Monday, August 5, 2019

မန္တလေး တိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ NSSA ၏ စစ်ဆေး အကဲဖြတ်မှုအောင်မြင်ခဲ့သည့် ကျွမ်းကျင် လုပ်သား ၄၀၄ ဦးကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေး

Image may contain: one or more people and people standing

မန္တလေး တိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း NSSA ၏ စစ်ဆေးအကဲဖြတ်ရေး ဌာနများတွင် အလုပ်အကိုင်ရှစ်မျိုး၌ စစ်ဆေး အကဲဖြတ်အောင်မြင်ခဲ့သည့် အမျိုးသားကျွမ်းကျင်မှု အဆင့်(၁)နှင့် အဆင့်(၂) ကျွမ်းကျင်လုပ်သား အမျိုးသား ၃၇၃ ဦးနှင့် အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၄၀၄ ဦးအား အမျိုးသား အဆင့် ကျွမ်းကျင်လုပ်သား အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ကြောင်းသိရသည်။

ထို့အတူ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာနတစ်ခုနှင့် စစ်ဆေးရေး မှူးလေးဦးကို NSSA ၏ အသိအမှတ်ပြုလက်မှတ်များကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌဌာန်း ရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ ကို မန္တလေး မြို့ ကနောင်ခန်းမ၌ သြဂုတ် ၄ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’သတ်မှတ်ပြဋ္ဌဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် အမျိုးသား ကျွမ်းကျင်မှုအဆင့်များကို အဆင့် (၄) ဆင့်ခွဲခြား သတ်မှတ်ကာ ကျွမ်းကျင်မှုအဆင့်(၁)နှင့် အဆင့်(၂) တို့ကို စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှု အဆင့် (၃)နှင့် အဆင့်(၄)ကို ဆက်လက် စစ်ဆေးအကဲ ဖြတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ NSSA သည် လုပ်ငန်းခွင် စည်းကမ်း ကောင်းမွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မူဝါဒများချမှတ်ကာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ (Public, Private, Partnership) ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အနာဂတ် အလုပ်အကိုင်ပြောင်းလဲမှုနှင့်အတူ အလုပ်သမားများအတွက် နည်းပညာနှင့် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ လေ့ကျင့်မှုများနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် မှုများအတွက် မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားခဲ့သည်။
NSSA သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်ကို အရည်အသွေး အာမခံချက်ရရှိရေးအတွက် ISO 9001:2015 လက်မှတ်ကို ရယူခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုစွမ်းရည် အပြန် အလှန်အသိအမှတ်ပြုနိုင်ရေး (Mutual Recognition of Skill) ကို ILO အကူအညီဖြင့် ဆောင်ရွက် နေကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် Industrial 4.0 အတွက် ပြင်ဆင်နေပြီး နည်းပညာပြောင်းလဲမှုနှင့်အတူ Green Skill အပါအဝင် ကျွမ်းကျင်မှုဖွံ့ ဖြိုးတိုးတက်ရေးကိုပါ ပြောင်းလဲရန်လိုအပ်၍ အမျိုးသားအဆင့် လုပ်ငန်းစဉ်တွင် နယ်ပယ်အလွှာအသီးသီးမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
The Ladies News

0 comments:

Post a Comment