Monday, October 21, 2019

လာရောက်ကန်တော့ခဲ့ကြတဲ့ ဖြိုးပြည့်စုံနဲ့အောင်ထက် ကို ဆုတွေအများကြီးပေးလိုက်တဲ့ ဟေမာနေဝင်း

Image may contain: one or more people, people sitting, living room, table and indoor

အဆိုတော် ဖြိုးပြည့်စုံနဲ့ အဆိုတော် အောင်ထက်တို့ ဂီတညီအစ်ကို နှစ်ဦးဟာ ဝါရင့်အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ ဟေမာနေဝင်းကို သွားရောက် ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။

‘’ကျွန်မ အိမ်ကိုလာပြီးကန်တော့ကြတယ်။ ကို ဖြိုးပြည့်စုံနဲ့ ကိုအောင်ထက် Australia ကို သွားကြတော့ တစ်ယောက်နဲ့တစ်ယောက်မောင်နှမ သဖွယ် ကူညီဖေးမလာခဲ့ကြတဲ့ သံယောဇဉ်တွေနဲ့ အရင်ကထက် ပိုရင်းနှီးသွားကြတယ်။
ကျွန်မ ဘာဆုတွေ ပေးရမလဲမသိဘူး။ ပေးနေကျဆုတွေထက်သူတို့အတွက် ပိုပြီးပြည့်စုံတဲ့ဆုတွေ ပေးလိုက်ချင်တာ။ ကျွန်မစိတ်ထဲကနေဘဲ သူတို့ကို ပေးလိုက်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဟေမာနေဝင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဆိုတော် ဟေမာနေဝင်းရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးဆက်က ဆင်းသက်လာသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဟေမာနေဝင်းရဲ့ ဖခင်ကတော့ ရုပ်ရှင်အဖြူအမဲခေတ်မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သရုပ်ဆောင် အဆိုတော်ကြီး ကောလိပ်ဂျင် နေဝင်းဖြစ်ပါတယ်။
သူမရဲ့ အစ်ကိုကတော့ ပရိသတ်သိပြီးသား သရုပ်ဆောင် ရာဇာနေဝင်းဖြစ်ပါတယ်။ နောက်ထပ် အနုပညာ ညီမ ဝမ်းကွဲကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။
အဆိုတော် ဖြိုးပြည့်စုံကိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာအရှေ့ဘက်မှာရှိတဲ့ ကော်ဖီဆိုင်မှာ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။
သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့… မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။
Image may contain: people sitting, living room, table and indoor
Image may contain: 1 person, sitting, living room, table and indoor
<<zawgyi>>
လာရောက်ကန်တော့ခဲ့ကြတဲ့ ဖြိုးပြည့်စုံနဲ့အောင်ထက် ကို ဆုတွေအများကြီးပေးလိုက်တဲ့ ဟေမာနေဝင်း
Tuesday , October 22 , 2019

အဆိုတော် ဖြိုးပြည့်စုံနဲ့ အဆိုတော် အောင်ထက်တို့ ဂီတညီအစ်ကို နှစ်ဦးဟာ ဝါရင့်အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ ဟေမာနေဝင်းကို သွားရောက် ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။
‘’ကျွန်မ အိမ်ကိုလာပြီးကန်တော့ကြတယ်။ ကို ဖြိုးပြည့်စုံနဲ့ ကိုအောင်ထက် Australia ကို သွားကြတော့ တစ်ယောက်နဲ့တစ်ယောက်မောင်နှမ သဖွယ် ကူညီဖေးမလာခဲ့ကြတဲ့ သံယောဇဉ်တွေနဲ့ အရင်ကထက် ပိုရင်းနှီးသွားကြတယ်။
ကျွန်မ ဘာဆုတွေ ပေးရမလဲမသိဘူး။ ပေးနေကျဆုတွေထက်သူတို့အတွက် ပိုပြီးပြည့်စုံတဲ့ဆုတွေ ပေးလိုက်ချင်တာ။ ကျွန်မစိတ်ထဲကနေဘဲ သူတို့ကို ပေးလိုက်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဟေမာနေဝင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဆိုတော် ဟေမာနေဝင်းရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးဆက်က ဆင်းသက်လာသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဟေမာနေဝင်းရဲ့ ဖခင်ကတော့ ရုပ်ရှင်အဖြူအမဲခေတ်မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သရုပ်ဆောင် အဆိုတော်ကြီး ကောလိပ်ဂျင် နေဝင်းဖြစ်ပါတယ်။
သူမရဲ့ အစ်ကိုကတော့ ပရိသတ်သိပြီးသား သရုပ်ဆောင် ရာဇာနေဝင်းဖြစ်ပါတယ်။ နောက်ထပ် အနုပညာ ညီမ ဝမ်းကွဲကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။
အဆိုတော် ဖြိုးပြည့်စုံကိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာအရှေ့ဘက်မှာရှိတဲ့ ကော်ဖီဆိုင်မှာ တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။
သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့… မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။

0 comments:

Post a Comment