ကျူးကျော်များအရေးစနစ်တကျဆောင်ရွက်မည်ဆိုပါက ကျူးကျော်နေထိုင်သူများနှင့် အဓိကဆွေးနွေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview Hotel တွင် သြဂုတ်လ ၅ ရက်ကကျင်းပသည့် ရန်ကုန်မြို့ပြ ကျူးကျော်နေထိုင်သူများကို လူမှုစီးပွားရေးရူထောင့်မှကူညီပံ့ပိုးပေးခြင်းစီမံချက်များ အကောင်အထည် ဖော်နိုင်ရန်အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျူးကျော်တဲများမှာနေထိုင်သူများဟာ ၎င်းတို့နေထိုင်ရာနေရာမှာကောင်းမွန်ပြီး နေချင်စဖွယ်ဖြစ်လို့ နေနေတာတော့ မဟုတ်ပါဘူး။ လူမှုဘဝအတွက်အဆင်ပြေနိုင်ဆုံးနေရာမှာနေနေတာဖြစ်ပါတယ်။ တကယ် စနစ်တကျစီမံခန့်ခွဲပေးမယ်ဆိုရင် ကျူးကျော်နေထိုင်သူများနဲ့ အဓိကဆွေးနွေးဖို့လိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရေးအခက်အခဲဖြစ်နေသူများတွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီများတွင် အလုပ်လုပ်နေသူများ၊ လက်လုပ်လက်စားများလည်းပါဝင်ကြောင်း ၄င်းကထည့်သွင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၌ နေထိုင်သည့်ကျူးကျော်နေထိုင်သူများကို နယ်မြေအလိုက်စာရင်းကောက်ယူပြီး Smartcard ပေါင်း တစ်သိန်းခွဲခန့်ထုတ်ပေးထားကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)






0 comments:
Post a Comment