပြသူတွေဟာ ဟောင်ကောင်ရဲ့ တရားဥပဒေ စိုးမိုးမှုကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေကြတာဖြစ်ပြီး၊ မိမိတို့ ချစ်မြတ်နိုးစိတ်နဲ့ တည်ဆောက်ခဲ့ကြတဲ့ မြို့တော်ကို အန္တရာယ်ချောက်ကမ်းပါးဆီ တွန်းပို့ဖျက်ဆီးနေကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Photo: ISAAC LAWRENCE / AFP
RFA






0 comments:
Post a Comment